Saturday 3 March 2012

PhotoShopဖြင့် Text ထည့်ခြင်း

PhotoShopဖြင့် Text ထည့်ခြင်း

အခုတလော Internet Connection ကြောင့် Gtalk ကနေ စကားပြောဖို့  ဝေးရော၊ Connection တက်လိုက်ကျလိုက်နဲ့  ကိုယ်ရေးတာ သူမဖတ်ရ၊ သူရေးတာ ကိုယ့်ဆီမရောက်နဲ့  စိတ်ညစ်နေရတဲ့ အနေအထားပါ...
ဒီကြားထဲ Internet Connection ကြောင့် ကိုကိုနဲ့  မတွေ့ ရတော့ဘူးဆိုပြီး လွမ်းကို လာနောက်ပြောင်နေတဲ့သူက ရှိသေးတယ်ဗျာ...
လွမ်းကလည်း တစ်ခွန်းမခံ ပြန်ပြောတာပဲ...
ကိုကိုနဲ့  စကားမပြောရပေမဲ့လဲ စာပို့ ပြီး အပြန်အလှန်ပြောကြတာပေါ့လို့ ... စာပို့ လို့  ရသေးလို့  တော်ပါသေးရဲ့... :Pဒီနေ့ တော့ စိတ်လိုလက်ရ ကိုကို့ ဆီ စာပို့ ဖို့  ပြင်ဆင်တာလေးကို သူငယ်ချင်းတို့ ကို ပြောပြမယ်နော်...(တကယ်တော့ မပို့ ပါဘူး... စိတ်ဝင်စားအောင်ပြောတာပါ... :P )
ဒီပုံက Website တစ်ခုက ယူထားတဲ့ ပုံလေးပါ...


ဒီပုံလေးကို Fotolr PS HD က နဂိုရှိပြီး Design လေးထဲကို ထည့်လိုက်ပါတယ်...




Adobe PhotoShop CS5 ထဲမှာ Open ပြီး Text Tool ကို ရွေးချယ်ပါတယ်...

Text Box ပြုလုပ်တာနဲ့  Text Layer ကို ဖွင့်ပြီး ဖြစ်နေတာကို တွေ့ ရမှာပါ... Text ရဲ့ Font, Size နဲ့  Color တို့ ကို ရွေးချယ်ရပါမယ်...




Text ကို ရေးပြီး စာရွက်အတိုင်း စောင်းရန်အတွက် Edit >>>Transform>>> Rotate ဆိုတာကို ရွေးချယ်ပါမယ်...

စာရွက်အစောင်းအတိုင်း စာလုံးကို Rotate ပြုလုပ်ပေးပါမယ်...


စာလုံးကို စာရွက်အတိုင်းစောင်းပြီးရင် Move Tool ယူပြီး စာလုံးကို ရွှေ့ ပြောင်းလို့ ရပါတယ်...



ဒါဆိုရင် ကိုကို့ ဆီပို့ ဖို့  အဆင်သင့်ဖြစ်သွားပါပြီ...

Text နှစ်ကြောင်းအတွက် Text Layer နှစ်ခုရှိနေမှာပါ... ကိုယ်ပြင်ချင်တဲ့ Text Layer ကို Select လုပ်ထားပြီး ပြင်လို့ ရပါတယ်...

သူငယ်ချင်းတို့ က စာလုံးလေးတွေက ရိုးတယ်လို့ ထင်ရင် ပုံတွင်ပြထားသည့်အတိုင်း Styles မှ တစ်ခုချင်းဆီကို ရွေးချယ်ပြီး စာလုံး Style လေးတွေ ပြောင်းပေးလို့ ရပါတယ်...



နောက်တစ်ခုက စာလုံးရေးတဲ့ပုံစံအမျိုးမျိုးပြောင်းလို့ ရတာပါ...





PhotoShop Software ဖြင့် စာလုံးပုံစံမျိုးစုံ ရေးတတ်ကြပါစေ...

ကွန်ပျူတာနည်းပညာများ တိုးတက်ကြပါစေ...

0 comments:

Post a Comment