Showing posts with label photo ဒီဇိုင်း. Show all posts
Showing posts with label photo ဒီဇိုင်း. Show all posts

Friday, 2 March 2012

Photoshop CS3 သင်ခန်းစာ အခန်း – ၂

အခန်း – (၂)

ဖိုင်များဖွင့်ခြင်း နှင့် သိမ်းဆည်းခြင်း

Photoshop ဟာ File Format အမျိုးအစား တော်တော်များများကို လက်ခံဆောင်ရွက်ပေးနိုင်ပါတယ်။ အကယ်၍သင့်မှာ Scanner , Digital Camera တို့ရှိမယ်ဆိုရင် Photoshop ဖြင့် ၄င်းတို့မှပုံများကို တိုက်ရိုက်ဖွင့်ယူ ပြုပြင်နိုင်ပါတယ်။ CD-Rom မှပုံများ၊ အင်တာနက်မှပုံများကိုလည်း Photoshop ဖြင့်ဖွင့်ယူအသုံးပြုနိုင်ပါတယ်။ ဒီအခန်းမှာ ဖိုင်တွေဘယ်လိုသိမ်းယူမလဲဆိုတာ အဓိကဖော်ပြပေးသွားပါမယ်။ အကယ်၍ သင်ဟာဖိုင်တွေသိမ်းဆည်းပုံ နားမလည်လျှင် သင်လုပ်ဆောင်သမျှအားလုံး အရာမထင်ဖြစ်သွားပါလိမ့်မယ်။


Photoshop ဖြင့် File Format အတော်များများကို ဖွင့်နိုင် ၊ သိမ်းဆည်းနိုင်ပါတယ်။ Formats ဆိုတာကတော့ ဖိုင်တွေသိမ်းဆည်းရာမှာ အသုံးပြုတဲ့ စီစဉ်ဖွဲ့စည်းမှုပုံစံပါပဲ။ Window တွေမှာတော့ File Format တွေကို စာလုံး(အက္ခရာ) သုံးလုံးပေး၍ခွဲခြားထားပါတယ်။ ဥပမာ Word Processing Document ကို .doc ၊ Bitmapped Graphic ကို .bmp အစရှိသဖြင့်ဖိုင်အမျိုးအစားကို ခွဲခြားထားပါတယ်။


Photoshop မှာအသုံးအပြုများတဲ့ File Format ကတော့ Photoshop ရဲ့ ကိုယ်ပိုင် Format ဖြစ်တဲ့ .psd ပါပဲ။ ၄င်း Format ကို Photoshop မှာ ပြန်လည်အသုံးပြုနိုင်ပေမယ့် အခြား Application တွေမှာဖွင့်မယ်ဆိုရင်တော့
ပြဿနာ တတ်နိုင်ပါတယ်။ ဒါကြောင့် ဖိုင်တွေသိမ်းရာမှာ တခြား Application တွေမှာအသုံးပြုဖို့လား၊ Print ထုတ်ဖို့လား၊ Website အတွက်လား စသည်ဖြင့် ကိုယ်အသုံးပြုမယ့် အကြောင်းအရာပေါ်မူတည်ပြီး အမျိုးအစားရွေးဖို့ လိုပါတယ်။


နောက်ထပ် Large Document Format (.psb) ဆိုတဲ့ Format ကိုတော့ Photoshop CS မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ အလွန်ကြီးမားတဲ့ ဖိုင်တွေကိုသိမ်းဆည်းရာမှာ အသုံးပြုပါတယ်။ ၄င်း Format ကိုလည်း Photoshop မှာသာအသုံးပြုနိုင်ပါတယ်။ အခု Photoshop မှာအသုံးများတဲ့ ဖိုင်အမျိုးအစားအချို့ကို လေ့လာကြည့်ရအောင်။


♦ Bitmap (.bmp)



Windows ရဲ့ standard graphics file format တစ်ခုပါ။ ရုပ်ပုံများကို အဖြုရောင်နှင့်အမဲရောင် Pixel ဖြင့်သာပါဝင်ဖွဲ့စည်းထားပါတယ်။


♦ Camera Raw
Digital Cameras များရဲပြုပြင်ပြောင်းလဲထားခြင်းမပြုရသေးတဲ့ မူလ Format ပါ။ Photoshop မှာ Camera Raw ဖိုင်ပုံတွေရဲ့အရောင်တွေကိုပြုပြင်မွမ်းမံခြင်း၊Focus တွေကို ထင်ရှားပြတ်သားလာအောင်နှင့် တစ်ခြားပြုပြင်ခြင်းများကို တစ်ပုံပြီးတစ်ပုံ ပြုပြင်နိုင်ပါတယ်။ Digital Camera တော်တော်များမှာတော့ jpeg format ထုတ်ပေးတာများပါတယ်။ Professional ဓါတ်ပုံဆရာတွေသာ Camera Raw ကိုသုံးကြသာများပါတယ်။ Camera အမျိုးစားပေါ်မူတည်၍ ဖိုင် extension နာမည်မတူညီနိုင်ပါ။ Adobe ကထုတ်တဲ့ Light Room ကတော့ Professional ဓါတ်ပုံဆရာတွေအတွက် အသုံးဝင်တဲ့ Software ကောင်းလေးတစ်ခုပေါ့။



♦ GIF (.gif) Graphics Interchange Format
ဖိုင်တွေကိုချုံ့ပေးတဲ့ အမျိုးအစားဖြစ်တာကြောင့် Website တွေမှာအများဆုံးအသုံးပြုကြပါတယ်။ ဖိုင်ဆိုဒ်ကျုံ့သွားတဲ့အတွက် Website တွေပေါ်တင်ပို့ရာမှာ အချိန်ကုန် သက်သာစေပါတယ်။


♦ JPEG (.jpg) Joint Photographic Experts Group
Web publishing တွေမှာ နောက်ထပ်ပေါ်ပြူလာဖြစ်တဲ့ Format တစ်ခုပါ။ ယခုလက်ရှိမှာတော့ အသုံးအများဆုံး Format ပေါ့။


♦ PDF (.pdf) Portable Document Format
Adobe Acrobat’s ရဲ့ stands တစ်ခုပါ။ e-book တွေပြုလုပ်ရာမှာအများဆုံးတွေ့ရပြီး Platform မရွေးအသုံးပြုနိုင်ပါတယ်။ pdf ဖိုင်ဖွင့်ဖို့အတွက်တော့ Adobe Reader သို့မဟုတ် Foxit Reader လို Software တော့လိုအပ်ပါတယ်။ ဒါပေမယ့် ၄င်းဆော့ဝဲ တွေကို အင်တာနက်မှာ အခမဲ့ ရယူနိုင်ပါတယ်။


♦ PNG (.png) Portable Network Graphic
Web Graphic အတွက် GIF ရဲ့ ကောင်းမွန်တဲ့ဖိုင်ဆိုဒ်ချုံ့ခြင်း နဲ့ JPEG ရဲ့ အရောင်အသွေးစုံလင်မှု နှစ်မျိုးကို ပေါင်းစပ်ထားတဲ့ Format အသစ်ပါ။ ထူးခြားချက်တစ်ခုကတော့ Transparency ပါတဲ့ပုံကိုသိမ်းဆည်းနိုင်ပြီး အလိုအလျောက်
အရောင်ပြုပြင်ပေးနိုင်ပါတယ်။ Browsers အဟောင်းတွေကိုတော့ support မလုပ်ပါ။


♦ TIFF (.tif) Tagged Image File Format
Tiff ဖိုင်တွေကိုတော့ desktop publishing applications ( ဥပမာ InDesign, QuarkXPress ) တွေမှာ အသုံးများကြပါတယ်။ Tiff ဖိုင်တွေသိမ်းဆည်းရာမှာ Layer များပါသိမ်း/မသိမ်းရွေးချယ်နိုင်ပါတယ်။ Layer များပါထည့်သိမ်းထား
မည်ဆိုပါက ၄င်းဖိုင်သည် desktop publishing programs အားလုံးတွင် သဟဇာတ ဖြစ်မည်မဟုတ်ပါ။


♦ EPS (.eps) Encapsulated PostScript
ဒါလဲ desktop publishing မှာအသုံးများတဲ့ Format တစ်ခုပဲ။ High-quality ပရင့်တာတွေအတွက် သုံးပါတယ်။ Macintosh ရော PC မှာပါအသုံးပြုနိုင်ပါတယ်။


♦ Raw (usually .raw)

ဒီ Format ကတော့ ဓာတ်ပုံတွေရဲ့ အချက်အလက်တွေကိုပါ သိမ်းဆည်းပေးပါတယ်။ ဖိုင်တွေကို application များ ၊ ဒစ်ဂျစ်တယ် ကင်မရာကဲ့သို့ device များနှင့် ကွန်ပျူတာ Platforms တွေကြား ပြောင်းရွေ့ရာတွင် flexible အဖြစ်ဆုံး Format ပါ။ အပေါ်က Camera Raw နှင့် မတူပါ။


အထက်ပါဖိုင် Format များအပြင် အသုံးနည်းသော Targa , Scitex CT နှင့် အခြားဖိုင် Format များကိုလည်း Save as dialog boxes တွင်တွေ့နိုင်ပါသည်။



ဖိုင်များဖွင့်ခြင်း


Photoshop မှာဖိုင်တွေဖွင့်တာဟာ တစ်ခြား Application ဖွင့်သလိုပဲလွယ်ကူပါတယ်။ ပုံပေါင်းများစွာကို ကွန်ပျူတာ memory ကလက်ခံနိုင်သလောက် တစ်ပြိုင်နက်ထဲ ဖွင့်ယူနိုင်ပါတယ်။ အကယ်၍ Photoshop မဖွင့်သေးခင်ဖိုင်တစ်ဖိုင်ဟာ
Photoshop လက်ခံနိုင်သောဖိုင်အမျိုးအစားဖြစ်ပါက(ဥပမာ psd ဖိုင်) ၄င်းဖိုင်ကို Double-Click နှိပ်၍ တိုက်ရိုက်ဖွင့်ယူ နိုင်ပါတယ်။ Photoshop ဖွင့်ထားစဉ်အတွင်းလည်း ဖိုင်ပေါ် Double-Click နှိပ်၍ဖွင့်နိုင်သလို File>Open ဖြင့်လည်း ရွေးချယ်
ဖွင့်ယူနိုင်ပါတယ်။ Photoshop လက်ခံနိုင်သောဖိုင်ကို Photoshop CS3 icon ပေါ် drag and drop ပြုလုပ်၍လည်း ဖွင့်ယူနိုင်ပါတယ်။


File>Open ဖြင့်ဖွင့်သောအခါ Photoshop ရဲ့ Open dialog box ကို တွေ့မြင်ရမှာဖြစ်ပြီး မည်သည့်ဖိုင် Format ဖွင့်ယူနိုင်တယ်ဆိုတာကိုပါတွေ့ရမှာပါ။ သင်ရွေးထားသော ပုံကိုလည်း အောက်ခြေတွင် Preview အနေဖြင့်တွေ့နိုင်ပါတယ်။
Photoshop ရဲ့ Open dialog box ကို shortcut key Ctrl + O သုံး၍ဖွင့်နိုင်သလို screen ပေါ် Double-Click နှိပ်၍လည်းဖွင့်နိုင်ပါတယ်။



Bridge ကိုအသုံးပြုခြင်း


အကယ်၍ သင့်မှာ ဂရပ်ဖစ်ဖိုင်အနည်းငယ်သာရှိမယ် ပြီးတော့ စနစ်တစ်ကျ သိမ်းထားမယ်ဆိုရင်တော့ ဖိုင်တွေကိုပြန်ရှာရာမှာ အခက်အခဲမရှိပါ။ ကျွန်တော့လိုမျိုး ဖိုင်တွေဟာ နေရာအနှံမှာပြန့်နေမယ် ၊ ဖိုင်သိမ်းရာမှာလည်း နာမည်အမျိုးမျိုး
နံပါတ်အမျိုးမျိုး (ဥပမာ ကင်မရာက random number) တွေပေးထားမယ်ဆိုရင်တော့ ဖိုင်တွေကိုပြန်ရှာရာမှာ အခက်အခဲရှိနိုင်ပါတယ်။ ဒီအခက်အခဲကို Photoshop CS3 ရဲ့ Bridge ကကူညီပေးနိုင်ပါတယ်။ သင့်ရဲ image အားလုံးကို Preview အနေဖြင့်ကြည့်မလား၊ အမျိုးအစားတွေခွဲထားမလား ၊ လိုချင်သော image ကိုပြန်ရှာမလား ၊ ဖိုင်တွေရဲ့ သတင်းအချက်အလက်တွေကို ဖတ်မလား အစရှိသည်တို့ကို Bridge က လုပ်ဆောင်ပေးနိုင်ပါတယ်။ Bridge ရဲ့ Metadata tab မှာ ကင်မရာက ဘာ lens နှင့် shutter settings ကိုအသုံးပြုခဲ့လဲ၊ Flash သုံးထားလား မသုံးထားလား ၊ ဘယ်အချိန်၊ဘယ်မိနစ်၊ဘယ်စက္ကန့်မှာ ရိုက်ထားသလဲ ဆိုတာ ဖော်ပြပေးနိုင်သလို ယခုအထူးပြုလုပ်ထားတဲ့ GPS စနစ်ပါ Digital Camera
နှင့်ရိုက်ထားပါက ဘယ်နေရာမှာရိုက်ကူးခဲ့တယ် ဆိုတာကိုပါဖော်ပြပေးနိုင်ပါတယ်။


ဖိုင်တွေကို Importing လုပ်မယ်


Import ကတော့ သင့် Hard Drive မှမဟုတ်ပဲ သီးခြား Drive (ဥပမာ scanner,digital camera ) တို့မှဖိုင်များဖွင့်ရာတွင်သုံးပါသည်။ Digital Camera တော်တော်များများမှ ဓာတ်ပုံများကို Photoshop မှတိုက်ရိုက် Import ယူနိုင်ပါတယ်။ Bridge ကိုသုံး၍ Camera မှ Import လုပ်ခြင်းသည် အလွယ်ကူဆုံးနည်းလမ်း ဖြစ်ပါတယ်။


ပထမ Bridge ကိုဖွင့်၍ File>Get Photos from Camera ကိုရွေးပါ။ Photo Downloader dialog box ပေါ်လာသောအခါ သင့်ကင်မရာနှင့် ဓာတ်ပုံတည်နေရာ ကိုရွေး၍ Get Photos ကို Click နှိပ်ပါ။ ဒါဆို Photoshop က ဓာတ်ပုံများကို သင့် Hard drive ပေါ်တွင် New Folder ဖြင့် Copy ကုးပေးပါလိမ့်မယ်။ နောက်ထပ် Photoshop မှ Video ဖိုင်တွေကို Import လုပ်ပြီး Video Frames မှ Layer အဖြစ်သို့ ပြောင်းလဲနိုင်ပါသေးတယ်။ File>Import>Video Frames to Layers ကိုရွေး၍ ဖွင့်လိုသော ဖိုင်ကိုဖွင့်ပါ။ Import Video to Layers dialog box မှာရှိတဲ့ slider bar ဖြင့် import လုပ်လိုသော frames range ကိုရွေးပြီး OK နှိပ်ပါ။ (Shift ခလုပ်ဖိ၍ ကိုလိုချင်သောအပိုင်းကိုရွေးယူနိုင်ပါတယ်) Photoshop မှ Frames တွေကို လေယာအဖြစ်ခွဲထုတ်ပေးပါလိမ့်မည်။



ဖိုင်တွေကိုသိမ်းဆည်းမယ်


ဖိုင်တွေကို Save လုပ်ခြင်းဟာသင့်အတွက်အရမ်းအရေးကြီးတဲ့အလုပ် ဖြစ်တာမို့ မကြာခဏ Save လုပ်ပေးပါ။ ကွန်ပျူတာဟာ မမျှော်လင့်ပဲ Shutdowns ဖြစ်ခြင်း၊ Errors တတ်ခြင်းများ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ Save လုပ်ချိန် စက္ကန့်အနည်းငယ်
ပေးရုံဖြင့် ကွန်ပျူတာ Shutdowns ကျခဲ့သည်ရှိသော် လုပ်ပြီသားအလုပ်ကိုပြန်လုပ်ရခြင်း မှကင်းဝေးနိုင်မှာပါ။


ပထမဦးဆုံးအကြိမ် Save လုပ်မယ်ဆိုရင်ပုံမှာပြထားသည့်အတိုင်း Save As dialog box ကိုမြင်တွေ့ရမှာပါ။



File Name နေရာမှာ ကိုပေးချင်တဲ့နာမည်ပေး၊ Format နေရာမှာ သင့်လျှော်သော Format ကိုရွေးချယ်၍ Save ခလုပ်နှိပ်ပြီးသိမ်းနိုင်ပါတယ်။ Photoshop မှာကျွန်တော်တို့ရင်းနှီးပြီးသား Save နဲ့ Save As အပြင် Save a Copy command အပိုတစ်ခုပါရှိပါသေးတယ်။


၎င်းကို Save As dialog box မှာရှိတဲ့ As a Copy ကို ရွေး၍ အသုံးပြုနိုင်ပါတယ်။ Save a Copy ကတော့ Save as ကဲ့သို့ နာမည်အသစ်၊နေရာအသစ် နှင့်သိမ်းပေးရမှာပါ။ ၄င်းနှစ်ခုကွာခြားချက်ကတော့ Save As အသုံးပြုပြီးသွားလျှင် သင်လုပ်နေတဲ့ဖိုင်ဟာ သင်သိမ်းလိုက်သောဖိုင်အသစ်သို့ ပြောင်းသွားပါလိမ့်မယ်။ Sava a Copy ကိုသုံးရင်တော့ ဖိုင်ကို Copy အဖြစ်နှင့်သာသိမ်းပြီး လက်ရှိလုပ်နေသောဖိုင်မှာ မူရင်းဖိုင်အဖြစ်သာ တည်ရှိနေပါလိမ့်မည်။ ပိုပြီးရှင်းသွားအောင် ဥပမာတစ်ခုပြောပြမယ်။ ယခုလက်ရှိဖွင့်ထားတဲ့ဖိုင်နာမည်ကမောင်မောင်ဆိုပါစို့။ ကျွန်တော်တို့က Save/Save as အသုံးပြုပြီး မောင်လှ လို့အမည်ပေးပြီး သိမ်းလိုက်မယ်ဆိုရင် ယခုလက်ရှိဖွင့်ထားတဲ့ မောင်မောင်ဖိုင်ဟာပျောက်ဆုံးပြီး မောင်လှဖိုင်အဖြစ် ပြောင်းသွားပါလိမ့်မယ်။ အကယ်၍ Save a Copy ကိုသုံးမယ်ဆိုရင်တော့ မောင်လှဖိုင်ကို Copy အဖြစ်သိမ်းထားပြီး ယခုလက်ရှိဖိုင်ကတော့ မောင်မောင်ဖိုင်အဖြစ် တည်ရှိနေမှာပါ။ Save a Copy ကိုအထူးသဖြင့် Color တွေကိုအတိုးအလျှော့ ပြောင်းလဲမှုများများပြုလုပ်ရာတွင် ၄င်း၊ဖိုင် Format ပြောင်း၍ သိမ်းသောအခါတွင်၎င်း Backup copy အဖြစ်အသုံးပြုကြပါတယ်။


နောက်ဆုံး Save option ကတော့ File menu အောက်က Save for Web & Devices ပါပဲ။ ၄င်းမှာ Websites ၊ Cell phones နှင့် Handheld organizers တွေအတွက် image တွေကို optimize လုပ်ဖို့ setting တွေပါဝင်ပါတယ်။
ဥပမာ JPEG ဖိုင်အရွယ်အစားနှင့် အရည်အသွေးကို ချုံ့နိုင်မယ့် ပမာဏအမျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်။



Reducing File Size (ဖိုင်အရွယ်အစားလျှော့ခြင်း)


အလုပ်အသစ်လုပ်တိုင်း Photoshop ဖိုင်ဖြင့်သာသိမ်းထားမယ်ဆိုရင် သင့် Hard drive ဟာစတင်ပြည့်လာပါလိမ့်မယ်။ Photoshop ဖိုင်ဆိုဒ်ဟာလျှင့်မြန်စွာကြီးထွားလာနိုင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် Photoshop ဖိုင်ဟာ အရွယ်အစားကြီးပါတယ်။
သင့်ဖိုင်တွေကိုသေးအောင်လုပ်ဖို့နည်းလမ်းအချို့ရှိပါတယ်။


☺ Resolution သို့မဟုတ် image အရွယ်ကိုလျှော့ခြင်း

☺ Image palette မှာရှိတဲ့ အရောင်အရေအတွက်ကိုလျှော့ခြင်း

☺ ဖိုင်ကိုချုံ့စေတဲ့ Format ကိုအသုံးပြုခြင်း

☺ သိမ်းထားပြီးသောဖိုင်များကို compression utility သုံး၍လျှော့ချခြင်း

☺ Photoshop မူရင်းဖိုင်အတွင်းမှာရှိတဲ့ Layer များအားပေါင်းခြင်း

☺ အသုံးမလိုတဲ့ alpha channels များအားဖျတ်ပစ်ခြင်း


☺ Resolution သို့မဟုတ် image အရွယ်ကိုလျှော့ခြင်း


Image တွေကို Print ထုတ်ဖို့ဆိုရင်တော့ Resolution လျှော့ချတာဟာ ကောင်းတဲ့ Idea မဟုတ်ပါဘူး။ အကယ်၍ပုံတွေကို ကွန်ပျူတာပေါ်နှင့် Web ပေါ်မှာပဲကြည့်ဖို့ဆိုရင်တော့ Resolution ကို 72 ppi အထိလျှော့ချနိုင်ပါတယ်။ အကယ်၍ Resolution ကိုပြန်တိုး
မယ်ဆိုရင်တော့ပုံရဲ့အရည်အသွေးလျှော့ကျသွားမယ်ဆိုတာသတိပြုပါ။ Resolution ပြောင်းချင်ရင်တော့ Image>Image size ရဲ့ dialog box မှာပြောင်းနိုင်ပါတယ်။ Resolution ကို အနည်းဆုံး 72 ppi ထက်တော့မလျှော့နည်းပါစေနှင့်။


☺ Image palette မှာရှိတဲ့ အရောင်အရေအတွက်ကိုလျှော့ခြင်း


အရောင်အရေအတွက်ကိုလျှော့တယ်ဆိုတာကတော့ Bit depth ကိုလျှော့ပစ်တာဖြစ်ပါတယ်။ ၄င်းကိုလျှော့ခြင်းအားဖြင့် အရောင်တွေကို မြင်ကွင်းပေါ်နှင့် Print ပေါ်တွင် အစွန်းကွက်ကဲ့သို့ဖြစ်ပေါ်စေပါတယ်။ အကယ်၍သင့်ဓာတ်ပုံဟာ Color ပုံမဟုတ်ဘူးဆိုရင်တော့ Image Mode submenu မှာရှိတဲ့ Grayscale ကိုရွေးခြင်းအားဖြင့် Bit depth ကို 8 bits သို့လျှော့ချပေးပါလိမ့်မယ်။ ၄င်းမှာ gray ပုံသဏ္ဌန် 256 ခုပါဝင်ပြီး Printer print ထုတ်နိုင်တာထက်ပိုများပါတယ်။


☺ ဖိုင်ကိုချုံ့စေတဲ့ Format ကိုအသုံးပြုခြင်း


ဖိုင်ကိုချုံ့စေတဲ့ Format ကိုအသုံးပြုခြင်းဆိုတာကတော့ဖိုင်သိမ်းတဲ့အခါမှာ ဥပမာ TIFF ကို LZW compression သုံးပြီးသိမ်းတာကိုပြောတာပါ။ ၄င်းဟာ ဖိုင်သိမ်းတဲ့အခါမှာ ဖိုင်ကိုအသေးငယ်ဆုံးဖြစ်အောင် အလိုအလျှောက် လုပ်ဆောင်ပေးပါတယ်။ ပုံများအရေအသွေးကျသွားခြင်း၊ အစွန်းအကွက်များထခြင်းမရှိ၍ ၄င်းကို Lossless compression လို့ခေါ်ပါတယ်။ LZW compression( Lempel,Ziv,Welch) ကို GIF နှင့် PDF Format တွေမှာလည်းအသုံးပြုနိုင်ပါတယ်။


နောက်ထပ်ဖိုင်ကိုချုံ့စေတဲ့ Format ကတော့ JPEG ပါပဲ။ ၄င်းက lossy compression ကိုသုံးပါတယ်။ Lossy ဆိုတဲ့အတိုင်း ပုံတွေကို Compression ပြုလုပ်ရာမှာ data အချို့ကိုပျောက်ဆုံးစေပါတယ်။ အကယ်၍ ကောင်ကင်ပြာပုံတစ်ပုံကို TIFF နဲ့သိမ်းရင် အပြာရောင် shades 20 ပါတယ်ဆိုရင် ၄င်းကို JPEG နဲ့သိမ်းမယ်ဆိုရင် အပြာရောင် shades 5 ခုသာလျှင်ပါဝင်မှာပါ။ အကယ်၍ သင့်ရဲ့ပုံတွေကို Web ပေါ်မှာ၊ multimedia presentation တွေမှာသုံးဖို့အတွက် နှင့် Upload Time သို့မဟုတ် Storage Space အကန့်အသက်ရှိတဲ့ အခြေအနေမျိုးမှာ Compression လုပ်ရန်လိုအပ်လာပြီဆိုရင်တော့ JPEG ကိုပဲသုံးရတော့မှာပေါ့။ JPEG ဖိုင်ကတော့ တတ်နိုင်သလောက်အနည်းဆုံးပမာဏဖြင့် disk space ပေါ်မှာနေရာယူပါလိမ့်မယ်။


တစ်ချက်မှတ်ထားစရာတစ်ခုကတော့ JPEG ပုံကိုဒုတိယအကြိမ် JPEG အဖြစ်နဲ့ပြန်သိမ်းမယ်ဆိုရင်တော့ ၄င်းဟာ ထပ်ပြီး Compress လုပ်မှာဖြစ်တဲ့အတွက် Information တွေပိုပြီးဆုံးရှံးမှာပါ။ အကြိမ်များစွာပြုလုပ်မိမယ်ဆိုရင်တော့ သင့်ပုံဟာနောက်ဆုံးမှာ သုံးမရအောင်ပျက်ဆီးသွားပါလိမ့်မယ်။ အကယ်၍သင့်ဖိုင်တွေကို ရေရှည်အသုံးပြုရန် ရည်ရွယ်ထားရင်တော့ Photoshopဖိုင်(.psd)အဖြစ်နဲ့သိမ်းပါ။ ဒါမှသင်လိုချင်တဲ့ Format မျိုးစုံကို အချိန်မရွေး ပြန်လည်ထုတ်ယူနိုင်မှာပါ။


Photoshop ဖိုင်ကနေရာယူလို့ချုံ့ပစ်ချင်တယ်ဆိုရင် Win Rar သို့မဟုတ် Win Zip လို File compression utilities တွေကိုအသုံးပြုနိုင်ပါတယ်။ ၄င်း File compression utilities တွေအားလုံးဟာ Lossless compression ဖြစ်ပြီး ပုံတွေကို ၂၀% ကနေ ၅၀% အထိ နေရာမရွေး အသေးဆုံးအနေအထားထိရောက်အောင် ချုံ့ပေးနိုင်ပါတယ်။ JPEG နှင့် GIF လိုဖိုင်မျိုးကို Compress လုပ်ရင်တော့သိပ်မထူးခြားပါ။ ဘာကြောင့်လဲဆိုတော့ ၄င်းဖိုင်တွေက Compress လုပ်ပြီးသား ဖြစ်နေလို့ပါပဲ။


(အကယ်၍သင့်မှာ Storage space အခက်အခဲမရှိဘူးဆိုရင်တော့ ဖိုင်တွေကိုမချုံ့ပဲ ဒီအတိုင်းထားတာပိုကောင်းပါတယ်)


Format တစ်ခုအားရွေးချယ်ခြင်း
ဖိုင် Format တွေအများကြီးရှိတဲ့ထဲက ဘယ်တစ်ခုကိုသုံးရမလဲလို့ဆုံးဖြတ်ချက်ခက်နေလား ? တစ်ကယ်တော့သိပ်မခက်ခဲလှပါဘူး ။ အကယ်၍ သင့်ပုံတွေကို ရေရှည်အလုပ်လုပ်ရာမှာ သုံးမယ်ဆိုရင်တော့ Photoshop Document (.psd) အဖြစ်နဲ့သိမ်းပါ။


Photoshop ရဲ့ native format(.psd) ဟာ Layer တွေကိုမပေါင်းပဲ သိမ်းဆည်းပေးနိုင်ပါတယ်။ ထို့ကြောင့်ပုံတွေကိုပြန်လည်ပြုပြင်ရာမှာ အဆင်ပြေလွယ်ကူစေပါတယ်။ အခြား format အများစုဟာ Layer တွေကို တစ်ခုတည်းပေါင်းပြီးမှသိမ်းဆည်းနိုင်ပါတယ်။


သင့်ပုံတွေကိုပြုပြင်ဖန်တီးပြီး၍ PostScript-compatible printer တွေမှာ အသုံးပြုဖို့အတွက်ဆိုရင် EPS format ဖြင့် save a copy as ကိုအသုံးပြုကာသိမ်းပါ။ အကယ်၍ ဘယ်လို Printer မျိုးကိုအသုံးပြုမယ်ဆိုတာမသေချာလျှင် TIFF ဖြင့်သိမ်းပါ။ ဘာကြောင့်လဲဆိုတော့ TIFF ဟာ Printer နှင့် Page Layout Program အများစုမှာ အသုံးပြုနိုင်လို့ပါပဲ။ အကယ်၍ Webpage မှာအသုံးပြုဖို့ရည်ရွယ်ထားရင်တော့ Logo လိုအရောင်နဲတဲ့ Line art တွေအတွက် GIF နှင့် PNG-8 ကိုအသုံးပြုနိုင်သလို အရောင်စုံသော ဓာတ်ပုံ သို့မဟုတ် continuous tone art (ကာလာအမြောက်အများပါ) တွေအတွက် JPEG နှင့် PNG-24 ကိုအသုံးပြုနိုင်ပါတယ်။ အကယ်၍ ရုပ်ပုံတွေကို အခြား graphics program တွေမှာတွဲပြီးသုံး ချင်တယ်ဆိုရင် ၄င်းဂရပ်ဖစ် ပရိုဂမ်တွေက Photoshop Format ကိုလက်ခံရင် Photoshop Format နဲ့သိမ်းပါ။ လက်မခံရင်တော့ TIFF ဖြင့်သာသိမ်းပါ။


Undoing နှင့် Redoing


Undo ဆိုတာကတော့ကွန်ပျူတာမှာ သင်လက်တစ်လောလုပ်ဆောင်ထားသော လုပ်ဆောင်ချက်ကို ဖျက်ပစ်တာပါ။ Redo ကတော့ ပြန်လည်ဖန်တီးတာပါ။ Photoshop ရဲ့ History palette မှာတော့ သင်ဘယ်လို Tool တွေနဲ့ပဲသုံးသုံး သင်လုပ်ဆောင်ခဲ့သမျှ ပြုပြင်မှုမှန်သမျှကိုအစီအစဉ်တစ်ကျတစ်ဆင့်ပြီးတစ်ဆင့်သိမ်းထားပေးပါတယ်။ လုပ်ဆောင်ချက် ၂၀ အထိသိမ်းယာယီမှတ်သားထားပေးနိုင်ပြီး ထပ်တိုးလိုလျှင် Edit>Preferences>Performance မှာရှိတဲ့ History States နေရာတွင်ထပ်တိုးနိုင်ပါတယ်။


ယခုလို Photoshop ရဲ့ History palette မှာ ယာယီသိမ်းဆည်းထားပေးတဲ့အတွက် သင်တစ်ခုခုမှားခဲ့သည်ရှိသော် Undo(Ctrl+Alt+Z) လုပ်လိုက်ခြင်းအားဖြင့် လက်ရှိအမှားကိုပျက်စေ၍ အရင်အနေအထားကို ပြန်ရစေပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် မှားသွားလို့ နောက်ပြန်ဆုတ်တဲ့သဘောပါ။ ရှေ့ပြန်တိုးချင်ရင်တော့ Redo(Ctrl+Shift+Z) ကိုသုံးပေါ့။ Ctrl+Z ကိုသုံးရင်တော့ Undo နဲ့ Redo တစ်လှည့်စီဖြစ်နေမှာပါ။ History palette မှာလိုချင်သောအဆင့်ကို တိုက်ရိုက်ရွေး၍လည်း ရပါတယ်။



Photoshop History palette မှာပါဝင်တဲ့ Snapshot ကတော့ သင်ပြုပြင်နေတဲ့ လက်ရှိအနေအထားရုပ်ပုံကို ယာယီသိမ်းယူမှတ်သားပေးပါတယ်။ သင်ပြန်လည်အလိုရှိသောအခါ History palette တွင် Select လုပ်၍ပြန်လည် ရယူနိုင်ပါတယ်။ ယာယီမှတ်သားထားပေးတာဖြစ်တဲ့အတွက် save လုပ်ရာတွင် ၄င်း History palette မှအချက်အလက် များ ပါဝင်မည်မဟုတ်ပေ။ Save လုပ်ပြီးသော်လည်း ၄င်းကိုမပိတ်ပဲဆက်လက်လုပ်ဆောင်နေဦးမည်ဆိုပါက Undo Redo ကိုပြန်လည်အသုံးပြုနိုင်ပါသေးတယ်။


Photoshop CS3 သင်ခန်းစာ အခန်း – ၁

Photoshop ကိုဖွင့်လိုက်ပါ။ သင့်ရဲ့ဘယ်ဘက်ခြမ်းမှာ ခဲတံတွေ ဓားတွေ လက်တွေနဲ့ ဘာမှန်းမသိရှုပ်ပွနေတဲ့ ဒေါင်လိုက်အတန်းလေးကို Toolbox လို့ခေါ်ပါတယ်။ သင့်ပုံတွေကိုလှီးဖြတ်ခွဲစိတ်ပြုပြင်မယ့် ကိရိယာတွေရှိတဲ့ နေရာပေါ့။ ၄င်း Toolbox ရဲ့ အပေါ်က အလျားလိုက်အတန်းလေးကိုတော့ Options Bar လို့ခေါ်ပြီး Options Bar ရဲ့အပေါ်အတန်းကိုတော့ Menu Bar လို့ခေါ်ပါတယ်။ ညာဘက်ကအုပ်စုကတော့ Palettes တွေပေါ့။ ကဲပိုပြီးရှင်းသွားအောင် အောက်ကပုံလေးကိုကြည့်လိုက်ပါ။




အကယ်၍မြင်ကွင်းမှာ Toolbox ၊ Options Bar နှင့် Palettes ကရှုပ်နေလို့ ခဏဖြောက်ထားချင်တယ်ဆိုရင် ကီဘုတ်က Tab ကိုတစ်ချက်နှိပ်လိုက်။ ဒါမှမဟုတ် Palettes ကိုပဲဖြောက်ထားချင်တယ်ဆိုရင်တော့ Shift နဲ့ Tab ကိုနှိပ်။ ပြန်ဖော်ချင်တယ်ဆိုရင်တော့ ပြန်နှိပ်လိုက်ပေါ့။


Canvas အသစ်တစ်ခုယူခြင်း


Menu Bar ပေါ်က File » New ကိုနှိပ်လိုက်ရင် အောက်ပါ Dialog Box လေးပေါ်လာပါလိမ့်မယ်။



Name နေရာမှာတော့ပေးချင်တဲ့နာမည်ပေး အခုမပေးချင်လည်း ဖိုင်သိမ်း(Save)မှ ပေးလည်းရတယ်။ Preset နေရာမှာတော့ ကိုယ်ဘယ်အရွယ်အစားလိုချင်လဲ ဥပမာ A4 ဆိုဒ်လိုချင်တယ်ဆိုရင် International Paper ကိုရွေးပြီး Size နေရာမှာ A4 ကိုရွေးလိုက်၊ ဓာတ်ပုံထုတ်ဖို့ဆိုရင် Preset မှာ Photo ကိုရွေးပြီး size မှာကိုယ်လိုချင်တဲ့အရွယ်ကိုရွေး၊ Web အတွက်ဆိုရင်လဲ Preset ကို Web ထားပြီး size နေရာမှာကိုယ်လိုချင်တဲ့ အရွယ်ကိုရွေး ၊ ကိုယ့်ဘာသာကို ကိုယ်ကြိုက်တဲ့အရွယ်အစားလုပ်ယူမယ်ဆိုရင်တော့ With နေရာမှာကိုယ်လိုချင် တဲ့အကျယ်နှင့် Height နေရာမှာ ကိုယ်လိုချင်တဲ့အမြင့်တန်ဖိုး ရိုက်ထဲ့နိုင်ပါသည်။ With နှင့် Height ဘေးမှာတော့ pixels, inches, cm, mm, points, picas ဆိုပြီးသင်ကြိုက်ရာတန်ဖိုး ပြောင်းယူနိုင်ပါတယ်။


Resolution(ပုံရိပ် ကွဲပြားမှု၊ ပြတ်သားမှု)


Resolution ဆိုတာကတော့ ပုံတစ်ပုံရဲ့တစ်လက်မအတွင်းမှာရှိတဲ့ pixels အရေအတွက်ကိုပြောတာ။ Resolution ဟာပုံတစ်ပုံရဲ့အရည်အသွေးကိုဆုံးဖြတ်ပေးတယ်။
Resolution နည်းရင်ပုံရဲ့အရည်အသွေးညံ့မယ် Resolution များရင် ပုံအရေအသွေး ကောင်းသလို Memory အသုံးပြုမှုလည်းများလိမ့်မယ်။ ကျွန်တော်တို့အများဆုံးတွေ့မြင်ရတဲ့ ဓာတ်ပုံတွေ မဂ္ဂဇင်းတွေမှာတော့ Resolution 150 ppi ကနေ 300 ppi အထိသုံးကြတယ်။ ကျွန်တော်တို့တွေသုံးနေတဲ့ မော်နီတာတွေ ကတော့ 72 ppi ပဲရှိတယ်။ ဒါကြောင့်သင်ဟာ Web အတွက်အသုံးပြုမယ်ဆိုရင် 72 ppi ထားပြီးသုံးနိုင်တယ်။ အကယ်၍ high-quality color inkjet သို့မဟုတ် laser printer နဲ့ထုတ်မယ်ဆိုရင်တော့ 200 ppi ကနေ 300 ppi အထိ ထားနိုင်တယ်။ အကယ်၍ ဗီနိုင်း Billboard တွေလုပ်မယ်ဆိုရင်တော့ Resolutio 72 ppi လောက်ထားရင်ရတယ်။ Resolution တန်ဖိုးဖြည့်ပြီးရင်တော့ Background Contents မှာ ကိုယ်လိုချင်တဲ့ Canvas အရောင်ရွေးနိုင်တယ်။ အခုတော့ အဖြူရောင်ပဲထားပြီး OK နှိပ်လိုက်ပါ။ OK နှိပ်ပြီးရင်တော့ သင်ရွေးချယ်ခဲ့သော Window အသစ်တစ်ခုပေါ်လာပြီး ၄င်း Window ကို active window လို့ခေါ်၍ windows အတွင်းရှိ အဖြူရောင်အပိုင်း ကိုတော့ Canvas လို့ခေါ်ပါတယ်။


Canvas Size ပြောင်းခြင်း


အကယ်၍သင်ဟာ canvas အရွယ်အစား ပြန်ပြောင်းချင်တယ်ဆိုရင်တော့ Menu Bar မှာရှိတဲ့ Image » Canvas Size ကိုဖွင့်ပါ။အပေါ်ဆုံးက Current Size ဆိုတာကတော့ လက်ရှိဖွင့်ထားတဲ့ canvas အရွယ်ကိုဖော်ပြ ထားခြင်းဖြစ်ပြီး အောက်က New Size နေရာမှာတော့သင်လိုချင်တဲ့ Canvas အရွယ် တန်ဖိုးကိုရိုက်ထဲ့ရန်ဖြစ် ပါတယ်။ အကယ်၍ Relative ကိုအမှန်ခြစ်ထားမယ်ဆိုရင်တော့ သင်တိုးချင်တဲ့တန်ဖိုးကိုသာရိုက်ထည့်ပေးရန် လိုပါတယ်။ ဥပမာ လက်ရှိ Canvas က အကျယ်(Width) ၇ လက်မ(inches) x အမြင့် (Height) ၅ လက်မ ရှိတယ်ဆိုပါစို့ သင်ကအကျယ်ကို ၈ လက်မ နှင့်အမြင့်ကို ၅.၅ လက်မ သို့ပြောင်းချင်တယ်ဆိုရင် Width နေရာမှာ ၁ လက်မနှင့် Height နေရာမှာ ၀.၅ လက်မရိုက်ပေးရမှာပါ။ Relative ကိုအမှန်မခြစ်ထားရင်တော့ ကိုယ်ပြောင်းမယ့်တန်ဖိုး Width ၈ လက်မနှင့် Height ၅.၅ ကိုရိုက်ထဲ့ပေးရမှာပါ။ Anchor ကတော့ ကိုယ်က ဘေးပတ်ပတ်လည်ကို ချဲ့ချင်လား အပေါ်ဘက်ကိုလား အောက်ဘက်ကိုလားဆိုတာ ရွေးပေးဖို့ပါ။


Canvas extension color နေရာမှာတော့ canvas အရောင်ကိုရွေးချယ်နိုင်တယ်။ ကဲပိုပြီးရှင်းသွားအောင်အောက်ကပုံတွေကိုကြည့်လိုက်ရအောင်




Toolbox






တစ်ချို့ tool icon လေးတွေရဲ့ညာဘက်အောက်ထောင့်လေးမှာ အမဲရောင်တြိဂံပုံလေးကို တွေ့ပါလိမ်မယ်။ ၄င်းတြိဂံပုံလေးအား Click ဖိထားခြင်းအားဖြင့်၎င်း tool နှင့်အမျိုးအစားတူတဲ့ အခြား tools တွေကိုလည်း တွေ့နိုင်ပါတယ်။


Selection Tools များ


Tool Box ရဲ့အပေါ်ဆုံးကအုပ်စုကို Selection Tools လို့ခေါ်တယ်။ Selection tool ကို Marquees, Lassos နှင့် Quick Selection tool ဆိုပြီး အမျိုးအစားသုံးမျိုးခွဲထားတယ်။ ပုံတစ်ပုံကို ပြုပြင်ရန် သို့မဟုတ် ဖျက်ထုတ်ရန်အတွက် လိုအပ်သောအစိတ်အပိုင်းကို ရွေးချယ်နိုင်ရန် Selection Tools ကိုအသုံးပြုပါတယ်။ Marquees နှင့် Lassos က click နှိပ်၍လိုချင်တဲ့ပုံပေါ် drag ဆွဲပြီးSelect လုပ်ပါတယ်။ Select လုပ်ထားသော ဧရိယာကို အဖြူအမဲမှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော ဘောင်အဖြစ်တွေ့ မြင်နိုင်ပါမည်။



Quick Selection tool ကတော့ Photoshop CS3 မှာအသစ်ထည့်တွင်းထားတဲ့ tool အသစ်ဖြစ်ပြီး အရင် photoshop တွေမှာ သုံးခဲ့တဲ့ Magic Wand tool ကဲ့သို့တန်ဖိုးတူအရောင်တွေကို Select လုပ်ပါတယ်။ Quick Selection tool ကတော့ select လုပ်ချင်တဲ့နေရာကို စုတ်တံနှင့်ဆွဲသလိုမျိုး Click ဖိပြီးဆွဲသွားရုံပါပဲ။


Magic Wand tool ကတော့ select လုပ်ချင်တဲ့နေရာကို Click တစ်ချပ်နှိပ်ရုံဖြင့် အရောင်တန်ဖိုးတူတဲ့ နေရာတွေကို select လုပ်ပေးသွားပါလိမ့်မယ်။
(Selection tool တစ်ခုချင်းစီရဲ့ အသုံးပြုပုံ အသေးစိတ်ကို အခန်း-၂ တွင်ကြည့်နိုင်ပါသည်။)


Crop tool ကိုပုံရော canvas ရောဖြက်ထုတ်ရာတွင်သုံးပါတယ်။ Crop tool နဲ့ select လုပ်ထားတဲ့ selection ဧရိယာမှအပ ဧရိယာအပြင်ပိုင်းမှာရှိတဲ့ ပုံရော canvas ပါမကျန်အကုန်ဖြက်ထုတ်သွားပါလိမ့်မည်။


Slice tool ကတော့ အထူးသဖြင့် web graphics အတွက်အသုံးပြုဖို့ပါ။ webအတွက်အသုံးပြုမယ့် ပုံတွေကို ပိုင်းဖျက်ရာတွင် Slice tool ကိုသုံးပါတယ်။
(အထက်ပါ Tools များအသုံးပြုပုံကို နောက်ပိုင်းတွင် အခန်းစဉ်ဖြင့် အသေးစိတ် ဖော်ပြပေးသွားပါမည်။)


Painting Tools


Painting Tools မှာတော့ Brush ၊ Pencil နဲ့ Clone Stamp တို့ကို screen ပေါ်မှာဆေးချယ်မှုန်းသလို နည်းလမ်းအမျိုးမျိုးဖြင့်ရေးဆွဲအသုံးပြုနိုင်ပါတယ်။


Brush Tool ကိုတော့စုတ်တံနှင့်ရေးဆွဲသကဲ့သို့အသုံးပြုနိုင်သလို Tool Option Bar က airbrush ကိုဖွင့်၍ တကယ့်မှုတ်ဆေးနှင့်ဖြန်းသလိုမျိုးလည်း အသုံးပြုနိုင်ပါတယ်။ Brush ပုံစံအမျိုး ၊ Brush အထူးပြုလုပ်ချက်အမျိုးမျိုးတို့ကိုလည်း Brush Preset တွင်ပြောင်းပေးနိုင်သလို ကိုယ်ပိုင် Brush ပြုလုပ်၍လည်း သိမ်းဆည်းထားနိုင်တယ်။


Pencil Tool ကတော့ ခဲတံနဲ့ဆွဲသကဲ့သို့ အနားသက်အစွန်းများ တိကျပြတ်သားပြီး Brush Tool ကတော့တိကျပြတ်သားမှုအားနည်းပါတယ်။ Special brush ဖြစ်တဲ့ Color Replacement tool ကိုတော့ အရောင်တွေ ကူးပြောင်းပေးရာတွင် သုံးပါတယ်။


Clone Stamp tool ကိုတော့ ကိုယ်ရွေးချယ်ထားသော နေရာမှ အစိတ်အပိုင်းကို အခြားနေရာတွင် ပုံတူပွားရာ၌ အသုံးပြုပါတယ်။ ပုံတွေကိုဖျက်ရာတွင် Eraser Tool ကို Brush shapes ပုံစံအမျိုးမျိုးအသုံးပြုနိုင်ပြီး ဖျက်နိုင်ပါတယ်။ Background Eraser Tool နှင့် Magic Eraser Tool
ကတော့ Quick Selection tool နှင့် Magic Wand tool ကဲ့သို့ တူညီသော အရောင်တန်ဖိုးများကို အလိုအလျောက် ရွေးချယ်ဖြတ်ထုတ် သွားပါလိမ့်မယ်။
နောက်ထပ် Painting Tools ထဲမှာပါဝင်တဲ့ Special retouching tools တွေကတော့ Healing Brush ၊ Spot Healing Brush ၊ Patch နှင့် Red Eye Tools တို့ပါပဲ။


Healing Brush နှင့် Spot Healing Brush တို့ဟာ ဓာတ်ပုံရှိသေးငယ်သောအစိတ်အပိုင်းများ ပြန်လည်ပြုပြင်ရာတွင် Clone Stamp tool ထက်ပိုမိုကောင်းမွန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၄င်းTools များဟာ အစက်အပြောက်များ ၊အမာရွတ်များ ပြုပြင်ဖယ်ထုတ်ရာမှာ ဘေးပတ်ပတ်လည်ရှိ Pixel တွေကို အကျိုးသက်ရောက်မှု မဖြစ်စေလို့ပါပဲ။


Patch Tool ကတော့ ကြီမားတဲ့ အစိတ်အပိုင်းများ ပြန်လည်ပြုပြင်ရာတွင် နောက်ခံကိုသဟဇာတ ဖြစ်စေပါတယ်။ Red Eye tool ကိုတော့ ကင်မရာရှိ flashgun ကြောင့်ဖြစ်ပေါ်လာသော ဓာတ်ပုံတွင်မျက်လုံးနီခြင်း (တိရစ္ဆာန်များတွင်မျက်လုံးစိမ်းခြင်း) တို့ကိုပြုပြင်နိုင်ပါသည်။



နောက်ထပ်အသုံးဝင်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ Tool ကတော့ History Brush ပါပဲ။ History Brush ဟာ History palette နှင့်တွဲဖက်လုပ်ဆောင်ပြီး History palette တွင်ပြန်လည်ပြုပြင် လိုသောအဆင့် ကိုရွေး၍ Brush ဖြင့်ပြုပြင်လိုသော အစိတ်အပိုင်းကိုသာ Redo သို့မဟုတ် Undo ပြုလုပ်နိုင်ပါသည်။ Art History Brush ကိုတော့ စုတ်ချက်ပုံစံအမျိုးမျိုး၊အထူးပြုလုပ်ချက်များ ပြုလုပ်ရာတွင် သုံးနိုင်ပါတယ်။



Gradient tool


ကိုအရောင်တစ်ခုမှတစ်ခုသို့ ရောင်ပြေးပုံစံအသုံးပြုနိုင်သလို ပုံရိပ်တစ်ခုနှင့် တစ်ခုထပ်ရာတွင်လည်း အသုံးပြုပါတယ်။ Paint Bucket ကတော့ သင် select လုပ်ထားတဲ့ဧရိယာကို ရေလောင်းသလို Foreground ရှိအရောင်ကို အပြည့်ဖြည့်ပေးသွားမှာပါ။


Blur tool ကိုတော့ပုံများကိုမှုန်ဝါးစေပြီး Sharpen tool ကတော့ပုံများကိုထင်ရှားပြတ်သားစေပါတယ်။ Smudge tool ကတော့ဆေးများပျံ့ပြီးစွန်းထင်းသွားသလို လုပ်ဆောင်ပါတယ်။
အရောင်များဖျော့၍ဖြူသွားစေရန် Dodge tool နှင့်အရောင်များရင့်၍မဲသွားစေရန် Burn tool ကိုသုံးနိုင်ပါတယ်။



Sponge tool


ကိုတော့ အရောင်တောက်စေရန် သို့မဟုတ် မှိုင်းစေရန်ပြုလုပ် ရာတွင်သုံးပါတယ်။ ၄င်း Tools များ အသုံးပြုပုံအသေးစိတ်ကို နောက်အခန်းများတွင် ပုံနှင့်တကွ ဖော်ပြပေးသွားပါမယ်။



Type and Pen Tools



အင်္ဂလိပ်အခရာ “T” ပုံစံType tool ကိုတော့ပုံပေါ်မှာ စာတွေထည့်ဖို့အတွက် သုံးပါတယ်။ နောက်ဖောင်တိန်ပုံစံ Pen tool ကိုတော့ လိုင်းများ၊ Path လမ်းကြောင်းများဆွဲနိုင်သလို Shape ပုံသသ္ဌာန် အဖြစ်လဲ ရေးဆွဲနိုင်ပါတယ်။ ဆွဲထားပြီးသော Line နှင့် Shape အစိတ်အပိုင်းများကိုလည်း ပြန်လည်ပုံစံပြောင်းနိုင် သည့်အပြင် Selection ပုံစံအဖြစ်သို့လဲပြောင်းနိုင်ပါတယ်။ မြှားခေါင်းပုံအောက်က Shape tools အုပ်စုမှာပါဝင်တဲ့ rectangles, ellipses, polygons, နှင့် custom shapes များကတော့ Pen tool ကဲ့သို့ Shapes များ path လိုင်းများပြုလုပ်နိုင်ပါတယ်။ Line tool ဖြင့် မျဉ်းကြောင်း များဆွဲနိုင်ပြီး Shift ခလုပ်ဖိ၍ ၄၅ ဒီဂရီ ၉၀ ဒီဂရီ မျဉ်း ဖြောင့်များရေးဆွဲနိုင်ပါတယ်။




အကယ်၍သင်ဟာ Canvas ပေါ်မှာမှတ်စုရေးချင်တယ်ဆိုရင်တော့ Notes tool ကိုအသုံးပြုနိုင်တယ်။ ကွန်ပျုတာမှာ microphone တပ်ထားတယ်ဆိုရင်တော့ဆန္ဒရှိရင် Audio annotation tool ကိုသုံး၍ အသံပါ သွင်းယူမှတ်သားထားနိုင်ပါတယ်။ Print ထုတ်တဲ့အခါမှာ သင့်ရေးသားထားတဲ့ Notes တွေကိုတော့ မြင်တွေ့ရမည်မဟုတ်ပါ။




Viewing Tools


ပုံတွေကို အနီးကပ်ချဲ့ကြည့် သို့မဟုတ်အဝေးသို့ချုံ့ကြည့်ရန် Zoom tool ကိုသုံးပါတယ်။ Zoom tool ကိုလက်ကိုင်ပါ မှန်ဘီလူးပုံစံဖြင့် Tool box တွင်တွေ့မြင်နိုင်မှာပါ။ Zoom tool ဖြင့်ပုံပေါ် Click နှိပ်ပြီး ချဲ့ကြည့်နိုင်သလို ကိုယ်ချဲ့ကြည့်ခြင်သော အပိုင်းအား Click ဖိပြီး Drag ဆွဲ၍လည်း ချဲ့ကြည့်နိုင်ပါသည်။ ပြန်ချုံ့ချင်တယ် ဒါမှမဟုတ် ချုံ့ကြည့်ချင်တယ်ဆိုရင်တော့ Alt ဖိထားပြီး Click နှိပ်ပါ။ ပုံကိုအကြီးချဲ့ထားပြီးမမြင်ရပဲ အုပ်နေတဲ့အပိုင်းကို ရွှေ့ ပြီး ကြည့်ချင်တယ်ဆိုရင် Toolbox မှာရှိတဲ့ လက်ဝါးပုံ Hand tool ကိုအသုံးပြုပြီး ကြည့်နိုင်ပါတယ်။ အကယ်၍တခြား tool တစ်ခုခုကိုသုံးနေရင်း ရွှေ့ကြည့်ချင်တယ်ဆိုရင်တော့ spacrbar ကိုဖိပြီးကြည့်နိုင်ပါတယ်။ ထို့အတူ Ctrl + Spacebar နှိပ်၍ချဲ့ကြည့်ခြင်း Ctrl + Alt + Spacebar နှိပ်၍ချုံ့ကြည့်ခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။
(Ctrl + + , Ctrl + – သုံး၍လည်း မြင်ကွင်းကို ချဲ့နိုင် ချုံ့နိုင်ပါသေးတယ်။)




Eyedropper tool ကတော့ Click နှိပ်တဲ့နေရာမှာရှိတဲ့အရောင်ကို နမူနာအဖြစ်ယူထားပြီး ၄င်းယူထားသော အရောင်ဖြင့် ရေးဆွဲအသုံးပြုနိုင်ပါတယ်။ Color Sampler tool ဖြင့် တစ်ကြိမ်ထဲမှာ အရောင်နမူနာ လေးနေရာအထိယူနိုင်၍ အချက်အလက်များကို Info palette တွင်ကြည့်နိုင်ပါတယ်။ Ruler tool ကိုတော့ ပုံ၏ အရွယ် အစား၊ ပမာဏ၊ နှင့်ထောင့် ကို တိုင်းရာတွင်သုံးပါတယ်။ Click ဖိ၍ Drug ဆွဲခြင်းဖြင့်ဖြစ်ပေါ်လာသော လိုင်းတစ်လိုင်း၏ အမှတ်နှစ်ခုကြားအကွာအဝေးကို Info Palette တွင်တွေ့မြင်နိုင်မှာပါ။ ထောင့်များတိုင်းမယ်ဆိုရင်တော့ ပထမ Ruler tool ဖြင့်မျဉ်းတစ်ကြောင်းဆွဲပါ။ အမှတ်နှစ်ခုမှ တစ်ခုခုပေါ် cursor တင်ပါ။ ကီးဘုတ်မှ Alt ဖိထားပြီး Click နှိပ်၍ လိုချင်သော ဦးတည်ရာဘက်သို့ဆွဲပါ။


Tool Shortcuts


Toolbox ထဲက Tool အားလုံးကို icon ပေါ် Click နှိပ်၍ရွေးယူနိုင်ပါတယ်။ ဒါပေမယ့် tool တွေ click မနှိပ်ပဲ အလွယ်တစ်ကူ ယူနိုင်မယ့်နည်းလမ်းကို Photoshop ကပေးထားပါတယ်။ စာလုံးတစ်လုံးရိုက်ရုံဖြင့်လိုချင်သော Tool ကိုပြောင်းယူနိုင်တဲ့ ဖြတ်လမ်းနည်းပါ။ Tool တွေရဲ့ Shortcut တွေကိုအောက်မှာ ဖော်ပြပေးထားပါတယ်။ Toolbox ရှိအုပ်နေသော tool များ ပြောင်းယူလိုပါက Shift ဖိထား၍ ၄င်း Tool Shortcut letter ကိုအလိုရှိသော tool ရသည်အထိနှိပ်ယူနိုင်ပါတယ်။





The Tool Options Bar


Tool Options Bar ကို Menu bar ရဲ့အောက်တွင်တွေ့မြင်နိုင်ပါတယ်။ အကယ်၍မတွေ့လျင် Window Menu မှ Option ကိုရွေး၍၄င်း Tool တစ်ခုခုပေါ်တွင် Double-Click နှိပ်၍၄င်းခေါ်ယူနိုင်ပါသည်။


Tool Option Bar တစ်ခုပေါ်မှာရှိတဲ့ အရာတွေကို Tool Preset menu လို့ခေါ်ပါတယ်။ Tool တစ်ခုနှင့်တစ်ခု Tool preset menu တူညီမည်မဟုတ်ပါ။ အောက်တွင် Pen tool တစ်ခုရဲ့ Option bar ကိုဖော်ပြပေးထား ပါတယ်။



Menu Bar ပေါ်ကဘာတွေလဲ?


မြင်ကွင်းအပေါ်၌ကန့်လန့်ဖြတ်နေရာယူထားတဲ့ Menu Bar ပေါ်မှာ ဖိုင်တွေကို ကိုင်တွယ်ထိန်းကျောင်းပေးမယ့် ညွှန်ကြားချက်တွေ ပါဝင်ပါတယ်။ ပထမဆုံး menu နှစ်ခုကတော့ File နှင့် Edit ပါ။ ဒီနှစ်ခု စလုံးကိုတော့ ကွန်ပျုတာသုံးသူတိုင်း ရင်းနှီးပြီးသားဖြစ်မှာပါ။ File menu မှာတော့ ဖိုင်တွေကိုဖွင့်တာ၊ ပိတ်တာ ၊ သိမ်းတာ ၊ importing နှင့် exporting တွေ၊ ပရင့်ထုတ်တာတွေ ပါဝင်ပါတယ်။ ထို့အပြင်အချိန်ကုန်သက်သာစေမယ့် အလိုအလျောက် လုပ်ဆောင်ပေးချက်တွေလည်း ပါဝင်ပါတယ်။ ၄င်းအသုံးပြုပုံအသေးစိတ်ကို နောက်ပိုင်းတွင် သီးသန့်ဖော်ပြပေးသွားပါမည်။
File Browser ကို Photoshop 7 မှာစတင်မိတ်ဆက်ခဲ့ပြီး Photoshop CS2 မှာတော့ Bridge အဖြစ် အမည်ပြောင်းခဲ့ပါတယ်။ File menu မှ Browse ကိုရွေးချယ်ခြင်းဖြင့် Adobe Bridge ကိုတွေ့မြင်နိုင်မှာပါ။ ကျွန်တော်တို့မြန်မာပြည်မှာတော့ Bridge ကိုအသုံးပြုမှုနည်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲမသုံးဖြစ်ပါ။:) Bridge ပေါ်မှာတော့ ဓာတ်ပုံ သို့မဟုတ် Scan ဖတ်ထားတဲ့ပုံတွေရဲ့ data အချက်အလက်အသေးစိတ်ကို တွေရမှာပါ။ ကိုယ်ပိုင် keywords ပေးနိုင်၍ ဖိုင်များကိုရှာဖွေရာမှာ မြန်ဆန်လွယ် ကူစေပါသည်။ ၄င်းအပြင်ပုံတစ်ပုံရဲ့ အရွယ်အစား ၊ colr mode ၊ ရိုက်ခဲ့တဲ့အချိန်နှင့်နေ့စွဲ ၊ ကင်မရာအမျိုးအစား ၊ အစရှိသောအချက်အလက်ပေါင်း များစွာကိုကြည့်နိုင်ပါသည်။ Bridge မှာရှိတဲ့ Edit menu မှာတော့ ရင်းနှီးပြီသားဖြစ်တဲ့ Cut, Copy, Paste, Clear စသည်တို့ပါဝင်ပါတယ်။ နောက်ထပ် Transform tools တွေဖြစ်တဲ့ scale, skew, distort, နှင့် rotate selections များလည်းပါရှိပါတယ်။



နောက်ထပ် Menu Bar မှာပါဝင်တဲ့ Menu တွေကတော့

♥ Image

♥ Layer

♥ Select

♥ Filter

♥ View

♥ Window တို့ပါဘဲ။


The Image Menu


Image Menu ကိုဖွင့်လိုက်မယ်ဆိုရင်တော့ပုံပါအတိုင်း Menu အခွဲလေးတွေကိုတွေရမှာပါ။ ပထမဦးဆုံးမြင်ရတဲ့ Mode မှာတော့ ဘယ်အရောင်စနစ်နှင့်လုပ်မလဲဆိုတာရွေးချယ်ဖိုပါ။ ကျွန်တော်တို့ဟာ RGB(Red, Green, Blue) စနစ်နဲ့ပဲလုပ်ဆောင်နိုင်ကြရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တစ်တွေအသုံးပြုနေတဲ့ Monitor တွေက RGB အရောင်သုံးရောင်ပဲထုတ်နိုင်လို့ပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့ရတဲ့ TV, HandPhone, MP4, Projector အစရှိသည့် ရောင်စုံ Display ပါတဲ့စက်တွေမှာလဲ RGB စနစ်ကိုသာအသုံးပြုထားပါတယ်။ မယုံဘူးဆိုရင်တော့ မှန်ဘီလူးတစ်လက်ယူပြီး မော်နီတာကိုအနီးကပ်ကြည့် ကြည့်ပါ။ မသဲကွဲသေးဘူးဆိုရင်တော့ သင့်အိမ်က Television ကိုကြည့် ကြည့်ပါ။ အနီရယ် ၊အစိမ်းရယ် ၊အပြာရယ် သုံးရောင်ထဲတွေ့ရမှာပါ။ အဲ TV အရင်ဖွင့်ဖို့တော့မမေ့နဲ့နော်။ Color Mode အကြောင်းကိုတော့နောက်အခန်းမှရှင်းပြမယ်။ အခုအခန်း – ၁ မှာက အကြမ်းသဘော ရှင်းပြထားတာ။




နောက်ဒုတိယတစ်ခုဖြစ်တဲ့ Adjustments submenu ကတော့ပုံတွေပြင်တိုင်းမပါရင်မပြီးတဲ့ အသုံးအ၀င်ဆုံးအရာတွေရှိတဲ့ submenu ပေါ့။ ၄င်းအထဲမှာ အရောင်ချိန်ညှိတာတွေ၊ ပြင်ဆင်တာတွေ အရောင်ပြောင်းတာတွေ ဥပမာ နှင်းဆီပန်း အနီရောင်ကို အပြာရောင်သို့ ပြောင်းတာ တွေပြုလုပ်နိုင်တဲ့ Program တွေပါဝင်ပါတယ်။


The Layer Menu


Phtoshop ရဲ့စွမ်းအင်အပြည့်ဝဆုံး အင်္ဂါရပ်ကတော့ မတူညီတဲ့ Layer ခေါ်အလွှာများခွဲ၍ လုပ်ဆောင်နိုင်ခြင်းပါပဲ။ ပုံများပေါင်းစပ်ခြင်း၊ ဖျက်ညှပ်ကပ်ခြင်းများ ပြုလုပ်ရာ၌ မူရင်းပုံကို မထိခိုက်မပျက်စီး စေရန်အသုံးပြုနိုင်ပါတယ်။ ၄င်းအပြင်ပလက်စတစ် အကြည်ရောင်စာရွက်ကဲ့သို့လည်း လုပ်ဆောင်နိုင်ပါတယ်။ Layer တစ်ခုပြီးတစ်ခုခွဲနိုင် သလို မူရင်းပုံနှင့် တစ်ခြားအစိတ်အပိုင်းများ မထိခိုက်ပဲ Layer ပေါ်တွင်ဆေးချယ်ချင်းများ ၊ အလင်းပိတ်မှု (Opacity) အနည်းအများ နှင့် အခြားလုပ်ဆောင်ချက်များ ပြုလုပ်နိုင်ပါတယ်။
Layer Menu မှာတော့ Layer အသစ်များပြုလုပ်ခြင်း၊ Layer များပေါင်းစပ်ခြင်း နှင့် Layer effects, styles ,color adjustments များဖြင့်တွဲဖက်လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။ ထုံးစံအတိုင်းအသေးစိတ်ကိုတော့ နောက်အခန်း တွေမှာ ရှင်းပြပေးသွားပါမယ်။ Layer Menu မှာဘာတွေပါလဲဆိုတာအောက်ကပုံကိုတစ်ချက်ကြည့်လိုက်ရအောင်။




The Select Menu


Select Menu မှာတော့ Select လုပ်ထားသော Selection အားပြုပြင်ပြောင်းလဲနိုင်တဲ့အရာတွေပါဝင်ပါတယ်။ Select လုပ်ပြီးသား Selection ကိုကြီးထွားစေခြင်း ၊ ကျုံ့စေခြင်း နှင့် Feather ထည့်၍နောက်ခံသို့ အရောင်မှိန် သွားအောင် လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။


The Filter Menu


Filter Menu အောက်မှာတော့ဒါဇင်ပေါင်းများစွာသော Filter များပါဝင်ပါတယ်။ ၄င်း Filter တွေထဲမှာ ပုံတွေကိုမှုန်ဝါးစေခြင်း ၊ ပန်းချီစုတ်ချက်နှင့်ဆွဲသလိုဖြစ်ပေါ်စေခြင်း ၊ နီယွန်မီးကဲ့သို့ တောက်ပစေခြင်း ၊ အစရှိသဖြင့်ပုံစံများစွာ အလိုအလျောက်ပြုလုပ်ချက်များ ပါဝင်ပါတယ်။
Photoshop Filters ဟာ တစ်ခြားဂရပ်ဖစ်ပရိုဂမ်များနှင့် တွဲဖက်လုပ်ဆောင်နိုင်တဲ့ Plug-ins ပါ။ အခြား Third-Party Filter များသွင်းယူထားပါက၄င်းတိုကို Filter Menu ၏အောက်ခြေတွင်တွေနိုင်ပါသည်။


ပုံတွင်ကျွန်တော်ထည့်သွင်းထားသော nik Color Efex Plug-in ကိုမြင်တွေ့နိုင်ပါတယ်။




The View Menu


ရုပ်ပုံတွေကိုချဲ့ကြည့်ဖို့ ဒါမှမဟုတ် ချုံ့ကြည့်ဖို့ အစရှိသောညွှန်ကြားချက်တွေကို View Menu အောက်မှာတွေ့မြင် နိုင်ပါတယ်။ ထိုနောက်ပုံတွင်ပြထားသည့်အတိုင် work area အတွင်းထည့်သွင်းအသုံး ပြုနိုင်သော Rulers, Guides နှင့် Grids တို့ကိုလည်း တွေ့မြင်နိုင်ပါတယ်။ Show ဆိုတဲ့ command ရဲ့ Menu အခွဲလေးမှာတော့ grids, guides, notes, layer သို့မဟုတ် Selection edges, slices နှင့် အခြားလုပ်ဆောင်ချက်တွေကိုရယူရန် ညွှန်ကြားချက်တွေပါဝင်ပါတယ်။ Rulers ကိုလည်း pixels, inches, centimeters, millimeters , points နှင့် picas အစရှိသော သင်ရင်းနှီးမယ့် အတိုင်းအတာယူနစ်ကိုရွေးချယ်နိုင်ပါတယ်။


Edit>Preferences>Units & Rulers တွင်လည်း Dialog box အသစ်အတွက်အတိုင်းအတာယူနစ်ကိုပြောင်းလဲနိုင်ပါသေးတယ်။


Guides ဆိုတာကတော့ မျဉ်းကြောင်းတွေပါပဲ။ စာရိုက်ရာတွင်၎င်း ၊ အခြားကိစ္စရပ်များအတွက်၎င်း မျဉ်းကြောင်းတွေကို ပုံပေါ်နေရာချထား၍ အသုံးပြုနိုင်ပါသည်။ Print ထုပ်သောအခါတွင် ၄င်းမျဉ်းကြောင်းများကို တွေ့မြင်ရမည်မဟုတ်ပါ။




Guide များကိုနေရာချခြင်း


Guide တွေကိုနေရာချတော့မယ်ဆိုရင် ပထမဆုံး active window ပေါ်မှာ Rulers ရှိမရှိ အရင်ကြည့်ပါ။ အကယ်၍မတွေ့လျှင် View ထဲက Rulers ကိုအမှန်ခြစ်ပေးပါ။ Shortcut key ကတော့ Crtl + R ပေါ့။ Rulers ပေါ်လာပြီဆိုရင်တော့ အောက်က animation မှာပြထားတဲ့အတိုင်း Rulers ပေါ် Click ဖိပြီး လိုချင်တဲ့နေရာထိဆွဲပါ။ နေရာချပြီးမှပြန်ရွှေ့ချင်ရင်တော့ Toolbox က Move tool နဲ့ရွှေ့လို့ရတယ်။
Move tool ကိုယူရမှာ အလုပ်ရှုပ်တယ်ဆိုရင်တော့ Alt key ဖိပြီးရွှေ့ပေါ့။ ရွှေ့တာမရွေ့ရင်တော့ View အောက်က Lock Guides ကိုအမှန်ခြစ်ဖြုတ်လိုက်။ Guide Lines တွေမျက်စိနောက်လို ခဏဖြောက်ထားခြင်တယ်ဆိုရင်တော့ View>Show>Guides ကိုအမှန်ခြစ်ဖြူတ်လိုက်။ Guide တွေကိုအပြတ်ရှင်း ချင်ရင်တော့ View ထဲက Clear Guides ကိုရွေးလိုက်ပါ။ Shortcut key ကိုတော့ ကိုယ်ဘာသာကိုပဲကြည့်လိုက်တော့ မရေးပြတော့ဘူး။




View>Show>Grid ကိုသွားနှိပ်လိုက်မယ်ဆိုရင်တော့ သင့် Canvas ပေါ်မှာ ဂရစ်စာရွက်လိုမျိုး လေးထောင့်ကွက်တွေ ပေါ်လာပါလိမ့်မယ်။ ဂရစ်ကွက်အစိတ်အကျဲကိုတော့ Edit>Preferences>Guides,Grid,Slice & Count မှာ သွားပြင်လို့ရပါတယ်။ Snap နှင့် Snap to commands ကတော့ ပုံတွေနဲ့ အခြားအစိတ်အပိုင်းတွေ နေရာချရာမှာ လွယ်ကူအောင်ဆောင်ရွက်ပေးတယ်။ ဥပမာ Snap ကိုရွေးထားမယ်ဆိုရင် ပုံကိုရွှေ့ရာမှာ Guide သို့မဟုတ် Gridline ရှိရာသို့ သံလိုက်နှင့်ဆွဲသလို ပြေးကပ်သွားပါလိမ့်မယ်။


The Window Menu


Photoshop ရဲ့ commands တွေကို နည်းလမ်းအမျိုးမျိုးနဲ့သုံးနိုင်ပေမယ့် palettes တွေကိုအသုံးပြု၍သုံးခြင်းဟာ အလုပ်လုပ်ရာမှာ ပိုမိုလျှင်မြန်လွယ်ကူစေပါတယ်။ ဓာတ်ပုံတွေရဲ့အချက်အလက်တွေ ၊ Type tool အတွက် character နှင့် paragraph တွေကို Photoshop palettes ကကူညီပေးပါလိမ့်မယ်။ Palettes မှာ Toolbox မှာရှိတဲ့ tool အတော်များများရဲ့ ရွေးချယ်စရာ သီးခြားလုပ်ဆောင်ချက်များ (ဥပမာ ရွေးချယ်စရာ Brush အရွယ်အစား ၊ ပုံသဏ္ဌန် နှင့် အရောင်၊ Layers,paths နှင့် channels များကိုသုံးရန်)ပါဝင်ပါတယ်။ ထိုနောက်အလုပ် လုပ်ရာမှာ အချိန်တိုတိုနှင့် အကျိုးသက်ရောက်အောင် Actions နှင့် History palettes ကအကူအညီပေးပါလိမ့်မယ်။ အကယ်၍ ၄င်း palettes တွေကို မတွေ့ပါက Window Menu မှာ မြင်ချင်သော palette ကိုဖွင့်နိုင်၊ ပိတ်နိုင်ပါတယ်။




Photoshop CS3 မှာတော့ Palette လုပ်ဆောင်ချက်အသစ်တွေပါဝင်ပါတယ်။ Palettes တွေရှုပ်နေလျှင် ဘေးမှာ ခဏခေါက်၍ချုံ့ထားနိုင်ပြီး လိုအပ်လျှင် Click တစ်ချက်နှိပ်၍ ပြန်ဖော်နိုင်ပါသည်။ နားနဲနဲရှုပ်နေသေးရင် အောက်ကပုံ လေးကိုကြည့်လိုက်ပါ။




အကယ်၍ Palettes တွေကို ဟိုရွှေ့ဒီရွှေ့နဲ့ပြောက်သွားလို့ နဂိုအတိုင် ပြန်ဖြစ်ချင်တယ်ဆိုရင်တော့ Window>Workspace>Reset Palette Locations ကိုနှိပ်လိုက်ပါ။


The Help Menu


နောက်ဆုံး Menu တစ်ခုကတော့ Photoshop ရဲ့ Help Menu ပါပဲ။ Photoshop နဲ့ပတ်သက်သမျှ အကြောင်း အရာတွေ အပြည့်စုံဆုံးနေရာပါပဲ။ Search Function ပါဝင်သောကြောင့် သိလိုသောအကြောင်းအရာကို လွယ်လင့်တစ်ကူ ရှာဖွေနိုင်ပါတယ်။



photoshop ဖြင့် photo အသားထပ်ပြုလုပ်ခြင်း

photoshop ဖြင့် မှန်ကွဲထဲတွင်မျက်နှာထည့်ပြုလုပ်ခြင်း


photoshop ဖြင့် photo filter အသုံးပြုနည်း

photoshop cs4 ဖြင့် ရေပူပေါင်းလေးပြုလုပ်ခြင်း

photoshop ဖြင့် photo ဒီဇိုင်းပြုလုပ်ခြင်း

photoshop cs5 ဖြင့် photo ဒီဇိုင်း ပြုလုပ်ခြင်း