Friday 2 March 2012

photoshop tool အကြောင်းများ (2)


အရင်ဦးဆုံး Photoshop Program လေးကို စဖွင့်ရအောင်နော်..... သိတယ်ဟုတ်....Start > Programs > Adobe Photoshop CS3 ပေါ့........ :ကဲ Photoshop Window Overview လေးတော့ ပေါ်လာပြီး... သူ့ အကြောင်းကို အရင်ဆုံးလေ့လာမယ်နော်....အောက်မှာ ပုံလေးနဲ့ ကြည့်လိုက်နော်....

Photoshop Window Overview





သူ့ အခေါ်အဝေါ်လေးကိုတော့ သိပြီပေါ့နော်... အခု စာရွက် အသစ်လေး တောင်းကြည့်ရအောင်... File > New နှိပ်ပါ။ အောက်က ပုံလေးကို ကြည့်လိုက်နော်.






Name : ကိုယ်လုပ်မယ့် ဖိုင်ရဲ့ နာမည်ပေး..(မပေးလည်းရတယ်)


Preset : International Paper, Custom, ......

Size : A4, Legal, ......

Width & Height : ကိုယ်လုပ်မယ့် ပုံရဲ့ အလျားနဲ့ အနံအချိုး သတ်မှတ်ခြင်း

Resolution : 300 (ပုံထွက်အားကောင်းမှု/ ပုံအရည်အသွေး အစက်အပြောက် ပမာဏ) ရွေးချယ်ရန်..


Color Mode : ဒီဇိုင်း မပြုလုပ်မီ အသုံးပြုရမည့် အရောင်စနစ်ကို ရွေးချယ်ရန်..

(1). Bitmap : Monitor မှာ ဖေါ်ပြမယ့် အရောင်ပြုလုပ်ခြင်း။

(2). Grayscale : ဖြူ၊ မဲ၊ မီးခိုး အရောင်စပ် လုပ်ချင်ရင်သုံး။

(3). RGB : နီ၊ စိမ်း၊ ပြာ တို့နဲ့ ဖွဲ့စည်းထားသည့် အရောင်။

(4). CMYK : ပုံနှိပ်ထုတ်ဝေရန်အတွက် ၀ါ၊ နီ၊ ပြာ၊ နက်

(ဒီဇိုင်းပေါ် မူတည်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။)

Background Content : စိတ်ကြိုက်ရွေးချယ်နိုင်သည်။

(1). White : အဖြူရောင်အဖြစ် ရွေးချယ်ရန်။

(2). Background Color : သတ်မှတ်ထားတဲ့ အရောင်အတိုင်း ဖြစ်ချင်တဲ့အခါ သုံးရန်။

(3). Transparent : ဒိုးယိုပေါက် ဖြစ်ချင်တဲ့အခါ သုံးရန်။

ကဲ စာရွက်လေးတော့ တောင်းတတ်ပြီးနော်... အဲ့ဒါတွေက စာရွက်အသစ်တောင်းတိုင်း ကိုယ်ရွေးချယ် ရမည့်အရာတွေပါ။ (ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်နော်....)

အားလုံး ပြင်ဆင်ရွေးချယ်ပြီးသွားရင်တော့ OK လေးကို နှိပ်လိုက်ပါ။

ကဲ အခုတစ်ခါ အသုံးများတဲ့ Shortcut Key လေးတွေ တချို့ကို လေ့လာကြည့်မယ်နော်....



အခု Photoshop Window Overview မှာရှိနေတဲ့ Layer, ToolBox, ..... တို့ကို ဖေါ်ခြင်း၊ ဖျောက်ခြင်း လုပ်ကြည့်ရအောင်နော်...



(1). Layer Paletter များကို ဖေါ်/ဖျောက်ခြင်း

- Color Palette - F6

- Layer Palette - F7

- Info Palette - F8

(2). Ruler Guide ကို ဖော်/ဖျောက် - Ctrl+R

(3). Zoom ချဲ့ - ချဲ့{Ctrl+(+)}, (or) Ctrl+SpaceBar+Mouse

(4). Zoom ချုံ့ - ချုံ့{Ctrl+(-)}, (or) Alt+SpaceBar+Mouse

(5). ToolBox ဖေါ်/ဖျောက် - Tab

(6).ကိုယ်လုပ်ထားတဲ့ လုပ်ငန်းကို Undo ပြန်ခေါ်ချင်လျှင် - Ctrl+Z တစ်ခါနှိပ်ပြီးလျှင် Ctrl+Alt+Z ကိုဆက်တိုက်နှိပ်ပါ။

(7). မြင်ကွင်းချဲ့ထားသော ပုံ၏ ပုံနေရာကို ရွှေ့ချင်လျှင် - SpaceBar+Mouse ကို ဖိတွဲသုံးပါ။



ဒါလေးတွေက မသုံးမဖြစ်အရာတွေမို့ Shortcut Key လေးတွေကိုတော့ မှတ်ထားပေးပါနော်...အဲ့ဒါမှ ကိုယ်လုပ်တဲ့ အလုပ်က မြန်မြန်လေး ပြီးနိုင်မှာပါ......



Tool Box အကြောင်း

ဒီတစ်ခါ ToolBox လေးမှာရှိတဲ့ Tool Menu လေးတွေ အကြောင်းကို သွားကြည့်ရအောင်နော်..... Photoshop ကို စတင်လေ့လာမည် ဆိုလျှင် Photoshop တွင်ရှိသော Tool Menu တွင် ပါရှိသော Tools များ၏ လုပ်ဆောင်ပုံများ၊ လုပ်နိုင်စွမ်းများကို သိရှိရန်လိုအပ်ပါသည်။ အောက်ပါပုံသည် Photoshop တွင် ပါဝင်သော Tools Menu ဖြစ်ပါသည်။ Tools များ အနက်မှ အသုံးများသော Tools များ အကြောင်းကို ဆောင်း နားလည်သလောက် ဖော်ပြပေးသွားမယ်နော်။


ToolBox Overview




အရောင်များ ဖြည့်စွက်ခြင်း အကြောင်း



အခု ကိုယ်တောင်းထားတဲ့စာရွက်ဖြူလေးထဲ အရောင်တွေဖြည့်ကြည့်ရအောင်နော်....

Foreground Color နှင့် Background Color ကိုရွေးချယ်၍ အရောင်ဖြည့်ခြင်း

ဦးဆုံးအနေနဲ့ Tool Menu ထဲက Foreground Color နဲ့ Background Color အကြောင်းကို ပြောပြပေးပါ့မယ်..အောက်က ပုံလေးကို ကြည့်လိုက်နော်...


Foreground Color ဖြည့်ခြင်း



ပုံမှာ မြင်နေရတဲ့အတိုင်း Foreground Color နေရာတည့်တည့်မှာ mouse နဲ့ တစ်ချက်နှိပ်လိုက်ပါ။

အောက်မှာ အရောင်ရွေးချယ်ဖို့ Color Picker Box လေးပေါ်လာတာကို တွေ့ရလိမ့်မည်။ ကိုယ်ရွေးချယ်လိုတဲ့ အရောင်နေရာမှာ mouse နဲ့ တစ်ချက်နှိပ်ပြီး ရွေးချယ်နိုင်ပါတယ်။ ပြီးရင် OK နှိပ်ပါ။

အရောင်ဖြည့်မယ်ဆိုရင် KeyBoard ထဲမှ Alt+Del ခလုတ်လေးနှစ်ခုကို တွဲနှိပ်လိုက်ပါ...


Background Color ဖြည့်ခြင်း



ပုံမှာ မြင်နေရတဲ့အတိုင်း Background Color နေရာတည့်တည့်မှာ mouse နဲ့ တစ်ချက်နှိပ်လိုက်ပါ။

အောက်မှာ အရောင်ရွေးချယ်ဖို့ Color Picker Box လေးပေါ်လာတာကို တွေ့ရလိမ့်မည်။ ကိုယ်ရွေးချယ်လိုတဲ့ အရောင်နေရာမှာ mouse နဲ့ တစ်ချက်နှိပ်ပြီး ရွေးချယ်နိုင်ပါတယ်။ ပြီးရင် OK နှိပ်ပါ။

အရောင်ဖြည့်မယ်ဆိုရင် KeyBoard ထဲမှ Ctrl+Del ခလုတ်လေးနှစ်ခုကို တွဲနှိပ်လိုက်ပါ.....


( အိုကေရဲ့လား မသိဘူးနော်...မသိရင်တော့ ပြန်မေးနိုင်ပါတယ်....ထပ်ခါ တစ်လဲလဲ ပြန်လုပ်ကြည့်ပါနော်....)



Gradient Tool အရောင်ပြေးများ ချယ်သခြင်း အကြောင်း



ဒီတစ်ခါ Tool Menu ထဲမှာရှိတဲ့ Gradient Tool နဲ့ Paint Bucket Tool လေး အကြောင်းကို ပြောပြပေးမယ်နော်..... အောက်က ပုံလေးကို ကြည့်ပါနော်.... သူ့ရဲ့ Shortcut Key ကတော့ G ပေါ့....





Gradient Tool ကို အရောင်နှစ်ရောင်စပ် အရောင်ပြေးများ အဖြစ် အသုံးပြုလိုသော အခါတွင်ဖြစ်စေ၊ သက်တန့်ရောင်များကို ရေးဆွဲလိုသောအခါများတွင်ဖြစ်စေ အသုံးပြုသည်။ Gradient Tool ကို Right Click ထောက်လိုက်လျှင် Gradient Tool နှင့် Paint Bucket Tool ဟူ၍ နှစ်မျိုးတွေ့ရမည်။ မိမိကြိုက်ရာကို ရွေးချယ် အသုံးပြုပါ။ ပုံတွင် ပြထားသော လေးထောင့်ကွက်နေရာမှ Gradient Tool ကို မိမိစိတ်ကြိုက် linear, Radial ,Angle, Reflected, Diamond Gradient များကို ရွေးချယ် အသုံးပြုနိုင်သည်။ အသင့်ပေးထားသော Gradient များကို အသုံးပြုနိုင်သလို မိမိစိတ်ကြိုက် ဖန်တီးအသုံးပြုနိုင်သည်။

(1). Gradient Tool


Gradient Tool ကို ရောင်ပြေးများအဖြစ် အရောင်စပ်များကို အသုံးပြုလိုသော အခါများတွင် အသုံးပြုသည်။ အသုံးပြုပုံမှာ Gradient Tool ကို ရွေးချယ်ပြီးလျှင် စိတ်ကြိုက် Gradient type ကို ရွေးလိုက်ပါ။ ပုံစံအမျိုးမျိုးဖြင့် အောက်တွင် ရှင်းလင်းပြသထားပါသည်။ (ဥပမာ - Linear Gradient Tool ကို ရွေးချယ်လိုက်ပြီ ဆိုပါစို့။) ပုံ၏ အပေါ်အနားဆီမှ အောက် အနားထိ မောက်စ်ဖြင့် မျဉ်းပုံစံပေါ်အောင် ဆွဲလိုက်ပါ။ ထိုအခါ Foreground Color နှင့် Background Color ရောသော အရောင်ပြေးနှစ်ရောင်စပ် ပုံတစ်ခုကို ရရှိပါမည်။ Foreground Color နှင့် Background Color ကိုတော့ မိမိနှစ်သက်သလို ပြောင်းနိုင်ပါသည်။



ဆောင်းကတော့ ဆွဲပုံ ဆွဲနည်း ပြောပြထားပေမယ့် ဒီလိုကြီးပဲ ဆွဲရမယ်လို့ မဆိုလိုဘူးနော်... ဥပမာ အနေနဲ့ပဲ ပြပေးထားတာ.... သူငယ်ချင်းတို့က ထောင့်ဖြတ်ဆွဲချင်တယ်ဆိုလည်းရတယ်... တ၀က်ဆွဲထားတဲ့နေရာမှာ အပြည့်ဆွဲချင်တယ်ဆိုလည်း ရတယ်နော်.... ကိုယ့်ဒီဇိုင်းဟာ ကိုယ်ပိုင် ဖန်တီးမှုပါပဲ.... အဆင်ပြေပါစေနော်..


နောက်ထပ် ဆက်သွားကြည့်မယ်နော်.....

ဒီပုံလေးပဲ ပြန်ကြည့်ရအောင်နော်... ဒီပုံလေးမှာ အရောင်တွေ ရွေးချယ်ချင်တယ်.... ဒါမှမဟုတ် ..ရွေးချယ်ပြီးသာ အရောင်တွေကို ပြန်ဖျက်ချင်တယ် စသဖြင့်ပေါ့.... လုပ်ကြည့်မယ်နော်..... ထပ်ကြည့်လိုက်ပါအုံး...... :)




(၁). ရွေးချယ်ထားသော Preset Color မှ အရောင်များကို ပြန်လည်ပြင်ဆင်ခြင်း


စိတ်ကြိုက်ရွေးချယ်ပြီးသွားရင် OK နှိပ်ပါ။






(၂). နောက်ထပ် ဆေးပုံးတွေ ထပ်တိုးခြင်း





(၃). ဆေးပုံးတွေ ပြန်ဖျက်ပစ်ခြင်း




ဒီတစ်ခါ ပုံလေးနဲ့ မပြပေးတော့ဘူးနော်.... ခု မြင်နေရတဲ့ နံပါတ် (၂). ကပုံလေးမှာ ဆေးပုံးလေးတွေ တွေ့တယ်နော်... အဲ့ဆေးပုံးကို ဖျက်ချင်တယ်ဆိုရင် ကိုယ်ဖျက်ချင်တဲ့ ဆေးပုံးကို mouse နဲ့မလွှတ်တမ်းဖိပြီး အပေါ်ဘက်သို့ ဖိဆွဲလိုက်ပါ။ နောက်တစ်နည်းကတော့ ဆေးပုံးကို တစ်ချက်နှိပ်ပြီး အောက်နားက Delete ခလုတ်လေးကို နှိပ်လိုက်ပါနော်......



(၄). ဆေးပုံးများကို ဘေး ဘယ်/ညာ ရွှေ့ခြင်း



ဆေးပုံးလေးတွေကို ရွှေ့ချင်ရင် ကိုယ်ရွှေ့လိုတဲ့ ဆေးပုံးလေးကို mouse နဲ့ မလွှတ်တမ်း ဖိဆွဲပြီး ဘေး ဘယ်/ ညာ ရွှေ့လို့ရပါတယ်...အရောင်လေးတွေကို ကိုယ်ထားချင်သလို လိုက်ထားလို့ရပါတယ်... ရှုပ်သွားလား မသိဘူးနော်...ပြန်စမ်းကြည့်လိုက်ပါနော်...... မရဘူးဆိုရင် နောက်ထပ် ပြန်ပြောပြပေးပါ့မယ်......

အဲ့ဒီ Gradient Picker မှာ Gradient Type နေရာမှာ နှစ်မျိုးရှိတယ် ... Solid နဲ့ Noise ဆိုပြီးတော့ပေါ့....

ကိုယ်နှစ်သက်သလို ရွေးချယ် သုံးနိုင်ပါတယ်.....ဆောင်းမပြောပြပေမယ့်လည်း နောက်ထပ် ရှိနေသေးတာကို ကိုယ့်ဘာသာ ပြန်ကလိကြည့်ပေါ့.....

Noise မှာလည်း အရောင်လေးတွေရဲ့ Slider လေးတွေကို ချိန်ပြီး ထပ်သုံးကြည့်လိုက်ပါနော်...



(2). Paint Bucket Tool


Paint Bucket Tool ကို အရောင်များ ပြန်လည်အစားထိုးရာတွင် အသုံးပြုသည်။ Paint Bucket Tool ကို ပုံ၏ နောက်ခံအရောင် ပြောင်းလဲရာတွင် လည်းကောင်း၊ အရောင်တန်ဘိုး တူညီသော နေရာများတွင် အရောင်ချယ်ရာတွင်လည်းကောင်း အသုံးပြုပါသည်။ Paint Bucket Tool ကိုရွေးချယ်ပါ။ Foreground Color ကို မိမိ ဖြည့်ချင်သော Color အရောင် ပြောင်းလိုက်ပါ။ ထို့နောက် ပုံ၏ Background သို့မဟုတ် အရောင်ချယ်လိုသော နေရာကို မောက်စ်ဖြင့် ထောက်လိုက်ပါ။ အရောင်တန်ဘိုးတူညီသော နေရာ အားလုံးတွင် Foreground Color အရောင် ပြောင်းလဲသွားပါသည်။




သူငယ်ချင်းတို့ လေ့လာလို့ အဆင်ပြေမယ် ထင်ပါတယ်.

2 comments:

  1. ​ကျေးဇူးပါပဲ

    ReplyDelete
  2. အခုလို အွန်းလိုင်းမှတစ်​ဆင့်​ ပညာသင်​ခွင့်​ရတဲ့အတွက်​​ကြေင့်​ ​ကျေးဇူးပါ.....ဆရာ

    ReplyDelete