Monday 5 March 2012

photoshop ဖြင့် i con ပြုလုပ်ခြင်း

၁) New File တစ်ခုယူပြီး New Layer တစ်ခုခေါ်ထားပါ။ ထို Layer ပေါ်တွင် Tool Box ထဲမှ Custom Shape Tool (U) ကိုရွေးပါ။ ပြီးလျှင် Shade ထဲမှ Rounded Square Shape ကိုလိုအပ်သော Color ကိုရွေးပြီးဆွဲပါ။ ပုံမှန်လေးထောင့်ကွက် တစ်ခုကို အသုံးပြုလျှင်လည်းရပါသည်။

၂) ထို Layer ၏ Layer Style ကို Inner Glow ယူပါ (Layer Palette တွင် Layer name နောက်မှနေရာလွတ်အား Double click နှိပ်လျှင် Layer Style Dialog box ပေါ်လာပါသည်။ ၄င်း Box မှပုံတွင်ပြထားသည့်အတိုင်း Inner Glow နေရာကို Click လုပ်ပါ)



ပုံတွင်ပြထားသည့်အတိုင်း Color ကို အမည်းရောင်ပြောင်းပြီး Blending Mode ကို Normal သို့ပြောင်းပါ။ Element Size မှာ ပံ၏ Resolution ကိုလိုက်ပြီးအပြောင်းအလဲရှိနိုင်ပါသည်။ ပြီးလျှင်ပုံအတိုင်းတွေ့ရမည်။



၃) Layer Palette တွင်ထို Layer ပေါ်တွင် Ctrl ကိုဖိပြီး Click လုပ်ပါ။ Layer ၏ Boundary အတိုင်း Marquee Selection တစ်ခုရပါမည်။ ပြီးလျှင် (Select>Modify>Contract) ကိုရွေးပါ။ ဒီပုံမှာတော့ Selection ကို 25 pixels ဖြင့် Contract လုပ်ထားပါသည်။ ပုံ၏ Resolution ကိုလိုက်ပြီး Pixel အပြောင်းအလဲရှိနိုင်ပါသည်။



၎) ပြီးလျှင် (Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ဖြင့် New Layer တစ်ခုခေါ်ပါ။ Foreground Color အား white ပြောင်းပြီးထို Layer ကို Foreground to Transparent ဖြင့် Gradient Fill လုပ်ပါ။ ပုံအတိုင်းတွေ့ရမည်။



၅) ထို Marquee Selection ကို Deselect လုပ်ပါ။ ပြီးလျှင်ထို Layer ကို Opacity 75% မှာထားပြီးအပေါ်ဘက်သို့အနည်းငယ်ရွေ့ပါ။ ပုံအတိုင်း GLassy Button ကိုတွေ့ရမည်ဖြစ်သည်။



Circular Shape တစ်ခုကိုအထက်မှာဖော်ပြခဲ့သော အဆင့် ၂ မှ ၅ အတိုင်း စနစ်တကျပြုလုပ်လျှင်အောက်ပါ Glassy Button ကိုရရှိမည် ဖြစ်သည်။



ထိုနည်းတူ အခြားသော Shape များကိုလည်း Glassy Object များအဖြစ်သို့အလွယ်တကူပြောင်းလဲနိုင်ပါတယ်။ ထိုသို့ပြုလုပ်ရာတွင် ပုံ၏ Resolution အပြင် သက်ဆိုင်ရာ Layer ၏ Size ကိုလိုက်ပြီး အဆင့် (၂) Inner Glow တွင် Pixel အပြောင်းအလဲကို ညှိပေးရန်လိုအပ်ပါသည်။



Text များကို Glassy object များအဖြစ်အလွယ်တကူဖန်တီးနိုင်ပါသေးတယ်။

3 comments:

  1. ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော်ဒီရက်ပိုင်းထဲမှာ Photoshop ကိုလေ့လာနေတာလေ ဒီဆိုဒ်လေးကိုတွေကတော့အဆင်ပြေသွားတယ် ဒါ့ထက်အောင်မြင်ပါစေဗျာ နောက်လည်းလာလည်ဦးမယ်နော်........ www.kyawkyawcho.co.cc

    ReplyDelete
  2. ဆရာ့သင်ခန်းစာတွေကြောင့် အကျိုးရှိပါတယ် pdf သင်ခန်းစာတွေ စုပြီး pdf file လေးလုပ်ပေးပါလားခင်ဗျာ သိမ်းထားချ င်လို့ ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ

    ReplyDelete
  3. ကျွန်​​နော်​လဲ အခုမှစပြီး ​လေ့လာသူတစ်​​ယောက်​ပါဗျ ဆရာရဲ့ သင်​ခန်းစာ​လေး​တွေ ကျွန်​​နော့အတွက်​​တော့ အား​ဆေးတခွက်​ပါဗျာ ဒီထက်​မက ​အောင်​မြင်​ပါ​စေဗျာ...

    ReplyDelete