Saturday 3 March 2012

PhotoShop ဖြင့် မိမိပုံကို ဖြတ်ထုတ်ခြင်း

ပထမ ပုံကို ဖြတ်ထုတ်ဖို့  Select ပြုလုပ်ပေးရပါတယ်... Select လုပ်ဖို့ Magnetic Lasso Tool ကို ရွေးချယ်ပါတယ်... အဲဒီ့ Tool က Color Pixel တူတဲ့နေရာလေးတွေကို သံလိုက်လေးလို ကပ်ပြီး ရွေးရလွယ်လို့ ပါ... အဲလို Select လုပ်ပြီးတာနဲ့  Edit >>> Cut ပြုလုပ်လိုက်ပါတယ်... ခုမြင်ရတဲ့ပုံထဲက ဖြတ်ထားတဲ့ ဖြူနေတဲ့နေရာက လွမ်းရဲ့ပုံစံလေးပါပဲ... :P


ပုံရဲ့ အောက်ခြေက နေရာလွတ်များနေတဲ့အတွက် ပုံကို Crop Tool နဲ့  ဖြတ်လိုက်ပါတယ်...


ဒါကတော့ ဖြတ်ထားပြီးတဲ့ ပုံပါ... လွမ်းရဲ့ဖြူနေတဲ့နေရာမှာ အုတ်တံတိုင်းနဲ့  တံတားတို့ ကို ပုံတူကူးဖို့  Clone Stamp Tool ကို အသုံးပြုပါတယ်...

Clone Stamp Tool နဲ့  မိမိကူးမဲ့ပုံကို Alt Key ဖိပြီး Click ပြုလုပ်ရပါမယ်...

ကူးမဲ့နေရာမှာ Click လုပ်ရုံပါပဲ...


ဒီနည်းနဲ့  အုတ်တံတိုင်းကို ပုံစံတူကူးတဲ့အခါ Zoom ချဲ့ ထားပြီး Tool ရဲ့ Size ကို ရွေးချယ်လို့ ရပါတယ်...


ကူးတဲ့နေရာမှာ အရောင်လေးတွေ ညှိချင်ရင် Smudge Tool ကို ရွေးပြီး Mouse Left Button ကို ဖိပြီး ရွှေ့ ပေးလို့ ရပါတယ်...


တံတားနေရာကိုလည်း Clone Stamp Tool နဲ့  စိတ်ရှည်စွာနဲ့  ကူးယူရမှာပါ... ဒါကတော့ ကူးထားတဲ့ပုံပါ...



Zoom ဆွဲကြည့်ရင်တော့ သိသာတာပေါ့နော်... ဒီလိုလေး Fit လုပ်ကြည့်ရင်တော့ မသိသာပါဘူး... :P






ပုံလေးကို အချောသတ်ပြင်ဆင်ပြီး ခရီးသွားမှတ်တမ်းလေးမှာ ဒီလိုထည့်ပေးထားတာပါ... :)




ကွန်ပျူတာနည်းပညာများ တတ်ကျွမ်းကြပါစေ....

0 comments:

Post a Comment