Saturday 3 March 2012

Frenzy Photoshop

1.ပထမဆုံး background layer ကို Ctrl+J နဲ့ duplicate လုပ်ထားလိုက်ပါတယ်။ပြီးရင် Filter>Other>HighPass မှာ radius ကို 5 pixels ထားထားပါ။ ပြီးရင် blend modeမှာ Overlay လို့ပြောင်းပါတယ်။


2.ပြီးရင် နဂို background layer ကို duplicate လုပ်ပြီးတော့ ရလာတဲ့ layer ကို အပေါ်ဆုံးကိုတင်လိုက်ပါ။ Image>Adjustment>Desaturate လုပ်ပြီးတော့ blend mode ကို Hard Light လို့ပြောင်းလိုက်ပါတယ်။


3.ပြီးရင် layer တစ်ခုခုပေါ်မှာ right click နှိပ်ပြီး Flatten Image လုပ်လိုက်ပါတယ်။ပြီးရင် Ctrl+J နဲ့ duplicate လုပ်ပြီး Ctrl+F နဲ့ filter effect ထပ်သုံးပြီးတော့ blend mode မှာ Overlay လို့ပြောင်းလိုက်ပါတယ်။


4.ပြီးရင် အဲ့ layer ၂ ခုကို Flatten ပြန်လုပ်ပါတယ်။နောက်ပြီးတော့ Create New Adjustment Layer ဆိုတဲ့ icon ကနေ Curves ကိုရွှေးပြီး Input:57 Output:190 ကိုရွှေးပြီး OK ပါ။


5.Curve လုပ်ထားတဲ့ layer ကLayer mask ရဲ့ thumbnail ကို click နှိပ်ပြီးတော့ Ctrl+i ဆိုပြီး ပုံကို ပိုပြီးမှောင်အောင်လုပ်ထားလိုက်ပါတယ်။အဲ့ဒီနောက် foreground color ကို အဖြူရောင်ပြောင်းလိုက်ပါ။ပြီးရင် brush tool မှာ soft edged brush ကို diameter:15px hardness:15% (ကျနော်သုံးတဲ့ setting ပါ)နဲ့ မျက်လုံးကိုလင်းသွားအောင်ခြယ်လိုက်ပါ။


ဒါဆိုရင် ကျနော်တို့ frenzy effect သင်ခန်းစာပြီးပါပြီ။

0 comments:

Post a Comment