Friday 2 March 2012

Photoshop ဖြင့်ကိုယ်ပိုင် Brush ပြုလုပ်နည်း နှင့် အသုံးပြုပုံ



အဆင့်(၁)…
အရင်ဆုံးကိုယ်ပိုင် Brush တစ်ခုပြုလုပ်ကြရအောင်။
၁။ Brush ပြုလုပ်မည့်ပုံကိုအရင်ဖွင့်ပါ။
၂။ Brush လုပ်မည့်အပိုင်းကို Crop Tool ဖြင့်ရွေးချယ်ဖြတ်ထုတ်ပါ။



၃။ Image » Adjustments » Desaturate ကိုရွေးပါ။
၎။ Image » Adjustments » Level (Ctrl+L) ကိုနှိပ်ပါ။ ပုံပါအတိုင်းအဖြူအမဲကွဲအောင်ချိန်ညှိပေးပါ။



၅။ မလိုချင်သောအပိုင်းကို Brush Tool (100% White colour)ဖြင့်ဖျတ်ပါ။
(အဖြုရောင်သည်Brushလုပ်သောအခါမမြင်ရသောအပိုင်းဖြစ်သည်။)
၆။ Edit » Define Brush Preset… ကိုနှိပ်ပါ။ Brush Name ပေး၍ OK နှိပ်ပါ။
၇။ Brush Tool (B) ကိုရွေး၍ Right-Click နှိပ်ပါ။ ပုံပါအတိုင် သင်ပြုလုပ်ခဲ့သော Brush ကိုတွေမြင်နိုင်ပါသည်။



(အထက်ပါနည်းအတိုင်း ဓါတ်ပုံများ၊Logo များ၊Sign များစသည်ဖြင့် မိမိနှစ်သက်ရာကိုယ်ပိုင် Brush ပြုလုပ်နိုင်ပါသည်။
နမူနာအဖြစ်ဝတ်မှုန်ရွှေရည် brush ပြုလုပ်ထားပုံကို အောက်ဆုံးမှာဖော်ပြပေးထားပါတယ်)
*File Size ကြီးနေလျှင် Define Brush Preset… မပေါ်ပဲမှိန်နေမည်*


အဆင့်(၂)…
၈။ File အသစ်တစ်ခုဖွင့်ပါ။
File » New…(Ctrl+N)/( With:1280 pixels x Height:1024 x Resolution 300)
၉။ Foreground Color ကိုအောင်ပါအတိုင်းရိုက်ထည့်ပြီး Alt+Backspace နှိပ်၍အရောင်ဖြည့်ပါ။
(R:80 G:60 B:0)



၁၀။ Layer » Duplicate Layer… နှိပ်၍ Layer copy ပွားပါ။ပြီးရင် Toolbox က Background Color ကို Click နှိပ်၍အောက်ပါတန်ဖိုးရိုက်ထည့်ပါ။ (R:135 G:95 B:0)



၁၁။ Filter » Render » Fibers…ကိုနှိပ်၍ပုံပါတန်ဖိုးအတိုင်းထားပြီး OK နှိပ်ပါ။



၁၂။ Edit » Free Transform…(Ctrl+T) နှိပ်ပါ။ Alt နှင့် Shift key နှစ်ခုကိုနှိပ်ထား၍ ပုံ၏ထောင့်အစွန်းမှ အလယ်သို့ ပုံပါအတိုင်းဆွဲချုံ့ပေးပါ။ ထို့နောက် ၎င်း Layer ကို copy ပွားပါ။ Layer Palette ရှိ Blending Mode ကို Hard Light ထားပါ။




၁၃။ Layer » Merge Down…(Ctrl+E) နှိပ်၍ Layer နှစ်ခုပေါင်းပါ။
၁၄။ Eraser Tool (E) ကိုယူပါ။ Right Click နှိပ်၍ BrushName 32 ကိုရွေးပါ။ထို့နောက်ပုံပါအတိုင်း မိမိစိတ်ကြိုက်ဖြတ်ယူပုံဖော်ပါ။
(Brush Size အကြီးအသေးကို Keyboard ခလုတ် လေးထောင့်ကွင်း( [ & ] ) ဖြင့်ပြောင်းနိုင်သည်။)
၁၅။ Toolbox မှ Burn tool ကိုယူပါ။ ထို့နောက်ဖြတ်ထားသောအနားများနှင့်မျက်နှာပြင်တစ်ချို့ကို Burn tool ဖြင့်ဆွဲပေးပါ။



၁၆။ Layer » New » Layer…(Shift+Ctrl+N) နှိပ်၍ Layer အသစ်တစ်ခုလုပ်ပါ။ Brush Tool(B) ယူပါ။ Right-Click နှိပ်၍ အဆင့်(၁) တွင်ပြုလုပ်ခဲသော Brush ကိုယူပါ။ Foreground Color ကို (R:255,G:255,B:0) ထား၍ပုံပေါ်တွင် သင့်လျော်သော Brush size အနေအထားပြောင်းပြီး Click တစ်ချက်နှိပ်ချလိုက်ပါ။



၁၇။ Layer palette ရှိ ၎င်း Layer ၏ဘေးနေရာလွတ်တွင် Double-Click နှိပ်၍ Layer Style ကိုဖွင့်ပါ။ ထို့နောက်ပုံပါအတိုင်း အရောင်များတန်ဖိုးများပြောင်းပါ။




၁၈။ ၎င်း Layer ပေါ်တွင် Right-Click နှိပ်၍ Copy Layer Style ကိုရွေးပါ။ နောက် Layer အသစ်(Shift+Ctrl+N)တစ်ခုခေါ်ပါ။ Right-Click နှိပ်ပြီး Paste Layer Style ကိုနှိပ်ပါ။



၁၉။ Brush tool ကိုရွေး၍ မိမိစိတ်ကြိုက် Brush ဖြင့်အနားဘောင်ဆွဲနိုင်သည်။ ယခုပုံတွင် ကျွန်တော် Brush no 74 ကိုသုံးထားပါတယ်။


မှတ်ချက်။ ။Brush ပြုလုပ်ထားသောဓါတ်ပုံကို U AYE MYINT (BURMESE DESIGN THROUGH DRAWINGS) စာအုပ်မှ ကူးယူထားခြင်းဖြစ်ပါသည်။

0 comments:

Post a Comment