အလွယ်တကူ ဒေါင်းလုပ်ချပြီးလေ့ကျင့်နိုင်အောင် အောက်မှဖော်ပြထားတဲ့ ပုံလေး(၂)ပုံကို မိမိစက်ထဲ မှာ ကူးယူထားရင်အဆင်ပြေပါလိမ့်မယ်။
ပုံ(၁)

ပုံ(၂)

အဆင့်(၁)
ပုံ(၁)ခြင်္သေ့ပုံကို Adobe Photoshop နဲ့ဖွင့်လိုက်ပါ။

အဆင့်(၂)
မူလပုံကို လိုအပ်တဲ့နေရာမှာ ပြန်သုံးလို့ရအောင် ဒါမှမဟုတ် အစကနေ ပြန်လေ့ကျင့်လို့ရအောင် Image menu မှ Duplicate... ကိုရွေးပါ။

As: နောက်မှာ Lion လို့အမည်ပေးပြီး OK ကိုရွေးလိုက်ပါ။
အဆင့်(၃)
Image menu မှ Adjustments ထဲဝင်ပြီး Desaturate ကိုရွေးပါ။ အောက်ပါအတိုင်း ပုံလေး အရောင်ပြောင်းသွားပါလိမ့်မယ်။

အဆင့်(၄)
Image menu မှ Adjustments ထဲဝင်ပြီး Selective Color ကိုရွေးပါ။

အဆင့်(၅)
Colors: နောက်မှာ Neutrals ကိုရွေးချယ်ပြီး၊ Black ကို -55 ထားလိုက်ပါ။ OK ကို Click လိုက်ပါ။


အဆင့်(၆)
ပုံ(၂)ကိုဖွင့်လိုက်ပါ။ Ctrl + A ကို နှိပ်ပြီး Select All လုပ်ပါ။ Ctrl + C ကို နှိပ်ပြီး Copy လုပ်ပါ။

အဆင့်(၇)
ခြင်္သေ့ပုံကို Click လုပ်ပြီး အပေါ်တင်လိုက်ပါ။

Magic Wand Tool ကို ရွေးချယ်ပါ။ Tolerance ကို 30 ထားပါ။
ခြင်္သေ့အပေါ်က အဖြူကွက်ကို Click လုပ်ပါ။ Keyboard က Shift ကို နှိပ်ထားပြီး ခြင်္သေ့လက်ကြားက အဖြူကွက်ကို Click လုပ်ပါ။ အောက်မှာဖော်ပြထားတဲ့အတိုင်း Select ဖြစ်နေပါတယ်။


အဆင့်(၈)
Edit Menu က Paste Into ကိုရွေးချယ်ပါ။ အောက်ပါပုံအတိုင်း တွေ့မြင်ရပါမယ်။

အဆင့်(၉)
Tool Box က move tool ကို ရွေးချယ်ပြီး နောက်ခံ ပုံလေးကို အပေါ်ကို ဆွဲတင်လိုက်ပါ။

အဆင့်(၁၀)
Layers Palette က Background Layer ကို Click လုပ်ထားပါ။

အဆင့်(၁၁)
Image menu မှ Adjustments ထဲဝင်ပြီး Color Balance ကိုရွေးပါ။

အဆင့်(၁၂)
Color Levels: ကို -33 , 0 , +75 ထားပေးပြီး OK ကို Click လုပ်ပါ။

အောက်ပါပုံကိုရရှိမှာဖြစ်ပါတယ်။

အဆင့်(၁၃)
Image menu မှ Adjustments ထဲဝင်ပြီး Brightness/Contrast ကိုရွေးပါ။

အဆင့်(၁၄)
Brightness မှာ +11 ထားပြီး Contrast မှာ +23 ထားပြီး OK ကို Click လုပ်ပါ။

အောက်မှာ ဖော်ပြထားတဲ့အတိုင်း လိုအပ်တဲ့ ဒီဇိုင်းတစ်ခုကို ဖန်တီးရရှိသွားပြီဖြစ်ပါတယ်။

မိမိ နှစ်သက်တဲ့ File name ပေးပြီး Save လုပ်လို့ရပါပြီ။
ဝေဖန်အကြံပြုကြပါ။ လိုလိုလားလား လက်ခံပါတယ်။ Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၂) ကို ဆက်လက်ရေးသားတင်ပြပေးပါမယ်။
0 comments:
Post a Comment