Saturday, 3 March 2012

photoshp tool အကြောင်း

Menu Bar ထဲမှာ File,Edit,Image,Layer,Select,Filer,Analysis,View,Window,Help

တို.ပါဝင်တယ်။ Option Bar ဟာ Tools Bar အတွင်းရှိ Tool တစ်ခုခုပေါ်မူတည်ပြီ Setting များ

ပြောင်းလဲသွားသည်။ Tools Bar ဆိုတာပုံများကိုဒီဇိုင်းဖန်တီးရန်ပစ္စည်းကိရိယာများထားသော

Bar ဖြစ်သည်။ သူငယ်ချင်းတို.File အသစ်ခေါ်ချင်ရင် Menu Bar ထဲက File ကိုကလစ်နှိပ်ပြီ

File အသစ်ခေါ်နိုင်ပါတယ်။ထိုအခါ New ဆို ပြီDocument တစ်ခုကျလာပါလိမ့်မယ်ထို Document

ထဲမှာစာရွက် Size ရွေးပေးရပါတယ်။Preset မှာStandard စာရွက်Size ရွေးပေးရမှာပါ(ဥပမာ-A4,4.6)

တို.ဖြစ်ပါတယ်။Width ဆိုတာအတိုင်အတာတစ်ခုဖြစ်ပါတယ်Heigh ဆိုတာကလက္မဖြစ်ပါတယ်ဥပမာ-

mm,cm,inch,…..တို.ဖြစ်ပါတယ်။Resolution မှာ Pixels/inch သို.မဟုတ် Pixels/cm ရွေးပေးရပါမယ်

Pixels ဆိုတာဓာတ်ပုံတစ်ပုံဖြစ်ရန်အတွက်အစက်တစ်စက်ဖြစ်ပါတယ်။ Pixels/inch ဆိုတာတစ်လက္မပတ်လည်

ရှိdimition 100 ဆိုလျှင် 300×300=90000 အတွင်းရှိအရေအတွက်ဖြစ်ပါတယ်။ Colour Mode ဆိုတာက

ပုံတစ်ပုံရဲ.ရောင်ထွက်ရှိမှုများကိုရွေးချယ်ရန်ဖြစ်ပါတယ်။အရောင်ရဲ.အရည်အသွေးဖြစ်ပါတယ်။Colour Mode ထဲမှာ

Bitmap, Gray Scale, RBG Colour, CMYK Colour တို.ပါဝင်ပါတယ်။ Bitamp ဆိုတာအဖြူ ၊အမဲ ဖြစ်ပါတယ်။

Gragy Scale ဆိုတာ ခဲရောင်၊အဖြူရောင်ဖြစ်ပါတယ်။RGB ဆိုတာသုံးရောင်အတွင်အရောင်စက်များဖြစ်ပါတယ်။

CMYK Colour ဆိုတာ အရောင်စက်များဖြစ်ပါတယ်။ C=cyan ဆိုတာ (အပြာနု)၊ M=Magenda ဆိုတာ(မရမ်းရောင်)

Y=Yellow ဆိုတာ(အ၀ါရောင်)၊ K=Black ဆိုတာ(အရောင်စုံ) စသည်တို.ဖြစ်ပါတယ်

အနီးအဝေးကြည့်ခြင်းများ

F ကိုနှိပ်သုံးကြိမ်နှိပ်ပြီအမြင်(၃)မျိုးပြောင်းနိုင်ပါတယ်

နောက်ပြီ Ctrl နဲ.+ တွဲနှိပ်ရင်အနီး၊Ctrle နဲ. – တွဲနှိပ်ရင်အဝေး တို.ဖြစ်ပါတယ်

Tools Bar ထဲကToolsများကြောင်း

Maquee Tool အသုံးပြုနည်း

Maquee Toolဆိုတာအတိုင်အတာတစ်ခုပါပဲကိုလိုချင်တဲ့အတိုင်အတာကို Select ပေးတာပါMaquee Toolကို Right Clip နှိပ်ပြီ

Elliptical Marquee Tool, Single Row Marquee Tool, တို.ကိုပြောင်းနိုင်ပါတယ်သုံးရတာချင်တော့တူပါတယ်ပုံသဏ္ဍာန်ပြောင်း

သွားတာပါ။ကိုယ့်ပုံလေးတွေရဲ.အနားစွန်းများကိုငှက်တောင်မွေးကဲ့သို. အနားစွန်းများကိုဖွာသွားအောင်လုပ်ချင်ရင်Option Bar ပေါ်က

Feather ထဲမှာလုပ်ပြုလုပ်နိုင်ပါတယ်။

Move Tool အသုံးပြုနည်း

Move Tool ကပုံတွေကိုရွေ.ခြင်း၊Altကိုဖိပြီ copy ကူးခြင်းတို.ပြုလုပ်နိုင်ပါတယ်

ထို.နောက်ပုံမှန်အတိုင်ပြန်ထားလိုလျှင် Ctrl+Alt+2 ကိုနှိပ်လိုက်ပါ။

Lasso Tool အသုံးပြုနည်း

Lasso Tool ကစမှတ်ကနေဆုံးမှတ်ကို Polygonal Lasso Tool ဆက်ပေးတာဖြစ်ပါတယ်

ဥပမာပြောရရင် ကိုလိုချင်တဲ့ပုံကိုဝိုက်ပြီSelect ပေးတာပ။ါ Lasso Tool ကို right Clip နှိပ်ပြီ

Polygonal Lasso Toos , Magnetc Lasso Tool ,တို.ကိုပြောင်းနိုင်ပါတယ်ထို Toolတွေက

တော့အသုံးပြုရတဲ့နေရာတွေတူပါတဲ့ဒါပေးမဲ့အလုပ်လုပ်ပုံတော့မတူပါဘူးနည်နည်ကွဲပါတယ်

အခုခေတ်မှာတော့ Magnetc Lasso Tool ကိုအသုံးများတာကိုတော့တွေ.ရပါတယ်။

Megic Wand Tool အသုံးပြုနည်း

Megic Wand Tools ကနောက်ခံအရောင်တူတွေကို Select ပေးတာပါ။Megic Wand Tools

ပေါ်ကို Right Clip နှိပ်ပြီ Quick Selection Tool ပြောင်းလို.ရပါတယ်အဲ့ဒါကလည်းအသုံးပြု

တဲ့နေရာချင်တူပါတယ်ဒါပေမဲ့နည်နည်တော့ကွာတယ်နော်။

Crop Tool အသုံးပြုနည်း

Crop Tool ကိုပုံတစ်ပဲရဲ. လိုအပ်တဲ့အပိုင်းကိုဖြတ်ယူရာတွင်သုံးပါတယ်နောက်ပြီကိုဖြတ်ယူမဲ့

SizeကိုOption Bar တွင်ရှိသော Width ,Height,Resolution တို.နေရာတွင်ထည့်ပြီဖြတ်နိုင်ပါတယ်

Spot Healing Brush Tool အသုံးပြုနည်း

Healing Brush Tool ကို Alt နှင့်တွဲနှိပ်ပါ Healing Brush Tool က Spot လေတွေကိုဖျောက်တာပါ

Sopt Healing Brush Tool ပေါ်ကို right clip နှိပ်ပြီ Patch Tool ,Red Eye Tool တို.ပြောင်းနိုင်ပါတယ်

Patch Tool ကတော့ Healing Brush Tool နဲ.အသုံးပြုပုံခြင်းမတူပါဘူး Patch Tool ကတော့မကောင်းတဲ့

နေရာကိုဝိုက်ပြီတော့ကောင်းတဲ့နေရာကဟာကိုယူလိုက်တာပါ။ Red Eye Tool ကတော့အသုံးမလိုပါဘူးအသုံး

မပြုကျပါဘူးအဲ့ဒီအတွက်ကြောင့်သူငယ်ချင်းတို.လည်းအသုံးမလိုဘူးထင်လို.မတင်ပေးတာပါနော်

Brush Tool သုံးပြုနည်း

Brush Tool ကတော့ဓာတ်ပုံကို ကြယ်ပုံလေးတွေဘာတွေထည့်တဲ့နေရာမှာသုံးပါတယ် Option Bar ပေါ်မှာ

Brush ပုံလေးတွေပြောင်းယူနိုင်ပါတယ် Brush Tool အပေါ်ကို Right Clip နှိပ်ပြီ Colour Replacement Tool,

Pencil Tool တို.ပြောင်းနိုင်ပါတယ်။Colour Replacement Tool ကတော့ဓာတ်ပုံတွေကို Cololur ဟောင်သွားအောင်လုပ်

လုပ်တဲ့နေရာမှာသုံးပါတယ်။ Pencil Tool ကတော့ပန်းချီတွေဆွဲတဲ့နေရာမှာသုံးပါတယ် Option Bar ပေါ်မှာ Brush ပုံလေး

တွေရွေးလို.ရတယ်နော်

Clone Stamp Tool အသုံးပြုနည်း

Clone Stamp Tool ကတော့ ပုံတူလေးတွေပွားတာပါ သူကတော့မျက်နှာလေးတွေကိုနှစ်ခုပုံ

တူဓာတ်ပုံတစ်ပုံထဲမှာပွားတဲ့နေရာမှာအသုံးများပါတယ် Clone Stamp Tool ပေါ်ကို Right Clip

နှိပ်ပြီ Pettern Stamp Tool ကိုပြောင်းလို.ရပါတယ် Pettern Stamp Tool ကတော့ဓာတ်ပုံပေါ်မှာ

ကျောက်ခဲပုံလေးတွေဘာလေတွေထည့်လိုရပါတယ်။အော် Clone Stamp Tool အကြောင်းပြောစရာ

နည်နည်ကျန်သွားလို. Clone Stamp Tool ကAlt နဲ.တွဲနှိပ်ပြီသုံးရတာနော်

History Brush Tool အသုံးပြုနည်း

History Brush Tool ကတော့ ပုံတွေကိုဘယ်လိုပဲအရောင်တွေနဲ.ခြယ်ပြစ်ပါစေအဲ့ဒါလေးနဲ.

ကလစ်လိုက်နှိပ်လိုက်ရင်မူလအတိုင်ပြန်ဖြစ်သွားပါတယ် ကျွန်တော်ပြောတာ ကွန်ပျူတာထဲ

က Adobe Photoshop ထဲမှာပြောတာနော်အပြင်ကအရောင်တွေပေနေတာကိုတော့

လုပ်လို.မရဘူး History Brush Tool ပေါ်ကိုကလစ်နှိပ်ပြီ Art History Brush Tool

ကိုပြောင်းလို.ရပါတယ် Art History Brush Tool ကတော့ပုံလေးပေါ်မှာဖန်မျက်နှာပြင်

ပေါ်မှာရေလောင်ထားရင်မှုန်.နေသလိုမှုန်.သွားအောင်လုပ်တဲ့ဟာပါ

Eraser Tool အသုံးပြုနည်း

Eraser Tool ကတော့အရောင်တူတာတွေကိုဖြတ်တာပါ ဒီတိုင်ဖြတ်လို.မရပါဘူး

layer တွင် Barck ground ကို 0 ထားပေးပါ Eraser Tool ပေါ်ကို right clip နှိပ်ပြီ

Back ground Eraser Tool ပြောင်နိုင်ပါတယ်နောက်ခံ Back ground တွေကိုပြတ်တာပါ

photoshop Liquify tool အသုံးပြုခြင်း

Photoshop ထဲမှာTool တွေက အများကြီးဆိုတော့ အားလုံးသိဖို မလွယ်တာ

တော့အမှန်ပဲ သိထားတဲ့ နည်းလေးတွေအားလုံးကို မျှဝေပါ့မယ် ပထမနည်း

ကတော့ ပုံကို ရုပ်ဆိုးအောင်လုပ်လို့ အရမ်းလွယ်တယ် နမူနာအဖြစ်ကောင်

မလေးပုံလုပ်ပြပါ့မယ်(သူမသိကိုယ်ကြိုက်ပါ) အဲ့ဒီTool လေးက၀တဲ့ သူပိန်

အောင်လုပ်လို့ ရသလို ပိန်တဲ့သူတွေလည်း ကြည့်ကောင်းအောင်ပြင်ဆင်လို့ 

ရပါတယ်ဥာဏ်၇ှိသလိုသုံးနော်......။




(၁)Photoshop ကိုဖွင့် File ကိုနှိပ် Open ကနေပုံတစ်ပုံယူလိုက်

(၂) Filter ကိုနှိပ် Liquify ကိုရွေးပြီးဘေးမှ၇ှိတဲ့ Tool တွေကိုသုံးပါ

Electric text ပြုလုပ်ခြင်း

အဆင့်-၁

ပထမဆုံး နောက်ခံကာလာအနက် 400×300 pix နဲ့ ဖိုင် အသစ်တစ်ခုစောက်ပါမယ် ။
font style ကို Matura MT Script… သုံးထားပါတယ် ။


ပုံ-၁
ထို့ နောက် ထို text ကို duplicate သုံးခုလောက်လုပ်ထားလိုက်မယ်..။ ပြီးရင် အပေါ်ဆုံးကနှစ်ခုကို ဖျောက်ထား ပြီးတော့ အောက်ဆုံးက တစ်ခုနဲ့ background layer ကို merge down ပေး ပြီး ပေါင်းလိုက်မယ် ။ ပြီး သွားရင်တော့ ထို background layer ကို
filter > style > wind ထည့်ပါမယ် ။



ပုံ-၂
ပထမ တစ်ကြိမ်မှာ wind setting ကအောက်က အတိုင်းပါ ။ direction = From the right



ပုံ-၃
ပြီးရင် Ctrl+ F နဲ့ wind နှစ်ကြိမ်ထပ်ထည့်ပါမယ် ။



ပုံ-၎

ဒုတိယ တစ်ကြိမ် ထပ်ထည့်မယ် wind ထပ်ထည့်မယ်။ ဒါပေမယ့် ဘယ်နဲ့ ညာပြောင်းမယ် ။ direction =from the left


ပုံ-၅

ပြီး ရင် Ctrl + F ကိုနှစ်ကြိမ်ဖိ ပြီး wind ကို နှစ်ခါဆင့်ထည့်မယ် ။

ဒီတစ်ခါတော့ background layer ကို Image > Image Rotation > 90ံCW နဲ့  တစ်စောင်းလှည့်မယ် ။


ပုံ-၆
ဒီလိုလှည့်ပြီးရင်

တတိယ အကြိမ် wind ထပ်ထည့်မယ် ။ direction = from the right



ပုံ-၇


ပြီး ရင် Ctrl + F ကိုနှစ်ကြိမ်ဖိ ပြီး wind ကို နှစ်ခါဆင့်ထည့်မယ် ။


ထို့ နောက် စတုတ္တထ အကြိမ် wind ထပ်ထည့်မယ်။ direction = From the left



ပုံ-၈


ပြီး ရင် Ctrl + F ကိုနှစ်ကြိမ်ဖိ ပြီး wind ကို နှစ်ခါဆင့်ထည့်မယ် ။


လေးကြိမ်မြောက် wind ထည့်ပြီးသွားရင် စောစောက 90 ဒီဂ၇ီလှည့်ထားတာ ကိုအတည့်ပြန်လှည့်ပါမယ် ။
Image > Image rotation > 90ံ CCW


ပြီးရင် ထို background layer ကို filter > Render > Ripple ထည့်ပါမယ် ။




ပုံ-၉


Ripple setting က Amount – 15 ပါ ။



ပုံ-၁၀



ပုံ-၁၁


ထို့ နောက် ထို စောစော က duplicate လုပ်ထားတဲ့ text layer တစ်ခုကို မျက်စေ့ဖွင့် ။ layer palette မှာ right click on layer > Rasterize layer လုပ်ပါမယ်..။ ထို့ နောက် ထိုtext layer ကို Filter > Render > Ripple ထည့်ပါမယ်။ Ripple amount=105 ပါ။


အောက် က back ground နဲ့  နောက်တစ်ကြိမ် merge down လုပ်ပြီး ထပ်ပေါင်းမယ် ။
ပြီးရင် Ctrl + U နဲ့  Hue/saturation ကိုသွားပြီး ကာလာညှိပါမယ် ။
မိမိစိတ်ကြိုက် ကာလာ လုပ် ညှိနှိုင်ပါတယ် ။ ကျွန်တော့ setting ကတော့အောက်မှာပါ။



ပုံ-၁၂


ထွက်လာမယ့်ပုံက



ပုံ-၁၃


ထို့ နောက် တတိယမြောက် copy text layer ကို အပေါ်က အတိုင်း Ripple ထပ့်မယ်..။ ပြီးရင် blending mode ကို overlay ပြောင်း ပြီး အနည်း ငယ် ဘေးကိုေ၇ွှ့ လိုက်မယ်။။
ဒါဆိုရင်ပြီးပြီပေါ့ ။


photoshop tool အသုံးများအကြောင်

Photoshop အကြောင်းသိကောင်းစရာများ

Photoshop ကတော့ ဒီဇိုင်းလုပ်တာပဲဖြစ်ဖြစ်၊ မိမိလိုချင်တဲ့ ဒီဇိုင်း မျိုးဖန်တီးတာပဲဖြစ်ဖြစ်ပေါ့ မရှိမဖြစ်လိုအပ်ပါတယ်...
နည်းပညာဆိုတာ မသိသေးခင်တော့ ခက်ပေမယ့် သိသွားတော့လဲ...အော် ဒါလေးများ ငါလဲသိတာပေါ့။
လွယ်လွယ်လေးပါဆိုတာမျိုး ဖြစ်သွားလောက်အောင် ဖြစ်လာပါလိမ့်မယ်...
ဒါကြောင့်မို့
Photoshop လုပ်တော့မယ်ဆို Photoshop အကြောင်းလေးတော့ သိထားဖို့လိုမယ်နော်...
အားလုံးပဲ လေ့လာနိုင်အောင် အောက်မှာ မျိုးက တင်ပြပေးထားပါတယ်နော်...

Photoshop အခြေံ (Photoshop 8.0)( အသုံးများသော Tools များအကြောင်း)

Photoshop ကိုစတင်လေ့လာသူများအတွက် လွယ်ကူစေရန်ရည်ရွယ်ကာ ရေးသားလိုက်ခြင်းဖြစ်ပါသည်။
မျိုး အနေ့နဲ့ သိလွန်း တတ်လွန်းလို့ မဟုတ်ပါဘူး...အခြေခံအဆင့်လောက်သာ ရှိပါတယ်...သို့ပေမဲ့ သူငယ်ချင်းများက အကြံပေး တောင်းဆိုလို့တင်ပြပေးခြင်းသာဖြစ်ပါတယ်...
မျိုးလည်း ဆိုဒ်ပေါင်းစုံမှ လေ့လာကာ တင်ပြပေးခြင်းသာ...

Tool Menu တွင် ပါရှိသော Tools များဧ။် လုပ်ဆောင်ပုံများ နှင့် လုပ်နိုင်စွမ်းများကို သိရှိရန်လိုအပ်ပါတယ်...
အောက်ပါပုံသည် Photoshop တွင်ပါဝင်သော Tool Menu ဖြစ်ပါသည်...
Tools များ ထဲမှာ အသုံးများသော Tools များအကြောင်းကို မျိုး က နားလည်သလောက် တင်ပြပါမယ်။။။

Photobucket


(1)- Marquee Tools



Photobucket
ပုံတွင် ပြထားသော လေးထောင့်အကွက်လေးသည် Marquee Tools ဧ။်ပုံဖြစ်ပါတယ်...ထိုပုံကို Right Click ထောက်လိုက်လျှင် Rectangular Marquee Tools, Elliptical Marquee Tool, Single Row Marquee Tools, Single Column Marquee Tools ဟူပြီး လေးမျိုးတွေ့ရပါလိမ့်မယ်။
မိမိတို့သုံးပြုချင်သော Marquee Tool ကိုမောက်စ်ဖြင့် ကလစ်ထောက်ကာေ၇ွးချယ်နိုင်ပါသည်...အသုံးများသော Marquee Tools မှာ Rectangular Marquee Tools နှင့် ဖြစ်ပါသည်...ထိုနှစ်မျိုးအကြောင်းကိုသာ ရှင်းပြပေးပါ့မယ်...
Rectangular Marquee Tool



Rectangular Marquee Tool သည့် လေးထောင့်ပုံများ ရေးဆွဲရာတွင် အသုံးပြုသည်။ ပုံများကို လေးထောင့်ပုံ ရွေးချယ်လို လျှင်လည်း အသုံးပြုသည်။ Shift ကို နှိပ်ပြီးးမောက်စ်ဖြင့် ဖိဆွဲပါက စတုရန်းကွက် ကျကျ လေးထောင့်ပုံကို ရရှိပါမည်။ ပုံပါအတိုင်း လေးထောင့်ပုံ အကွက်ကလေး ဖြစ်သွားလျှင် Copy ကူးယူကာ မိမိကြိုက်နှစ်သက်ရာ နေရာသို့ ရွှေ့ နိုင်ပါသည်။


(2)- Elliptical Marquee Tool

Photobucket

Elliptical Marquee Tool ကတော့အ၀ိုင်းပုံ ဘဲဥပုံများဆွဲ ရာမှာ အသုံးပြုပါတယ်။ Shift ကိုနှိပ်ပြီး ဆွဲလျှင် အချိုးအစား ညီသော စက်ဝိုင်းပုံရပါမယ်။
ပုံများကို ဘဲဥပုံ အ၀ိုင်းပုံများ ဖြတ်ချင်လျှင်လည်း အသုံးပြုပါတယ်။ အ၀ိုင်းပုံရေးဆွဲရာတွင် မှတ်သားရန်မှာ Elliptical Marquee Tool ကို ရွေးလိုက်သည်နှင့် ပုံတွင် အနီဝိုင်းလေးနှင့် ပြထားသော Anti-aliased ဆိုသော အမှတ်ကလေးပြထားသည်။ ထိုနေရာတွင် အမှတ်ပေးလိုက်မှသာ စက်ဝိုင်းဧ။် အနားသားလေးများသည် ပြေပြစ်ချောမွေ့ မည်ဖြစ်ပါသည်။
အမှတ်မပေးခဲ့လျှင် စက်ဝိုင်းပုံ ဟာ အနားသတ်များ လှေခါးထစ်ကဲ့သို့ အညီညာဖြစ်နေပါလိမ့်မည်။


(3)- Move Tool


Photobucket


Move Tool သည်ပုံများကို နေရာရွှေ့ ရာတွင် အသုံးပြုသည်။

(4)- Lasso Tools

Photobucket
Lasso Tools တွင် Lasso Tool, Polygonal Lasso Tool, Magnetic Lasso Tool ဆိုပြီး သုံးမျိုးပါရှိပါတယ်။
Lasso Tools ပေါ်တွင် Right Click ထောက်လိုက်မှသာ သုံးခုလုံးကို ပေါ်လာမှာဖြစ်ပါတယ်။
ပြီးလျှင် မိမိအသုံးပြုလိုသည့် Tool ကိုရွေးချယ်လိုက်ပါ။။ သူ့ တွင်လည်း Anti-aliased အမှတ်အသားပါရှိပါသည်။
Lasso Tools ကိုအသုံးပြုနည်းပါတယ် ဘာလို့လဲဆိုတော့ Lasso Tools ကိုသုံးတဲ့အခါမှာ မောက်စ်ကို နိုင်နင်းမှသာ ကောင်းကောင်းအသုံးပြုနိုင်မှာဖြစ်လို့ပါ။
ပုံများတွင် မိမိရွေးချယ်လိုသော အပိုင်းကို Lasso Tools ဖြင့်လည်း ရွေးချယ်နိုင်ပါတယ်။ Lasso Tools ဖြင့်ေ၇ွးချယ်လိုက်ရင် မောက်စ်ကို ဆက်တိုက် ဖိထားပြီး လိုချင်သော နေရာကို ဆွဲချရပါမယ်။
Magnetic Lasso Tool


Magnetic Lasso Tool သည် သံလိုက်ကဲ့သို့ အရောင်နီးစပ်သော နေရာများကိုအလိုအလျှောက်ေ၇ွးချယ်သွားပါတယ်။။ အရောင်ကွဲသော နေရာ(ဥပမာ - နောက်ခံအရောင် အဖျော့တွင်ရိုက်ထားသော ပုံများ) များကိုရွေးချယ်ရာတွင် သင့်တော်ပါလိမ့်မယ်။
မောက်စ်ကို ထောက်ကာ လွှတ်ကာ လုပ်ပြီး ရွေးချယ်နိုင်သလို မောက်စ်ကို မထောက်ပဲ မိမိလိုသောနေရာကိုသာ တင်လိုက်ရုံဖြင့်လည်း အရောင်နီးစပ်တူသော နေရာကို ရွေးချယ်ပေးပါလိမ့်မယ်။

Magic Tool



Photobucket


Magic Tool ကို အရောင်တူများ (အရောင်တန်ဘိုးတူညီသောနေရာများ) ရွေးချယ်ရာတွင် အသုံးပြုနိုင်ပါတယ်။ (ဥပမာ- ပုံတွင် အဖြူရောင်ပါနေသော နေရာတစ်ခုကို Magic Tool ဖြင့်ထောက်လိုက်လျှင် ထို အဖြူရောင်နှင့် စပ်ဆက်နေသော (အရောင်တန်ဘိုးတူညီသော) နေရာ
တစ်လျှောက်ကိုေ၇ွးချယ်ပေးသွားပါတယ်။


(5)- Crop Tool

Photobucket

Crop Tool ကိုအရမ်းကြီးနေသော ပုံများထဲတွင် မိမိအလိုရှိသလောက် နေရာလေးကိုသာ
ကျန်စေချင်သော အခါ အသုံးပြုပါတယ်။ Crop Tool ဖြင့် ရွေးချယ်လိုက်သောအခါ လေးထောင့်ကွက်လေးပေါ်ပါလိမ့်မယ်။ လေးထောင့်ကွက်လေးအား ဘေးအနားရှိ လေးထောင့်ကွက် သေးသေးလေးများပြထားသော
နေရာများမှ မောက်စ်ဖြင့် ထောက်ကာ ချုံ့ နိုင် ချဲ့ နိုင်ပါတယ်။ ထို့နောက် ပေးလိုက်ကြည့်လိုက်သောအခါ မိမိရွေးချယ်ထားသော အပိုင်းကလေးသာ ကျန်ခဲ့သည်ကို တွေ့ ရပါလိမ့်မယ်။

(6)- Healing Brush Tool

Photobucket
Photobucket

ပုံများတွင် မလိုအပ်သော အရာများကို အခြားနေရာမှ ပုံ၏အစိတ်အပိုင်းများဖြင့်ဖြည့်စွက်ရာတွင် ၄င်း၊ ဖယ်ရှားရာတွင် ၄င်း၊ အသုံးပြုပါတယ်။
ဓါတ်ပုံ အဟောင်းများကို ပြုပြင်ရာတွင်လည်း သုံးပါတယ်။ အသုံးပြုပုံမှာ မိမိဖြည့်လိုက်သောနေရာကို Alt နှိပ်ပြီး ထောက်ထားသော နေရာမှ ပုံရိပ်များ လာထင်ပေးနေပါလိမ့်မယ်။
ပန်းပွင့်ကလေး ပျောက်သွားသည်ကို တွေ့ ရပါလိမ့်မယ်နော်။ ပုံတွင်ကြည့်ပါ...

Patch Tool

Photobucket


Patch Tool ကိုကျတော့ မိမိတို့ေ၇ွးချယ်ထားသော နေရာတွင် အခြားနေရာမှ ပုံ၏အစိတ်အပိုင်းဖြင့်သော်၎င်း ၊ Photoshop မှပေးထားသော Pattern များဖြင့် အစားထိုးရာတွင့်၎င်း၊
အသုံးပြုပါတယ်။


Photobucket

ပုံတွင်ကြည့်ပါ...မိမိ မလိုချင်သော (ဖျက်ချင်သော) နေရာကိုမောက်စ်ဖြင့် ထောက်ဆွဲပြီး ရွေးလိုက်ပါ။ ရွေးချယ်ပြီးလျှင် အစားထိုးချင်သည့် ပုံ၏အစိတ်အပိုင်းနေရာသို့
စောစောကေ၇ွးချယ်ထားသော နေရာလေးကို မောက်စ်ဖြင့် ဖိခွဲကာ ရွှေ့ လိုက်ပါ။ ထိုအခါ မိမိရွေးချယ်ထားသော အရာလေးနေရာတွင် မောက်စ်နှင့် ဖိဆွဲပြီး ရွှေ့ လိုက်သော အစိတ်အပိုင်းဖြင့် အစားထိုးပြီးသား ဖြစ်နေပါလိမ့်မယ်။ ပြီးသွားရင် Ctr+D ကိုနှိပ်လိုက်ပါ။


ပုံတွင် အသဲပုံလေးများ နေရာတွင် မျိုးပုံလေးများဖြင့်အစားထိုးပြီးသားဖြစ်သွားပါသည်။ပုံကိုကြည့်ပါ...

Photobucket


ဒီနေ့တော့ တစ်ပိုင်းပဲ တင်ပြပေးမယ်နော်...မအားလပ်တဲ့ကြားကတင်ပေးရလို့ပါနော်...


နောက်ထပ်လည်းတင်ပြပေးပါ့မယ် စောင့်မျှော်ပေးပါ...










Actionအသုံးပြုပုံနှင့် ရေဆေးပန်းချီပြုလုပ်နည်း

၁။ လုပ်ထားသမျှအားလုံးအား အလွယ်တကူပြန်လည်အသုံးပြုရန်.
၂။ Menu bar ရှိ window >> Action .

၃။ Action Palette တွင် အောက်ခြေရှိ Create new set ကို Click ပါ.

၎။ Create new set box ကျလာရင် name ကိုကြိုက်ရာပေးပါ.

၅။ Action Palette အောက်ခြေရှိ Create new action buttom ကိုထပ်ပြီး Click ပါ.

၆။ Create new action box တွင်
ှ>> Set >> ၃ က Name ကိုပေးပါ.
>> Function key တွင် F12 ပေးပါ.
>> Ok ကို click ပါ.
အဲဒါဆိုရင် Action ဖြင့်မိမိလုပ်တာကို မှတ်ပေးနေပါပြီ.

နံပါတ် ၆ အဆင့်ထိ လုပ်ပြီးပါက မိမိလုပ်ချင်သော Photoshop ကိုစတင်လုပ်ပါမယ်..
ဥပမာ >>> ကျွန်တော်တို့ ပုံတစ်ခုကို ရေဆေးပန်းချီပုံစံပြောင်းမည်ဆိုပါစို့...

၁။ ပြုလုပ်ချင်သော ပုံကိုဖွင့်ပါ.

၂။ Menu bar >> Filter >> Artistic >> Water color.

၃။ Water color box တွင် Water color ကိုရွေးပြီး Ok ကို Click ပါ.

၎။ Fliter >> Render >> Lighting Effect.

၅။ Lighting Effect box တွင် Omni ကိုရွေးပါ.

၆။ Edit >> Fade Lighting Effects.

၇။ Fade box တွင် Opacity ကို 50%ထားပါ.

အဲဒါဆိုရင် ရေဆေးပန်းချီပုံလေးရပါပြီ.

Photoshop ဖြင့် ရေဆေးပန်းချီပုံလုပ်ပြီးပါက
၇။ Action Palette အောက်ခြေရှိ Stop playing / Recording ကို Click ပါ.
ဒီအဆင့်ထိဆိုရင် Action Toolဖြင့် မိမိလုပ်နေသော Project ကို မှတ်ပြီးပါပြီ..

၈။ Action ကိုပြန်လည်အသုံးပြုလိုပါက
>> အခြားနောက်ထပ်ပြုလုပ်ချင်သော ပုံကိုဖွင့်ပါ.
>> Action Palette တွင် ၄အဆင့်တွင်ပေးထားသော Name ကို Select ပေးပြီး Play ခလုပ်ကိုနှိပ်ခြင်းဖြင့် မိမိပြုလုပ်ပြီးသောရေဆေးပန်းချီကဲသို့ Result နောက်တစ်ပုံကိုအလွယ်တကူရရှိပါမည်.

မတူညီသောပုံ၂ ခုအားသပ်သပ်ရပ်ရပ်ထပ်မယ်

၁။ ပုံ၂ခုထပ်ရန်အတွက် မတူညီသောပုံ ၂ ခုကို ဖွင့်ပါ။

၂။ Tool box မှ Move Tool ဖြင့် Background ထားချင်သော ကားပုံပေါ်သို့ အခြားပုံအားဆွဲတင်လိုက်ပါ။

၃။ ပုံအကြီးအသေးကို Control+T ဖြင့်ချိန်ပါ။ အဆင်ပြေပြီဆိုရင် Enter click ပါ။



၎။ အပေါ်မှထပ်ထားသော ပုံကို Select ပေးပြီး Layer >> Layer mask >> Reveal All ကို click ပါ။

၅။ Tool Box မှ Gradient Tool ကို ရွေးချယ်ပေးပါ။

၆။ ထို Gradient Tool ဖြင့် ပုံတွင်ပြထားသည့်အတိုင်း မြှားဖင် မှ မြှားခေါင်းအထိဆွဲလိုက်ပါ။ (လိုချင်သောအနေအထားရောက် သည်အထိ)

၇။ ထိုသို့ ဆွဲလိုက်ပါက မတူညီသော ပုံ၂ခုကို သပ်သပ်ရပ်ရပ်ထပ်နိုင်ပါပြီ။

အဆင်ပြေ ချောမောစွာလုပ်နိုင်ပါစေ. အဆင်မပြေပါက Cbox တွင်အော်ခဲ့ပါခင်ဗျာ..