Monday 5 March 2012

photoshop ဖြင့် i con ပြုလုပ်ခြင်း

၁) New File တစ်ခုယူပြီး New Layer တစ်ခုခေါ်ထားပါ။ ထို Layer ပေါ်တွင် Tool Box ထဲမှ Custom Shape Tool (U) ကိုရွေးပါ။ ပြီးလျှင် Shade ထဲမှ Rounded Square Shape ကိုလိုအပ်သော Color ကိုရွေးပြီးဆွဲပါ။ ပုံမှန်လေးထောင့်ကွက် တစ်ခုကို အသုံးပြုလျှင်လည်းရပါသည်။

၂) ထို Layer ၏ Layer Style ကို Inner Glow ယူပါ (Layer Palette တွင် Layer name နောက်မှနေရာလွတ်အား Double click နှိပ်လျှင် Layer Style Dialog box ပေါ်လာပါသည်။ ၄င်း Box မှပုံတွင်ပြထားသည့်အတိုင်း Inner Glow နေရာကို Click လုပ်ပါ)



ပုံတွင်ပြထားသည့်အတိုင်း Color ကို အမည်းရောင်ပြောင်းပြီး Blending Mode ကို Normal သို့ပြောင်းပါ။ Element Size မှာ ပံ၏ Resolution ကိုလိုက်ပြီးအပြောင်းအလဲရှိနိုင်ပါသည်။ ပြီးလျှင်ပုံအတိုင်းတွေ့ရမည်။



၃) Layer Palette တွင်ထို Layer ပေါ်တွင် Ctrl ကိုဖိပြီး Click လုပ်ပါ။ Layer ၏ Boundary အတိုင်း Marquee Selection တစ်ခုရပါမည်။ ပြီးလျှင် (Select>Modify>Contract) ကိုရွေးပါ။ ဒီပုံမှာတော့ Selection ကို 25 pixels ဖြင့် Contract လုပ်ထားပါသည်။ ပုံ၏ Resolution ကိုလိုက်ပြီး Pixel အပြောင်းအလဲရှိနိုင်ပါသည်။



၎) ပြီးလျှင် (Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ဖြင့် New Layer တစ်ခုခေါ်ပါ။ Foreground Color အား white ပြောင်းပြီးထို Layer ကို Foreground to Transparent ဖြင့် Gradient Fill လုပ်ပါ။ ပုံအတိုင်းတွေ့ရမည်။



၅) ထို Marquee Selection ကို Deselect လုပ်ပါ။ ပြီးလျှင်ထို Layer ကို Opacity 75% မှာထားပြီးအပေါ်ဘက်သို့အနည်းငယ်ရွေ့ပါ။ ပုံအတိုင်း GLassy Button ကိုတွေ့ရမည်ဖြစ်သည်။



Circular Shape တစ်ခုကိုအထက်မှာဖော်ပြခဲ့သော အဆင့် ၂ မှ ၅ အတိုင်း စနစ်တကျပြုလုပ်လျှင်အောက်ပါ Glassy Button ကိုရရှိမည် ဖြစ်သည်။



ထိုနည်းတူ အခြားသော Shape များကိုလည်း Glassy Object များအဖြစ်သို့အလွယ်တကူပြောင်းလဲနိုင်ပါတယ်။ ထိုသို့ပြုလုပ်ရာတွင် ပုံ၏ Resolution အပြင် သက်ဆိုင်ရာ Layer ၏ Size ကိုလိုက်ပြီး အဆင့် (၂) Inner Glow တွင် Pixel အပြောင်းအလဲကို ညှိပေးရန်လိုအပ်ပါသည်။



Text များကို Glassy object များအဖြစ်အလွယ်တကူဖန်တီးနိုင်ပါသေးတယ်။

photoshop ဖြင့် ဓာတ်ပုံကို ပန်ချီးအဖြစ် ပြုလုပ်ခြင်း

ဒီ Tutorial ဟာ ဓာတ်ပုံတစ်ပုံကို ပိုစတာဆန်ဆန် ပန်းချီကားတစ်ချပ်အဖြစ်သို့ ပြောင်းလဲစေမယ့်သင်ခန်းစာပါ။
၁) အဲဒီအတွက် ပထမဆုံးပြောင်းလိုတဲ့ပုံကိုဖွင့်ပါ။



၂) ပြီးရင်တော့ အဲဒီ Background layer ကို Duplicate လုပ်ပါမယ်။ (Layer>Duplicate Layer) သို့မဟုတ် (Ctrl+J) ကိုနှိပ်ပါ။
၃)ပြီးရင် အဲဒီ Layer အသစ်ကို Grey Scale ပုံအဖြစ်ပြောင်းပါမယ်။ (Image>Ajdustment>Desaturate) သို့မဟုတ် (Shift +Ctrl+U) ကိုနှိပ်ပါ။



၎) အဲဒီ Gray Scale ပြောင်းထားတဲ့ Layer ကိုနောက်ထပ် Duplicate ထပ်လုပ်ပါ။ (Layer>Duplicate Layer) သို့မဟုတ် (Ctrl+J) ကိုနှိပ်ပါ။
၅) နောက်ဆုံး Duplicate လုပ်ထားတဲ့ အဲဒီ Layer ကို Blur လုပ်ပါမယ်။
(Filter>Blur>Gaussian Blur) ဖြစ်ပါတယ်။ radius ကို သင့်တော်သလိုချိန်ပါ။
ပုံရဲ့ Outline နဲ့ Detail တွေကို ခပ်ဝါးဝါးတွေ့နိုင်သေးတဲ့အထိဖြစ်ပါတယ်။
ဒီပုံကိုတော့ Radius =3 နဲ့ Gaussian Blur လုပ်ထားပါတယ်။



၆) ပြီးရင် အဲဒီ Layer ကို Invert လုပ်ပါမယ်။
(Image>Adjustment>Invert) သို့မဟုတ် (Ctrl+I) ကိုနှိပ်ပါ။ ပုံပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။



ရ) ပြီးရင်တော့ layer palette ထဲက Blending Mode ကို Normal မှ Color DOdge သို့ပြောင်းပါ။ ဒါဆိုရင် ခဲနဲ့ခြစ်ရေးထားတဲ့ Outline Sketch တစ်ခုကိုရလာပါလိမ့်မယ်။



၈) ပြီးရင် Layer palette ထဲကအောက်ဆုံး Background ကို ခဏပိတ်လိုက်ပါမယ်။ အဲဒီအတွက် မျက်လုံးပုံလေးကိုနှိပ်ပါ။



၉) ပြီးရင်အပေါ်က Layer နှစ်ခုကိုပေါင်းပါမယ်
(Layer>MergeVisible) သို့မဟုတ် (Shift+Ctrl+E) ကိုနှိပ်ပါ။ အပေါ်က Layer နှစ်ခုပေါင်းသွားတာကိုတွေ့ရပါလိမ့်မယ်။
ပြီးရင်မျက်လုံးပိတ်ထားတဲ့ Layer ကိုပြန်ဖွင့်ပါ။



၁၀) ပုံရဲ့ Outline တွေကိုခပ်ထင်းထင်းဖြစ်စေဖို့အပေါ်က Layer ကို Level တင်ပါမယ်။
(Image>Adjustment>Level) သို့မဟုတ် (Ctrl+L) ကိုခေါ်ပါ။



မိမိလိုသလောက် အတိုင်းအတာအထိ Level arrow ကိုရွေပါ။ ဒီပုံမှာတော့ Input Level ကို 100 အထိရောက်အောင် ရွေထားတယ်။ ပြီးရင်တော့ ပုံပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။



အကယ်၍ပုံကိုအရောင်မခြယ်ချင်ဘူးဆိုရင်တော့ ဒီမှာရပ်ထားလို့ရပါတယ်။
၁၁) ဒီအဆင့်မှာတော့ပုံကိုအရောင်စိုစိုလေးဖြစ်လာအောင်လုပ်ပါမယ်။
ဒီအတွက်အပေါ်ဆုံး Layer ကို Layer Mask တစ်ခုချိတ်ပါမယ်။
Layer Palette အောက်ခြေက Layer Mask ကိုနှိပ်ပါ။ ဒါမှမဟုတ် (Layer>Layer Mask>Reveal All) ကို Select လုပ်ရင်လည်းရပါတယ်။



၁၂) Layer Mask မှာခြယ်ဖို့အနားဖွာတဲ့ Normal Brush တစ်ခုကိုရွေးပါ။ Opacity ကို 50%သို့ပြောင်းပါ။ Foreground Color က Black ဖြစ်ပါတယ်။



၁၃) Layer Mask ပေါ်မှာ Brush Size ကိုအတိုးအလျှော့လုပ်ပြီး ပုံကိုအရောင်ဖြယ်ပါမယ်။ အဲလိုခြယ်တဲ့နေရာမှာ တစ်ပုံလုံးကို Brush အကြီးကြီးနဲ့ ပွတ်မခြယ်ပါနဲ့။ အင်္ကျီ၊ ဂါဝန်၊လက်၊မျက်နှာ စသည်ဖြင့်မတူတဲ့ ပစ္စည်းတွေနဲ့ မတူတဲ့အရောင်တိုင်းကို တစ်ခုချင်းစီ စိတ်ရှည်ရှည်ဖြင့်ခြယ်ပါ။ မိမိစိတ်ကူရှိသလောက် ပွတ်ခြယ်ပါ။ အကယ်၍ မှားသောနေရာကိုဖျက်လိုလျှင် Foreground color ကိုအဖြူရောင်ပြောင်းပြီး ခြယ်နိုင်ပါတယ်။ ဒါဆိုပံအတိုင်းတွေ့ရမှာပါ။



စိတ်ရှည်ပြီး စိတ်ကူကောင်းရင်တော့ အင်မတန်လှပတဲ့ပုံတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဘယ်ပန်းချီရေးလို့မမှီတဲ့ ပုံတစ်ခုဖြစ်ဖို့အတွက် မိမိရဲ့အနုပညာအမြင်ရယ် စိတ်ရှည်မှုရယ် ပေါင်းစပ်ဖို့ပဲကျန်ပါတော့တယ်။

photoshop နဲ့ Dissolve Transition ပြုလုပ်ခြင်း

အခု PhotoShop မှာ Background Layer ကိုအဖြူထားပြီး Layer1 ကိုတော့အောက်မှာမြင်ရတဲ့ ပုံလေးထားလိုက်ပါတယ်။

Layer Palette ကိုသွားပြီး Layer1 ရဲ့ Blending mode ကို Dissolve လို့ပြောင်းလိုက်ပါမယ်၊ ပုံကိုအခုနေကြည့်လိုက်ရင်တော့ ဘာမှာမထူးသေး ပါဘူး၊ ဒါပေမယ့် အဲဒီ Layer1 ရဲ့ Opacity ကို 50% လောက်ထားကြည့်လိုက်ပါမယ်။



ဒါဆိုရင်တော့ Layer1 ဟာကြည်ကြည်လင်လင် မြင်ရမှာမဟုတ်တော့ပါဘူး တချို့သော Pixel တွေဟာပျောက်သွားပြီး Background Layer ရဲ့ အဖြူရောင်ကြီးကိုတွေ့ရမှာပါ၊ Layer1 ရဲ့ Opacity နဲလေလေ Background Layer ရဲ့ဧရိယာများများပေါ်လာလေလေပါပဲ။ အဲဒီ Layer1 ရဲ့ Opacity ကိုကစားကြည့်ပါ လွယ်လွယ်သဘောပေါက်မှာပါ။



ဒီအခြေခံလေးကိုပဲ အသုံးပြုပြီးတော့ ကျွန်တော်တို့ Image Ready မှာ Animation လုပ်ကြည့်ကြမှာပါ။ အခုပေးထားတဲ့ Sample file ကို Downloadလုပ်ပြီး PhotoShop မှာဖွင့်လိုက်ရအောင်။ Background နဲ့ Layer1 ဆိုပြီး Layer နှစ်ခုပါတာကိုတွေရမှာပါ။ Layer1 ရဲ့ Blending mode ကို Dissolve ကိုရွေးလိုက်ပါမယ်၊ပြီးရင် Image Ready ကိုသွားရအောင် ( Ctrl + Shift + M )။



Image Ready ရဲ့ Animation Palette မှာ Frame တစ်ခုကတော့ Default ရှိနေမှာပါ၊ အခု New Frame နှစ်ခုအသစ်ထပ်ယူပါမယ်၊ စုစုပေါင်း ၃ ခုဖြစ်သွားပါပြီ။ Layer1 ရဲ့ Opacity တွေကိုတော့ Frame1 မှာ 0% Frame2 မှာ 100% နဲ့ Frame3 မှာ 0% အသီးသီးထားလိုက်ပါမယ်။



ဒါဆိုရင် Tween လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ Frame2 ကို Select လုပ်ပြီး Animation Palette အောက်ခြေက Tweens animation frames ဆိုတဲ့ခလုပ်လေးကိုနှိပ်လိုက်ပါမယ်၊ Setting တွေကတော့ အောက်ပါအတိုင်းပါပဲ။



ပြီးရင်နောက်ဆုံး Frame ဖြစ်တဲ့ Frame8 ကိုလဲ ဒီ Setting တွေအတိုင်းပဲ Tween လုပ်ပါဦးမယ်၊ နောက်ထပ်လုပ်စရာတစ်ခုကတော့ Frame duration ပါပဲ။ Frame1 နဲ့ Frame7 ကို 1 sec ထားပြီးကျန်တဲ့ Frame တွေကိုတော့ 0 sec ပဲထားလိုက်ပါ။ နောက်ပြီးတော့ Frame7 က Layer1 ရဲ့ Blending mode ကို Normal ထားပေးလိုက်ပါမယ်၊ ( ပုံရဲ့ ဘေးနားက Pixel လေးတွေ ထင်းသွားအောင်လို့ပါ)၊ ကျန်တဲ့ Frame တွေကတော့မပြောင်းပါဘူး Dissolve ပါပဲ။ နောက်ဆုံးအဆင့်အနေနဲ့ Optimize လုပ်လိုက်ရင် ( File>Save Optimized ) ပုံလေးကို ဒီအတိုင်းမြင်ရမှာပါ။



ဒီ Tutorial မှာ Tween ကစားတာက Opacity ကိုကစားထားတာပါ၊ ဒါပေမယ့် Blending mode မှာ Dissolve ဟာဆိုရင် Opacity ကိုလိုက်ပြီး တုန့်ပြန်မှုပေးပါတယ်။ Opacity များရင် Layer ရဲ့ Pixel area နဲနဲဟာ ပျောက်သွားပြီး အောက်မှာရှိတဲ့ Layer တွေပေါ်လာပါတယ်၊ Layer ရဲ့ Opacity နဲသွားရင်တော့ Pixel တွေဟာအများကြီးပျောက်သွားပြီး အောက်မှာရှိတဲ့ Layer တွေကိုအများကြီးမြင်လာရတာပါ။ ဒီ Opacity ကို Tween လုပ်လိုက်တော့ Dissolve Transition တစ်ခုရလာပါတော့တယ်။


အခုဆိုရင် Dissolve ကိုသုံးပြီး အောက်ပါပုံလေးကိုလည်း ဘယ်လိုဖန်တီးရမလဲဆိုတာကို သင်သိနှင့်လောက်ပါပြီ။ သင်ကိုယ်တိုင်လည်း Try ကြည့်ပါဦး။ MMphotoshop မှာ Animation သင်ခန်းစာ အတော်များများကို ရေးသားပြီးခဲ့ပါပြီ၊ ကြုံရင်လည်း ဆက်လက် ရေးသားပါဦးမယ်၊ အခုဆိုရင် သင့်ဖန်တီးမှုစွမ်းအား တွေကို Animation တွေအဖြစ် ဒီသင်ခန်းစာတွေကိုသုံးပြီး အကောင်အထည် ဖော်နိုင်လောက်ပါပြီ။



ဒီအကြောင်းကတော့ မှောင်ချင်သည့်နေရာ ရွေးမှောင်၍ လင်းချင်သည့်နေရာ ရွေးလင်းခြင်း ဖြစ်ပါတယ်။


photoshop ဆော့ဝဲကိုဖွင့်လိုက်တာနဲ့ ဘယ်ဘက်ဒေါင့်က ဘားအရှည်လေးကို toolbox လို့ခေါ်ပါတယ်။
အဲဒီပုံလေးတွေရဲ့ အပေါ်ကို မြားနဲ့ထောက်ကြည့်လိုက်ရင် tool တခုချင်းရဲ့အခေါ်အဝေါ်ကို သိနိုင်ပါတယ်။
toolbox ပုံကိုသီးသန့်မိတ်ဆက်မပေးတော့ဘူးနော်....

Using a Hidden Tool (မြင်နေရသော tool ရဲ့နောက်ကွယ်မှ ကျန်ရှိသော tool များကို အသုံးပြုခြင်း)

tool ရဲ့ညာဘက်အောက်ခြေတွင် မြှားတုံးအမဲလေးပါရှိသည့် tool တိုင်းတွင် hidden tool များရှိနေမှာဖြစ်ပါတယ်

1) hidden tool တွေကို မြင်ရဖို့အတွက် လက်ရှိမြင်နေရတဲ့ Rectangular Marquee Tool(မြားပုံလေး move tool ရဲ့အောက်က ဒုတိယမြောက် လေးထောင့်ကွက်ပုံလေး) ပေါ်မှာ pointer ကိုဖိနှိပ်လိုက်ပါ။ ပေါ်လာတဲ့ tool တွေထဲက Ellipitical Marquee (အ၀ိုင်းပုံ) ကိုရွေးပါ။

2) ရွေးမည့်ပုံပေါ်တွင် + သင်္ကေတလေးပေါ်လာပါက coin ထိပ်နားမှ ထောင့်ဖြတ်ဆွဲချပြီး select လုပ်လိုက်ပါ။ ဒီလိုလေးပေါ့

coin ရဲ့ size အတိုင်းအတိအကျ မဆွဲနိုင်ပါက mouse ကိုမလွှတ်သေးဘဲ space ကိုနှိပ်ပြီး နေရာပြန်ရွေ့လိုက်ပါ။ အစွန်းတဖက်နဲ့ကွက်တိဖြစ်သွားမှ space ကိုလွှတ်ပြီး ထောင့်ဖြတ်ဆက်ဆွဲပေးပါ။
3) coin ကိုတိကျစွာရွေးပြီးပါက Select menu ထဲမှ Inverse ကိုရွေးပါ။ kyeboard shortcut > Ctrl+Shift+I

အဲဒါကတော့ coin မပါဘဲ နောက်ခံကိုရွေးလိုက်တဲ့အနေအထားဖြစ်ပါတယ်။ ပထမ coin ကိုရွေးတယ်...
Inverse ပြောင်းပြန်လုပ်လိုက်တော့ coin မဟုတ်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ background ကိုရွေးသွားတယ်...အဲလိုမျိုးလုပ်လိုက်တာပါ။

4) အလင်းအမှောင်ချိန်ရန်အတွက် Image menu >Adjustments>Curves ကိုရွေးလိုက်ပါ။ ပေါ်လာတဲ့ box ရဲ့ညာဘက်အပေါ်က အစက်လေးကို အောက်ကိုဖိဆွဲချလိုက်ပါ။ Output ဆိုတဲ့အကွက်မှာ 150 ဖြစ်တဲ့ထိဆိုရင် လုပ်ခိုင်းတဲ့ပုံအတိုင်း မှိန်ကျသွားတာကို တွေ့ရပါမယ်။

5) selection တွေပျောက်ချင်ရင် Select > Deselect ကိုရွေးပေးပါ။ shortcut > Ctrl+D
ဒါဆိုရင် ဒင်္ဂါးတခုထဲ ကွက်လင်းနေတဲ့ ပုံကို ပြုလုပ်ပြီးဖြစ်ပါတယ်။


photoshop ဖြင့် မျက်စိ၊ နှာခေါင်း နှင့် ပါးစပ်မပါတဲ့ ခေါင်း ပြုလုပ်ခြင်း

အောက်ကပုံမျိုးကို လုပ်တာကို ပြောပြပေးမှာဖြစ်ပါတယ်။ မျက်နှာမှာ ဘာမှ မရှိတာလိုမျိုးပေါ့။

Without Face: Photoshop Cheating

လောလောဆယ်တော့ ဒီနေရာ က ပုံကို အရင်သွားယူလိုက်ပါဦး။

ကဲ စရအောင်…..

Lasso Tool ကို သုံးပြီး အောက်ပါအတိုင်းလုပ်လိုက်ပါ။


Without Face: Photoshop Cheating 01

ပြီးလျှင် Ctrl+J ကိုနှိပ်ပြီး Duplicate လုပ်လိုက်ပါ။ အဲဒီ Duplicate Layer ကို Move Tool သုံးပြီး အပေါ်ကို နည်းနည်းရွှေ့လိုက်ပါ။ နှုတ်ခမ်းကို ဖုံးအောင်ပေါ့။ CTRL ဖိထားပြီး ရွှေ့လို့လည်း ရပါတယ်။ အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

Without Face: Photoshop Cheating 02

ပြီးရင် အဲဒီ Layer မှာပဲ Eraser Tool ကို သုံးပြီး အနားသတ်တွေကို ညီအောင် ဖျက်ပေးလိုက်ပါ။ အဲဒီအခါမှာ လိုအပ်တဲ့ Oppcity တွေ ကိုတော့ ညှိပေးရမှာ ဖြစ်ပါတယ်။


Without Face: Photoshop Cheating 03

Ok, ဒီတစ်ခါ Brush Tool (Brush: 150 px, Range: Midtones: Exposure : 20%) ကိုသုံးပြီး အသားကို လိုက်ညှိပေးလိုက်ပါ။


Without Face: Photoshop Cheating 04

Layer နှစ်ခုကို ပေါင်းလိုက်ပြီး Clone Stamp Tool (Brush: 40 px, Opacity: 50%) ကို သုံးပြီး အသားလိုက်ညှိပေးလိုက်ပါဦးနော်။


Without Face: Photoshop Cheating 05

Sharpen Tool ကို သုံးပြီး Sharp နည်းနည်းတင်ပေးလိုက်ပါ။


Without Face: Photoshop Cheating 06

Ok, နောက်တစ်ရာကို သွားရအောင်။ Lasso Tool ကို အောက်ပါအတိုင်းသုံးပြီး Select လုပ်လိုက်ပါဦး။


Without Face: Photoshop Cheating 07

အပေါ်မှာ ဖေါ်ပြထားတဲ့အတိုင်းပဲ Ctrl + J ကို နှိပ်ပြီး Layer ကို Duplicate လုပ်ပြီး အပေါ်မှာ ဖေါ်ပြထားသလို ပဲ မျက်လုံးပေါ်ရောက်အောင် ရွှေ့လိုက်ပါဦး။


Without Face: Photoshop Cheating 08

အဲဒီ Layer ကိုလည်း ခဲဖျက်လေးသုံးပြီး ဖျက်လိုက်နော်။

Without Face: Photoshop Cheating 09

လေယာကို ပေါင်းပြီး Clone Stamp နဲ့ အသားတွေ ထပ်ညှိလိုက်ပါဦး

Without Face: Photoshop Cheating 01

နောက် ထုံးစံအတိုင်း Sharpen Tool ကိုသုံးပြီး နည်းနည်းတင်ပေးလိုက်ပေါ့။


Without Face: Photoshop Cheating 11

Ok, နောက် ဒီနည်းအတိုင်းပဲ နောက်မျက်လုံး တစ်ခုကို အုပ်လိုက်ကြရအောင်။

Without Face: Photoshop Cheating 12

Ctrl+J နဲ့ duplicate လုပ်ပြီး နောက်မျက်လုံးတစ်ဖက်ကို အုပ်မယ်နော်။


Without Face: Photoshop Cheating 13

Eraser Tool နဲ့ ဖျက်မယ်နော်။


Without Face: Photoshop Cheating 14

ကျန်နေတဲ့ မျက်လုံးတစ်ဖက်က အစွန်းစ လေးကိုလည်း အပေါ်က အတိုင်းလုပ်လိုက်ကြရအောင်။

Without Face: Photoshop Cheating 15

လေယာတွေ အားလုံးကို ပေါင်းပြီး Clone Stamp နဲ့ အသားတွေ လိုက်ညှိပေးရအောင်။Without Face: Photoshop Cheating 17

Sharpen Tool နဲ့ Sharp နည်းနည်းလောက်တင်လိုက်ပါဦး

Without Face: Photoshop Cheating 18

ဒီတစ်ခါတော့ နှာခေါင်းပေါက် အလှည့်ပါပဲ။ သူ့ကိုလည်း အထက်ပါအတိုင်းလိုက်လုပ်ကြည့်လိုက်ပါနော်။

Without Face: Photoshop Cheating 19

Dodge Tool (Brush: 70 px, Range: Midtones, Exposure: 20%) ကို သုံးပြီး နှာတံပေါ်အောင် ဆွဲလိုက်ရအောင်။

Without Face: Photoshop Cheating 20

နောက်ဆုံးတော့ ကျနော်တို့ ဒီပုံကို ရသွားတာပါပဲ။

Without Face: Photoshop Cheating 21