Friday 2 March 2012

Photoshop နဲ့ လွယ်လွယ်ကူကူမျက်လုံးဆွဲနည်း


©Soe Minn Tun
Photoshop အသုံးပြုပြီး လွယ်လွယ်ကူကူမျက်လုံးဆွဲကြည့်ရအောင်။


၁။ ဖိုင်အသစ်ဖွင့်ပါ။



၂။ Layer » New » Layer(Shift+Ctrl+N) ကိုနှိပ်၍ Layer အသစ်တစ်ခုယူပါ။


၃။ Foreground Color တန်ဖိုးကို R:145,G:100,B:0 ထား၍ Background Color ကို Default Black ထားပါ။


၎။ Elliptical Marquee Tool(M) ကိုယူ၍ ပုံပါအတိုင်းတန်ဖိုးများပြောင်းပေးပါ။



၅။ Click နှိပ်၍ Select လုပ်ပါ။ Select » Modify » Feather (Alt+Ctrl+D) တန်ဖိုးကို ၅ ထားပြီး Alt+Backspace ဖြင့်အရောင်ဖြည့်ပါ။
Filter » Render » Fibers… ကိုနှိပ်၍ ပုံပါအတိုင်းတန်ဖိုးများပြောင်းထည့်ပါ။ Filter » Distort » Spherize…ကိုနှိပ်၍ ပုံပါအတိုင်းဆက်လက်ပြုလုပ်ပေးပါ။ထို့နောက် Ctrl+D ဖြင့် Deselect ပြုလုပ်ပေးပါ။




၆။ Layer » Layerstyle » Blending Option ကိုဖွင့်၍ ပုံပါအတိုင်းတန်ဖိုးများပြောင်းထဲ့ပေးပါ။




၇။ Shift+Ctrl+N ဖြင့်လေယာ အလွတ်တစ်ခုယူပါ။ Foreground Color ကို Default White ထား၍ ပုံပါအတိုင်း Brush(B) ဖြင့်ရေးဆွဲပေးပါ။



၈။ Filter » Blur » Gaussian Blur…ကိုနှိပ်၍ Radius တန်ဖိုး 6.5 ထားပြီး ok နှိပ်ပါ။


(Image » Adjustments » Hue/Saturation…တန်ဖိုးကိုပြောင်းပေးခြင်းဖြင့် မိမိနှစ်သက်ရာအရောင်ပြောင်းပေးနိုင်ပါသည်။)


0 comments:

Post a Comment