Friday 2 March 2012

Photoshop CS3 သင်ခန်းစာ အခန်း – ၎


အခန်း – (၄)

Specifying Color Modes နှင့် Color Models အကြောင်း

ဒီအခန်းမှာ ပါဝင်မယ့်အကြောင်းအရာတွေကတော့

Color Models ◘ Color Modes ◘ Color Bit Depth and Why It Matters တို့ပါပဲ။

Color Models

Color Model ဆိုသည်မှာ စာရွက်ပေါ်(ပုံနှိပ်ထုတ်ရန်) သို့မဟုတ် ကွန်ပျူတာမြင်ကွင်းပေါ်တွင် ဖော်ပြရန်အတွက် မတူညီသော အရောင်စနစ်များ သတ်မှတ်ထားခြင်းဖြစ်ပါသည်။

Color Model ရှိအရောင်စနစ်များမှာ- ♦ RGB (Red, Green, Blue) ♦ CMYK (Cyan, Magenta, Yellow, Black) ♦ HSB (Hue, Saturation, Brightness) ♦ CIE Lab တို့ပါဝင်ကြပါတယ်။

အောက်တွင် Adobe Color Picker ကိုဖော်ပြထားပါတယ်။ သင်လိုချင်သောအရောင်ကို Click နှိပ်၍ရွေးယူနိုင်သလို ယာဘက်ရှိ Color model တန်ဖိုးများနေရာတွင် နှစ်သက်ရာ Color model နေရာ၌ အရောင်ကိန်းကဏန်းတန်ဖိုးများ ရိုက်ထည့်၍လည်း ရယူနိုင်ပါတယ်။


(Color picker အေက်ခြေရှိ Only Web Colors (check box) ကို ဖွင့်ပေးခြင်းဖြင့် Web Color သီးသန့်ရွေးယူနိုင်သလို ယာဘက်ရှိ Color Models (option box) တွင်လည်းနှစ်သက်ရာ Color Model ရွေးယူနိုင်ပါသည်)

Photoshop တွင် အရောင်တန်ဖိုးများ ရွေးယူရန်အတွက် Color palette ကိုလည်းထည့်သွင်းပေးထားပါတယ်။ Color palette ကိုယာဘက်ရှိ Palette များနေရာတွင် အောက်ပါပုံအတိုင်းတွေ့မြင်နိုင်ပါတယ်။ အကယ်၍မတွေ့ရလျှင် Window>Color ကိုနှိပ်ပါ။

Color palettte အောက်ခြေရှိ ရောင်စုံအလျှားလိုက်အတန်းလေးမှာ color spectrum ဖြစ်ပြီး ၄င်းပေါ်တွင် Click နှိပ်၍ Color ရွေးယူနိုင်ပါတယ်။


RGB Model

RGB model ကို ကွန်ပျူတာ မော်နီတာနှင့် TV screens တွေမှာ ဖော်ပြရာ၌ သုံးပြီး RGB တန်ဖိုးများမှာ 0 မှ 255 အထိပါဝင်ပါတယ်။ ဥပမာ သန့်စင်သော အစိမ်းရောင်ရရန်အတွက် အနီ(R) နှင့် အပြာ(B) တန်ဖိုးကို 0 ထားပြီး အစိမ်း(G)တန်ဖိုးကို 255 ထားရပါတယ်။ သန့်စင်သောအဖြူရောင်ကိုရဖို့ RGB တန်ဖိုးအားလုံးကို 255 ထားပေးရပါတယ်။ အမဲလိုချင်ရင်တော့ RGB တန်ဖိုးသုံးခုလုံးကို 0 ထားရပါမယ်။

RGB တန်ဖိုးများလျှင် အဖြူရောင်အလင်း ရောနှောပါဝင်မှုအား များလာပါသည်။ အကယ်၍ အရောင်တန်ဖိုးသုံးခုစလုံး၏ တန်ဖိုးကို 128 (255 ၏ တ၀က်) ထား၍ပေါင်းစပ်မယ်ဆိုရင် Medium Gray(အလင်းဆုံးအဖြူရောင်နှင့် အမှောင်ဆုံး အမဲတန်ဖိုးနှစ်ခုကြားရှိ အရောင်ဖြစ်သော မီးခိုးရောင်) ကိုရရှိမှာပါ။

CMYK Model

CMYK Model ကို printing (ပုံနှိပ်) ရန်အတွက်အသုံးပြုကြပြီး အရောင်တန်ဖိုးများကို ရာခိုင်နှုန်းများဖြင့်အသုံးပြုပါတယ်။ ၄င်းတွင် cyan(စိမ်းပြာရောင်), magenta(ပန်းခရမ်းရောင်), yellow(အ၀ါရောင်) နှင့် black(အမဲရောင်) ပါဝင်ပြီး အိမ်သုံး inkjet printer , hight-resolution Laser printers နှင့် ပုံနှိပ်လုပ်ငန်းသုံး ၊ စီးပွားရေးလုပ်ငန်းသုံး ပုံနှိပ်စက်များတွင် အသုံးပြုသည့် အရောင်လေးရောင်သုံး ပုံနှိပ်မှင်အရောင်များဖြစ်ပါတယ်။

six-color inkjet printer တွေမှာတော့ ၄င်းလေးရောင်အပြင် light cyan (စိမ်းပြာရောင်အဖျော့) နှင့် light magenta (ပန်းခရမ်းရောင်အဖျော့) နှစ်မျိုး ထပ်ပေါင်းထည့်ထားပါတယ်။

CMYK မှာအမဲရောင်(Black) ကို K ဟုသတ်မှတ်ရခြင်းမှာ B ကို အပြာရောင် (Blue) အဖြစ်သတ်မှတ်ပြီးသောကြောင့် ဖြစ်သည်။

HSB ModelHSB Model တွင် H မှာ Hue ခေါ်အရောင်၏အရေအသွေးကိုညွှန်းဆိုပြီး အရောင်စက်ဝိုင်း(Color wheel) ကိုအခြေခံထားပါတယ်။ ထို့ကြောင့် ၄င်းကို ဒီဂရီဖြင့်ဖော်ပြပြီး ဒီဂရီ (0-360˚) အတွင်း အနေအထားအလိုက် အရောင်အမျိုးမျိုးဖော်ပြပေးပါတယ်။ S ကတော့ Saturation ကိုရည်ညွှန်းပြီး အရောင်တစ်ရောင်၏ပြည့်ဝမှုပမာဏကို ရာခိုင်နှုန်းဖြင့်ဖော်ပြပါတယ်။Saturation ရာခိုင်နှုန်းနည်းလျှင် gray(မီးခိုးရောင်) ပါဝင်မှုများ၍ gray မပါဝင်သော သန့်စင်သည့်အရောင်သည် Saturation ရာခိုင်နှုန်း 100% ဖြစ်ပါတယ်။ အရောင်မပါဝင်သော neutral gray မှာ Saturation 0% ဖြစ်ပါတယ်။ Saturation color သည် color wheel ရဲ့အစွန်အဖျားဘက်မှာရှိပြီး color wheel ရဲ့အလယ်သို့နီးကပ်လာပါက Saturation လျော့နည်းလာပါတယ်။ အရောင်တစ်ရောင်တွင်ပါဝင်သည့် အဖြူရောင်ပမာဏ (အလင်းတောက်ပမှု) ကို Brightness ခေါ် B အဖြစ်ဖော်ပြပါတယ်။ ၄င်းကိုလည်း အမှောင်ဆုံး(အမဲရောင်) 0% မှ အတောက်ပဆုံး(အဖြူရောင်) 100% အထိ ရာခိုင်နှုန်းဖြင့်ဖော်ပြပေးပါတယ်။CIE Lab ModelLab(CIE L*a*b*) ကို နိုင်ငံတစ်ကာ စံချိန်စံညွှန်းများပြုစုသောအဖွဲ့အစည်းဖြစ်သည့် CIE(Commission International de L’ Eclairage) ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး လူသားများအရောင်ကို အာရုံခံ သိမြင်ခံစား နားလည်မှုကို အခြေပြုထားသည်။Lab တွင် ဖော်ပြထားသော ကိန်းဂဏန်းတန်ဖိုးများမှာ လူသားတို့ သာမန်မျက်စိဖြင့်မြင်တွေ့နိုင်သော အရောင်များဖြစ်ပါတယ်။ ထို့ကြောင့် Lab မှာတစ်ခြား models များထက် အရောင်ကန့်သတ်ချက်(gamut) ကျယ်ပြန့်စွာပါဝင်ပါတယ်။Lab မှာ အလင်းပါဝင်မှုတန်ဖိုးကို L (Lightness) ဖြင့်ဖော်ပြပါတယ်။ ကိန်းဂဏန်းတန်ဖိုး 0 မှ 100 အထိရှိ၍ တန်ဖိုး 0 မှာ အမှောင်ဆုံး(အမဲ) ဖြစ်၍ တန်ဖိုး 100 မှာ အလင်းဆုံး(အဖြူ) ဖြစ်သည်။a ကို အစိမ်းရောင်မှ အနီရောင် နှင့် b ကို အပြာရောင်မှ အ၀ါရောင်သို့ အဆင့်ဆင့်သွားသော ၀န်ရိုးတန်းအဖြစ် +127 မှ -128 တန်ဖိုးအတွင်း ဖော်ပြပေးပါတယ်။ Lab color သည် Print(ပုံနှိပ်) ရန် သို့မဟုတ် display(ပြရန်) အတွက် Printer,Monitor ကဲ့သို့ အရောင်ထုတ်ကိရိယာများ အသုံးပြုသောအခါ အရောင်တန်ဖိုး ပြောင်းလဲခြင်း (ကန့်သက်ခြင်း) မရှိသောစနစ် (သို့မဟုတ်) ကိရိယာပေါ် မှီခိုမှုကင်းသော (device-independent) ပုံစံဖြစ်ပါတယ်။ RGB နှင့် CMYK မှာ ကိရိယာပေါ် မှီခိုမှုရှိသော (device-dependent) ပုံစံဖြစ်ပါတယ်။



***Color Model ရွေးချယ်ခြင်း***

သင့်ရဲ့နောက်ဆုံးပြုပြင်ပြီးပုံတွေကို Print ထုတ်ဖို့ သို့မဟုတ် TV,Monitor လိုမြင်ကွင်းပေါ်မှာကြည့်ဖို့ ဒါမှမဟုတ် World Wide Web ပေါ်တင်မလား မတင်ဘူးလား စတာတွေကိုလုံးဝဂရုမစိုက်ပဲ RGB စနစ်နဲ့တာ လုပ်ဆောင်ဖို့အကြံပြုပါတယ်။ ၄င်းအတွက် အကြောင်းပြချက်တော့ ရိုးရှင်းပါတယ်။ အကယ်၍သင်ဟာ အရောင်စနစ်ကို CMYK အဖြစ်သက်မှတ်သော်လည်း သင့်ရဲ့ မော်နီတာ(monitor) က RGB ပဲဖော်ပြ ပေးနိုင်လို့ပါ။

၎င်းမှာ cyan, magenta, နှင့် yellow pixels မရှိပဲ RGB အလင်းရောင်နဲ့သာ ရောနှောပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ အမှန်တကယ်တော့သင်ဟာ Color Print ထုတ်ဖို့ ပုံနှိပ်ဆိုင် သို့မဟုတ် ဓါတ်ပုံကူးဆိုင်သို့မပို့ခင် CMYK သို့အမြဲတမ်းပြောင်းပေးဖို့ မလိုအပ်ပါဘူး။ အိမ် သို့မဟုတ် ရုံးသုံး inkjets တွေဟာ RGB စနစ်နဲ့အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ဒီဇိုင်းလုပ်ထားလို့ပါပဲ။

( Publishing လုပ်ငန်းများတွင် CMYK စနစ်သုံးခြင်းနှင့် ကာလာခွဲခြင်း အကြောင်းကို သီခြား post အနေနှင့် တင်ပြပေးသွားပါမယ် )

Color ModesColor Modes ဆိုတာကတော့ Color Models တွေကိုအခြေပြု၍ လုပ်ဆောင်တဲ့ စနစ်ပါ။ Photoshop ရဲ့ Image>Mode မှာအောက်ပါ Modes တွေပါဝင်ပါတယ်

Bitmap ◘ Grayscale ◘ Duotone ◘ Indexed Color ◘ RGB Color ◘ CMYK Color ◘ Lab Color ◘ Multichannel၄င်း Modes တွေထဲမှ ကျွန်တော်တို့ အသုံးများတဲ့ Modes တွေကတော့ Grayscale, RGB, CMYK နှင့် Indexed Color တို့ပါဘဲ။

Bitmap နှင့် Grayscaleအခြေခံအကျဆုံး Color Modes ဖြစ်တဲ့ Bitmap နှင့် Grayscale ကို Photoshop မှာအသုံးပြုနိုင်ပါတယ်။ Grayscale Mode မှာ အဖြူ မှ အမဲ သို့ မီးခိုးရောင်အနုအရင့် 256 မျိုးဖြင့် ပုံဖော်လုပ်ဆောင်ပေးပါတယ်။ Bitmap Mode ကတော့ ရုပ်ပုံတစ်ခုကို အဖြူ နှင့် အမဲ အရောင်တန်ဖိုးနှစ်ခုတည်းဖြင့်တာ ပုံဖော်လုပ်ဆောင်ပါတယ်။

အထက်ပါပုံနှစ်ပုံကို အာရုံစိုက်ကြည့်မယ်ဆိုရင် ပုံရဲ့အရည်အသွေး အလွန့်အလွန် ကွဲပြားခြားနားတာကို မြင်တွေ့နိုင်ပါတယ်။ Grayscale သုံးထားတဲ့ပုံရိပ်ဟာ အရောင်တန်ဖိုးတစ်ခုမှတစ်ခုသို့ ပြောင်းရာမှာ ချောမွတ်ပြေပြစ်မှုရှိပြီး Bitmap မှာတော့ ချောမွတ်ပြေပြစ်မှုမရှိပါ။

ကာလာဓာတ်ပုံ ကို Grayscale (အဖြူအမဲ) သို့ပြောင်းမယ်ဆိုရင် Image>Mode>Grayscale ကိုရွေးပေးရပါမယ်။ “discard the color information” ဆိုသည့် massage box ပေါ်လာပြီး ခွင့်ပြုချက် တောင်းပါလိမ့်မယ်။ Discard ကို Click နှိပ်၍ Grays သို့ပြောင်းပေးနိုင်ပါတယ်။Bitmap Mode သို့ပြောင်းချင်ရင်တော့ အရင်ဆုံး ရုပ်ပုံကို Grayscale သို့အရင်ပြောင်းပေးပြီးမှ Bitmap သို့ပြောင်းပေးရပါမယ်။ (အကယ်၍ ပုံကို Color Mode မပြောင်းပဲ အဖြူအမဲပုံအဖြစ်ပြောင်းလိုပါက Image>Adjustments>Black & White တွင်ပြောင်းနိုင်ပါသည်)RGBRGB Mode ကတော့ ရုပ်ပုံတွေနှင့်အလုပ် လုပ်ရာမှာအသုံးပြုတဲ့ စနစ်ဖြစ်ပြီး ၄င်းကို ကွန်ပျူတာမော်နီတာပေါ်မှာ မြင်တွေ့နိုင်ပါတယ်။ အကယ်၍ သင်ဟာ Photoshop ဖြင့်ရုပ်ပုံတွေကိုပြုပြင်မယ်ဆိုရင် ၄င်းဟာ နောက်ဆုံးမှာ RGB စနစ်နှင့် လုပ်ဆောင်သော Desktop Presentation ၊ ဗွီဒီယို ၊ Web စာမျက်နှာများအတွက် အကောင်းဆုံး အရောင်ကို လုပ်ဆောင်ပေးနိုင်သည့် အစိတ်အပိုင်းဖြစ်လာပါလိမ့်မယ်။အကယ်၍သင်ဟာ Web အတွက် လုပ်ဆောင်နေရ၍ နောက်ဆုံးမှာ GIF အဖြစ်နှင့်ပဲ သိမ်းဆည်းမယ်ဆိုရင် RGB နှင့် Color adjustments ပြုလုပ်ပြီးမှ Indexed Color သို့ပြောင်းပါလို့ အကြံပြုပါရစေ။ ထို့အပြင် သင်ဟာ Indexed Color ဖြင့်လုပ်ဆောင်ပါက Photoshop ရဲ့ Filter နှင့် Layer များကိုအသုံးပြ၍ရမည်မဟုတ်ပါ။ ၄င်းမှာ ကန့်သတ်ချက် များစွာရှိပါတယ်။Indexed ColorIndexed Color ကို Web အတွက်အဓိအသုံးပြုပြီး အရောင် ၂၅၆ ရောင်ဖြင့်သာ ဖော်ပြပေးပါသည်။ Web designer တွေကတော့ သီအိုရီနည်းအရ Mac ကွန်ပျူတာနှင့် PC ကွန်ပျူတာမှာ (Platform) မရွေးအသုံးပြုနိုင်ရန် အရောင်၂၁၆ ရောင်ကိုသာ အသုံးပြုရန် ကန့်သတ်ထားပါသည်။ အရောင်ကန့်သတ်ထား၍ ပုံ၏အရွယ်အစား(ဆိုဒ်) လျော့နည်းသွားသလို ပုံ၏အရေအသွေးလည်း ကျဆင်းသွားတတ်ပါသည်။ Indexed Color ကိုအသုံးပြုမယ်ဆိုရင် Image>Mode>Indexed Color ကိုရွေးပါ။ အောက်ပါပုံအတိုင်း Indexed Colr dialod box ပေါ်လာပါလိမ့်မည်။


Indexed Color ကိုအသုံးပြုဖို့ အပေါ်ဆုံးက Palette နေရာမှာ တန်ဖိုးရွေးပေးနိုင်ပါတယ်။ ၄င်း Palette အမျိုးအစားများမှာ-

Exact ။ ။ မူရင်ပုံမှာ အရောင်ပါဝင်မှု ၂၅၆ ရောင်ထက်နည်းတဲ့အခါမှာ အသုံးပြုနိုင်ပါသည်။


System (Mac OS) ။ ။ Macintosh စနစ်အတွက်အသုံးပြုနိုင်ပါသည်။


System (Windows) ။ ။ Windows စနစ်အတွက်အသုံးပြုနိုင်ပါသည်။


Web ။ ။ World Wide Web အတွက်အသုံးပြုမယ်ဆိုရင် သင့်တော်ပါတယ်။ Web safe color ၂၁၆ ရောင်ပဲပါဝင်ပါတယ်။


Uniform ။ ။ Color spectrum ပေါ်ရှိ အရောင်ကိုနမူနာယူ၍ တူညီသောအရောင်တွေကို ပေါင်းစပ်ပေးပါသည်။


ကောင်းမွန်သော ပုံရိပ်တစ်ခုဖော်ပြနိုင်ဖို့အတွက် ကာလာတန်ဖိုး (Value) ဟာအနည်းဆုံး(8,27,64,125 သို့မဟုတ် 216) ရှိဖို့လိုအပ်ပါသည်။

Perceptual ။ ။ ကိုယ့်စိတ်တိုင်းကြိုက် အရောင်တွေကို ရွေးချယ်ခွင့်ပေးထားပါတယ်။

Selective ။ ။ ဒါလဲအပေါ်က တစ်ခုနှင့် ဆင်တူပါတယ်။ ဒါပေမယ့် ၄င်းက Color တွေကို area ကျယ်ကျယ်ရွေးယူပြီး Web Color ကို ထိန်းသိမ်းထားပါတယ်။<

Adaptive ။ ။ ဒီတစ်ခုကတော့ Indexed Color သို့ပြောင်းရာမှာ အကောင်းဆုံးပဲလို့ ပြောထားပါတယ်။ ၄င်းက မူရင်းပုံမှာပါဝင်မှုအများဆုံးဖြစ်တဲ့ အရောင်ကို နမူနာယူပါတယ်။ မူရင်းပုံနှင့်လိုက်လျောညီထွေမှုရှိမယ့် အနီးဆုံးအရောင်ကို စီစဉ်ပေးပါတယ်။Custom ။ ။ အကယ်၍ အပေါ်က options တွေကိုမရွေးချယ်ဘဲ ကိုယ်ပိုင် palette ပြုလုပ်မယ်ဆိုရင် ဒီ custom option ကိုရွေးပါ။Previous ။ ။ ဘယ် option ကိုမဆိုနောက်ဆုံးရွေးချယ်ပြီး Indexed Color သို့ပြောင်းခဲ့တာတွေကို ပြန်လည်ရယူနိုင်ရန် မှတ်သားထားပေးပါတယ်။CMYKCMYK mode ကိုတော့ စီးပွားရေးအတွက် ပုံနှိပ်ထုတ်တဲ့အခါမှာသာ သုံးပါတယ်။ ရိုးရိုးအိမ်သုံးအတွက် အိမ်သုံး Printer သုံးပြီးထုတ်မယ်ဆိုရင် CMYK mode သို့ပြောင်းရန်မလိုအပ်ပါဘူး။ အကယ်၍ Print မထုတ်ခင် CMYK သို့ပြောင်းမယ်ဆိုရင် (gamut warnings) တွေကိုသိဖို့လိုပါတယ်။ gamut သတိပေးချက်ကိုမသိပဲ ထုတ်လုပ်မယ်ဆိုရင် သင့်ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အ၀ါရောင်ငှက်ပျောသီး သို့မဟုတ် အ၀ါရောင်ပန်းဟာ နောက်ဆုံးမှာ အညိုရောင်ဖြစ်သွားမှာပါ။ တောက်ပတဲ့ ကောင်းကင်ပြာကြီးကလဲ ခရမ်းရောင်ပြောင်းပြီး ထွက်လာမှာပါ။Gamut ဆိုတာဘာလဲGarmut ဆိုတာ CMYK မှင် Print ထုတ်နိုင်တဲ့ အရောင်ကန့်သက်ချက်တစ်ခုပါ။ တစ်ချို့အရောင်တွေက အရောင်ကန့်သက်ချက်(gamut) ကိုကျော်နေသည့်အတွက် အရောင်မှန်ကန်အောင် Print မထုတ်နိုင်ပေ။ အထူးသဖြင့် အလွန်တောက်ပသော အရောင်များ ၊ လိမ္မော်ရောင်များနှင့် အစိမ်းရောင်အများစုဟာ များသောအားဖြင့် gamut ကိုကျော်ကြပါတယ်။ Garmut warning ကို Color palette တွင် တြွိဂံပုံအလယ်တွင် အာမေဍ္ဍိတ်(exclamation) ပုံဖြင့်ဖော်ပြပါတယ်။


ပုံတစ်ပုံရဲ့ Gamut warning ကိုကြည့်ချင်ရင် View>Gamut Warning(Shift+Ctrl+Y) ကိုရွေးပါ။ အရောင်ကန့်သက်ချက်(gamut) ကျော်သည့်နေရာကို မီးခိုးရောင်(Gray) ဖြင့်ဖော်ပြပေးပါလိမ့်မည်။ Gamut Warning ကိုအရောင်ပြောင်း၍ ကြည့်လိုပါက Edit>Preference ကိုနှိပ်ပြီး Transparency Gamut ကိုရွေးပါ။ dialog box အောက်ခြေရှိ Gamut Warning နေရာတွင် Opacity အတိုးအလျော့လုပ်နိုင်သလို Color နေရာတွင်လည်း အဆင်ပြေမည့် အရောင်ပြောင်းပေးနိုင်ပါသည်။

Color palette မှာရှိတဲ့ Gamut warning တြွိဂံပုံလေးကို Click နှိပ်ပါက CMYK ဖြင့်လုပ်ဆောင်နိုင်တဲ့ အနီးစပ်ဆုံးအရောင်ကိုရွေးပေးပါလိမ့်မယ်။ နောင်အခန်းမှာ color adjustment tools တွေသုံးပြီး Print ထုတ်နိုင်သော အဆင့်ထိပြုလုပ်ပုံကို ဖော်ပြပေးသွားပါမယ်။Color Bit DepthBit Depth ဆိုတာပုံတစ်ပုံရဲ့ pixel တစ်ခုမှာ အရောင်တန်ဖိုးအချက်အလက်(color information) မည်မျှဖော်ပြနိုင်သလဲဆိုတာ ဖော်ပြပေးပါတယ်။။ ၄င်းကို color depth သို့မဟုတ် pixel depth လို့လည်းခေါ်ကြပါတယ်။ Pixel တစ်ခုရှိ bit depth တစ်ခုမှာ အဖြူ သို့မဟုတ် အမဲ value နှစ်ခုတည်း ဖြစ်နိုင်ပါတယ်။ Grayscale pixel မှာ bit depth ဟာ ၈ ခုရှိမယ်ဆိုရင် value ဟာ ၂၅၆ ဖြစ်နိုင်ပါတယ်။ ပြီးတော့ pixel တစ်ခုမှာ bit depth 24 ရှိမယ်ဆိုရင် value ဟာ ၁၆ သန်းရှိမှာပါ။ အများအားဖြင့် bit dapth တွေဟာ 1 မှ 64 bits per pixel ရှိကြပါတယ်။ အရောင်တန်ဖိုး အချက်အလက်(color information) များပါက ဖိုင်အရွယ်အစားကြီး၍ အချိန်ပိုကြာသလို အရောင်လဲပိုပြီးစုံလာပါတယ်။

***Color Mode အကြောင်းဟာ ရှုပ်ထွေးတဲ့အပြင် သီအိုရီပိုင်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာတွေနှင့်ပတ်သတ်နေ၍ နားလည်ရခက်ခဲလို ရှင်းပြရန်လဲ မလွယ်ကူပါ။ အချို့စာလုံးများ မြန်မာလိုပြန်ဆိုရာတွင် တိုက်ရိုက်ပြန်ဆိုရန် မလွယ်ကူသဖြင့် အနီးစပ်ဆုံး ကိုယ်နားလည်သလို ရေးထားခြင်းဖြစ်ပါသည်။ အကယ်၍ အဓိပ္ပာယ်လွဲမှားမှုများရှိပါက ဘာသာပြန်မှီညမ်း ကိုးကားသူ ကျွန်ုပ်၏အမှားသာဖြစ်ပါသည်။ အမှားအယွင်းများပါရှိပါကလည်း နားလည်ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်။ ဖိုတိုရှော့အခြေခံသင်ခန်းစာဖြစ်သောကြောင့် အခန်း – (၄) သင်ခန်းစာကို ဒီနေရာမှာပဲ လက်စသပ်လိုက်ရပါတယ်။

0 comments:

Post a Comment