Friday 2 March 2012

photoshop ဖြင့် gif ပြုပ်လုပ်ခြင်း

Gif Animation တွေကိုဖန်တီးရတာ သိပ်ပျော်ဖို့ကောင်းပါတယ်။ ဒီတစ်ခေါက် Tutorial ကို တချို့က ဖောင်းလာတာ၊ တချို့က ၀လာတာ၊ တချို့က ကြီးလာတာတဲ့။ အဲလို အမျိုးမျိုးခေါ်ကြလေသတဲ့။ အသုံးပြုသွားမယ့် Software တွေက Photoshop နဲ့ Image Ready တို့ပဲဖြစ်တယ်။

၁) အဲဒီအတွက် လိုအပ်တဲ့ Background နဲ့ Text ကို Photoshop မှာရိုက်ပါ။ Text Effect ကိုတော့ သင့်စိတ်ကြိုက်ထည့်ပေါ့နော်။



၂) ပြီးရင်တော့ Text Layer ကို (Layer > Duplicate Layer) သို့မဟုတ်၊ (Ctrl + J) ကိုနှိပ်ပြီး နောက်ထပ် Layer ၅ခု Duplicate လုပ်ပါမယ်။ Duplicated Layer တွေထဲကမှ Copy_1 ကိုသာဖွင့်ပြီး Original Layer ရယ် ကျန်တဲ့ Layer တွေကိုပါ မျက်လုံးပုံလေးနှိပ်ပြီး ခဏဖျောက်ထား ပါမယ်။



၃) Marquee Tools ထဲက Elliptical Marquee Tool ကို ရွေးပါ။


ပြီးရင် ဖွင့်ထားတဲ့ Text ရဲ့ ဘယ်ဘက်အစွန်ဆုံးနားကို Selection လုပ်ပါမယ်။ Complete Circle ရအောင် Shift ဖိပြီးရွေးပါ။ Space bar ကိုဖိရင်တော့ ရွေးရင်းနဲ့ ရွှေ့လို့ရပါလိမ့်မယ်။ Selection အရွယ်အစားကတော့ Text တစ်ခုလုံး အလျားရဲ့ ငါးပုံတစ်ပုံ 1/5 ခန့်ဖြစ်ပါတယ်။


၎) အဲဒီ Selection လုပ်ထားတဲ့ Text ကို (Filter > Distort > Spherize) လုပ်ပါ။ Amount = 100% ထားပါမယ်။ ဒါဆိုပုံအတိုင်းတွေ့ရပါမယ်။


၅) ပြီးရင် အဲဒီ Layer ကို ခဏဖျောက်ပြီး သူ့အပေါ်က Layer Copy_02 ကို ဖွင့်ပါ။ Layer ကို Select လုပ်ဖို့လည်း မမေ့ပါနဲ့။ Marquee Selection ကို ညာဘက်သို့ရွေ့ပါမယ်။ ပြီးရင် အထက်ကအတိုင်း (Filter > Distort > Spherize) လုပ်ပါမယ်။ နောက်ဆုံးလုပ်ခဲ့တဲ့ Filter ဖြစ်လို့ (Ctrl + F) လုပ်ရင်လည်းရပါတယ်။ ဒီနေရာမှာ သတိထားရမှာက Marquee ကို Move လုပ်တဲ့အခါမှာ Tool Selection ဟာ Move Tool (V) ထဲကို ရောက်မနေဖို့ပါပဲ။ Marquee Selection တွေထဲမှာပဲရွေးထားရပါမယ် (Selection ကိုရွေ့ချင်ရင် Selection tools များဖြစ်သော Marquee, Lasso, Magic wand တို့ဖြင့်သာရွေ့ရပါမယ်)။ ဒါဆို ပုံအတိုင်းတွေ့ရမှာပါ။

၆) အဲဒီအတိုင်းပဲ ကျန်တဲ့ Layer ၃ခုကိုလည်း တလှည့်စီဖွင့်ပြီး Spherize Effect ထည့်သွားပါမယ်။ ဒါဆိုအောက်ပါအတိုင်းတွေ့ရမှာပါ။ Text ဟာ ဘယ်ဘက်က ညာဘက်ကိုရွေ့ပြီး အလှည့်ကျ ဖောင်းသွားတာကိုတွေ့ရပါမယ်။

၇) ပြီးရင် ဒီပုံကို Save လုပ်ပြီး Image Ready ကနေပြန်ဖွင့်ပါမယ်။ Frame Order ကတော့ အထက်ကအတိုင်း အစဉ်အလိုက်ပဲဖြစ်ပါတယ်။ Frame Rate အနေနဲ့ Original Text ကို 1.0 sec ထားပြီး ကျန်တဲ့ Copy Layer တွေကိုတော့ 0.2 sec မှာ ထားပါမယ်။ ပြီးသွားရင်တော့ Gif File အနေနဲ့ပြောင်းပြီး save လုပ်ပါမယ်။ အောက်ပါအတိုင်းတွေ့ရမှာပါ။

ဒီ Tutorial က Text တွေအတွက်သာမဟုတ်ပါဘူး။ သင်ကြိုက်နှစ်သက်ရာပုံကိုပြုလုပ်လို့ရပါတယ်။ ပိန်တာ၊ ချိုင့်သွားတာမျိုးလိုချင်ရင်တော့ (Filter > Distort > Pinch) သို့မဟုတ် Spherize ကိုပဲ Negative Amount ပေးလိုက်လို့ရပါတယ်။ သင့်ချစ်သူ ဒါမှမဟုတ် သင်ဟာ ပိန်လွန်းလို့ အားငယ်နေသလား။ ဖောင်းဝကြီး Animation နည်းကို အသုံးပြုပါလို့ အကြံပေးချင်ပါတယ်။