Friday 2 March 2012

photoshop tool အကြောင်းများ

Drawing Tool အကြောင်း
Brush, Pencil & Color Replacement Tool
Tool Box ကနေမှ Brush နေရာလေးကို Right Click ရွေးချယ်လိုက်ပါ....အောက်က ပုံလေးအတိုင်း မြင်ရမည်......သူ့ရဲ့ Shortcut Key ကတော့ (B) ပေါ့.... Brush Tool လေးတွေကို ချိန်းချင်တယ် ဆိုရင်တော့ Shift + B ကိုနှိပ်ပေးပါ။




Brush Tool & Pencil Tool ကတော့ Drawing Tool တွေပဲ ဖြစ်ကြပါတယ်....ဒီ Tool နှစ်မျိုးလုံးကို အသုံးပြုပြီး ကိုယ်အလိုရှိရာ ပုံစံတွေကို ရေးဆွဲနိုင်ပါတယ်။
- Brush Tool နဲ့ ရေးဆွဲရာတွင် အနားစွန်းများဟာ တိကျပြတ်သားမှုနည်းပါတယ်။
- Pencil Tool နဲ့ ရေးဆွဲရာတွင် အနားစွန်းများဟာ တိကျပြတ်သားပါတယ်။
Bursh, Pencil Tool ကိုအသုံးပြုရေးဆွဲရာတွင် Foreground Color နဲ့ပဲ ရေးဆွဲပေးရမှာပါ။

Color Replacement Tool ကတော့ Image ထဲမှာရှိတဲ့ Color တွေကို ပြုပြင်လိုတဲ့ Color တွေနဲ့ အစားထိုးပေးနိုင်ပါတယ်... သူ့ကိုလည်း Foreground Color ပဲ ရွေးချယ်သုံးပေးရမှာပါ....



(1). Mode : မှာ ကိုယ်ရေးချယ်လိုတဲ့ Color အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။
(2). Continuous : ကို ရွေးချယ်ထားရင် Image ပေါ်က Color တစ်ခုကို အစားထိုးတဲ့အခါ Pointer ရွေ့လျားရာနေရာတိုင်းက Color တွေကို အစားထိုးသွားမှာ ဖြစ်ပါတယ်။
(3). Once : ကိုရွေးချယ်ထားရင်တော့ Pointer နဲ့ Click စ ထောက်လိုက်တဲ့ Color နေရာကိုပဲ Click ပြန်မလွှတ်မချင်း အစားထိုးပေးသွားမှာ ဖြစ်ပါတယ်။
(4). Background Swatch : ကတော့ အစားထိုးမဲ့ Color ကို Background ရဲ့ ဆေးရောင်အနုအရင့် အတိုင်း အစားထိုးပေးသွားမှာ ဖြစ်ပါတယ်။
(5). Limit : မှာတော့ Contiguous, Discontiguous နဲ့ Find Edges ဆိုပြီး သုံးမျိုးတွေ့ရမယ်။
- Contigious : ကိုရွေးချယ်ထားမယ်ဆိုရင် ထိစပ်နေတဲ့ ဧရိယာကိုသာ အပြည့်အ၀ ဆေးရောင်ချယ် ပေးမှာဖြစ်ပါတယ်။
- Discontigious : ကိုရွေးချယ်ထားမယ်ဆိုရင်တော့ Pointer ဧရိယာတစ်ခုလုံးကို အပြည့်အ၀ ဆေးရောင်ချယ်ပေးနိုင်မှာဖြစ်ပါတယ်။
- Find Edges : ကိုရွေးချယ်ထားရင်တော့ အနားစွန်းတွေရဲ့ တစ်ဖက်ခြမ်းကို အပြည့်အ၀ ကာကွယ်ပေးထားမှာဖြစ်ပါတယ်။
(6). Tolerance : တန်ဘိုးကို (0 to 255) ထိထားရှိနိုင်ပါတယ်။ တန်ဘိုးများရင် ဆေးရောင်ပါဝင်မှု မြင့်တတ်လာမှာဖြစ်ပြီး တန်ဘိုးနည်းရင် ဆေးရောင်ပါဝင်မှု လျော့နည်းမှာ ဖြစ်ပါတယ်။


Brush Tool အကြောင်း



Brush Tool ကိုစုတ်တံဖြင့် ပုံ၏လိုအပ်သောနေရာများကို ဆေးရောင်ချယ်ရာတွင် အသုံးပြုနိုင်သည်။ Software အတွင်းအရန်သင့်သုံးရန် Brush များပါသလို အပြင်မှနေ၍လည်း အပိုထပ်ထည့်လို့ ရနိုင်ပါသေးတယ်။ အောက်က ပုံလေးနဲ့ သုံးနည်းလေးကို ကြည့်လိုက်ရင် ရှင်းသွားလိမ့်မယ် ထင်ပါတယ်။ အောက်မှာ ကြည့်လိုက်ပါ....File > New မှ စာရွက်သစ်လေးတော့ ယူထားနော်.....
Brush ကိုရွေးလိုက်တာနဲ့ Brush နဲ့သက်ဆိုင်တဲ့ Tool Options Bar လေးကျလာတာတွေ့ရမှာပါ။




Brush Size အကြီး/အသေးကို ရွေးချယ်သုံးချင်တယ်ဆိုရင် အပေါ်ပုံမှ Brush Size ရဲ့ ဘေးက Down Arrow လေးကို နှိပ်လိုက်ပါ။ Brush တွေထပ်တိုးသုံးချင်တယ်ဆိုရင် အောက်က ပုံလေးမှာ Brush အမျိုးအစားရွေးချယ်ရန် နေရာမှာ သွားရွေးပြီး OK သို့မဟုတ် Append ကိုနှိပ်နိုင်ပါတယ်။

- OK ကိုနှိပ်မယ်ဆိုရင် Brush Box က လက်ရှိဖေါ်ပြထားတဲ့ Brush တွေကို ပယ်ဖျက်ပြီး ကိုယ်ရွေးချယ်လိုက်တဲ့ Brush ကိုအစားထိုး ဖေါ်ပြပေးမှာပါ။

- Append ကိုရွေးချယ်မယ်ဆိုရင် Brush Box က လက်ရှိ Brush တွေရဲ့ အောက်မှာ ထပ်တိုးပြီး ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။




စိတ်ကြိုက် Brush လေးတစ်ခုကို ရွေးချယ်လိုက်ပါ... ပြီးလျှင် Brush အရောင်ကို သတ်မှတ်ဖို့အတွက်
Foreground Color နဲ့ Background Color နေရာမှာ အရောင်တွေကို ရွေးချယ်ပါ။ နှစ်ရောင်ချယ်ဆိုရင်တော့နှစ်ခုလုံးမှာ အရောင်တွေရွေးပေါ့....တစ်ရောင်တည်းပဲ လိုချင်တဲ့ဆိုရင်တော့ Foreground Color လေးကို ရွေးချယ်ပေးရုံပါပဲ..... အရောင်ဖြည့်ပုံတွေကို ပြီးခဲ့တဲ့ အပိုင်းမှာ အသေးစိပ် ဖေါ်ပြခဲ့ပြီးလို့ ဒီမှာ ပြန်မပြောပြတော့ဘူးနော်...ရှေ့အပိုင်းကို ပြန်ကြည့်လိုက်ကြနော်....
Brush လေးသုံးမယ်ဆိုရင် Mouse နဲ့ တစ်ချက်ချင်းစီ နှိပ်လို့ရသလို Mouse နဲ့ဖိပြီး Drag ဆွဲလိုက်ပါ။
ပုံလေးမှာ ကြည့်လိုက်နော်.....



တစ်ခု သတိပေးချင်တာက Brush တစ်ခုသုံးမယ်ဆိုရင် Layer အသစ်တစ်ခု တောင်းပြီး လုပ်စေချင်ပါတယ်။ လုပ်နေရင်းက Layer တစ်ခုချင်းစီဆိုရင် ကိုယ်မကြိုက်တဲ့ အပိုင်းကို လိုသလို ပြန်ဖျက်ထုတ်ဖို့ လွယ်ကူပါတယ်.... (Layer အကြောင်းကို ရှေ့အပိုင်း ဖေါ်ပြခဲ့ပြီးပါပြီး...

Layer တခုတည်းမှာ Brush တွေပုံပြီး သုံးထားမယ်ဆိုရင်တော့ ပြန်ဖျက်ဖို့ အဆင်မပြေပါ။ Photoshop မှလည်း Undo ကို (21) ကြိမ်လောက်ပဲ ပြန်ခေါ်ခွင့်ပေးထားလို့.... Undo ပြန်ခေါ်ရမှာ
လည်း အဆင်ပြေမှာ မဟုတ်ဘူး..... ဒါ့ကြောင့် Layer လေးတွေကို အားမနာတမ်း ခေါ်သုံးပါ။ ကိုယ်လိုသလို ပုံလေးတွေကို စိတ်ကြိုက်ပြန်ရွှေ့၊ ပြန်ဖျက်၊ ပြန်ပြင်လို့ရနိုင်အောင်လို့ပေါ့....

Brush Palette လေးကို သွားကြည့်မယ်နော်... Keyboard မှ F5 Key လေးကို နှိပ်လိုက်ပါ။ ဖေါ်/ ဖျောက်တာက F5 Key လေးပါပဲ.....

အဲ့ဒီမှာ Brush Preset ဆိုပြီး သူ့ရဲ့အောက်မှာ Brush Tip Shape ဆိုပြီး အောက်ဘက်မှာလည်း အမှန် အမှတ်အသားနဲ့ Brush Setting လေးတွေကို တွေ့ရမှာပါ။ အဲ့ဒါကတော့ ကိုယ်သုံးမယ် Brush ကိုဘယ်လိုပုံစံ အနေအထားတွေ ပြင်ဆင်မလဲပေါ့..... အောက်မှာ Tip တွေအားလုံးထည့်ထားပေမယ့် ကိုယ်သုံးသလောက်ကိုပဲ ရွေးချယ် Tip လုပ်ပြီး ညာဘက်ရှိတဲ့ Slider လေးတွေကို လိုသလို ချိန်ညှိနိုင်ပါတယ်...... Tip လုပ်ရမယ့် နေရာမှာ အရင်ဦးဆုံး Active ဖြစ်အောင်နှိပ်မှ (Select အပြာလေးဖြစ်နေတာကိုပြောတာပါ) ကိုယ်ပြင်ဆင်ချင်သလို ပြင်ဆင်လို့ ရမှာပါ။ Tip သာ လုပ်ထားပြီး Acitve မဖြစ်ရင် ပြင်ဆင်လို့ ရမှာ မဟုတ်ပါ။


Bursh Palette ကိုအောက်ပါအတိုင်း အသုံးပြုနိုင်ပါတယ်....

(1). Brush Presets : ကိုရွေးချယ်ပြီး Palette ညာဘက်ခြမ်းမှာရှိတဲ့ Brush တွေကို စိတ်ကြိုက်ရွေးချယ် နိုင်ပါတယ်။ စုတ်ချက်အရွယ်အစား Master Diameter မှာ 1 Pixel ကနေ 2500 Pixel အထိ ရိုက်ထည့် နိုင်သလို Slider မှာဆွဲရွှေ့ပြီးတော့လည်း ပြောင်းလဲနိုင်ပါသေးတယ်။




(2). Brush Tip Shape : Brush တွေရဲ့ ပုံစံတွေကို ပြောင်းလဲဖို့အတွက် Option တွေကို ပြောင်းလဲနိုင်ပါတယ်..

- Diameter မှာ စုတ်ချက် အထူအပါးအတွက် တန်ဘိုးရိုက်ထည့်ခြင်း၊ Slider ကို ဆွဲရွှေ့ခြင်းတို့နဲ့ ပြောင်းလဲနိုင်ပါတယ်။

- Brush ရဲ့လားရာ (Direction) ကို Flip X, Flip Y မှာ ရွေးချယ်ခြင်းနဲ့ ပြောင်းလဲနိုင်ပါတယ်။

- Angle မှာ ထောင့်တန်ဘိုး ရိုက်ထည့်ခြင်းနဲ့ Preview က၀င်ရိုးကို လှည့်ပေးခြင်းနဲ့ ထောင့်တန်ဘိုး
မတူတဲ့ စုတ်ချက်တွေကို ဖန်တီးနိုင်ပါသေးတယ်။ Angle တန်ဘိုးကို ( - % နဲ့ + % ) နှစ်ခုလုံး ရွေးချယ်သုံးနိုင်ပါတယ်။

- Roundness မှာ အပြည့်အ၀ပုံဖေါ်နိုင်တဲ့ ရာခိုင်နှုန်းကို 100% အထိသတ်မှတ်နိုင်ပါတယ်။

- Hardness မှာ စုတ်ချက်တွေရေးဆွဲရာမှာ တိကျပြတ်သားမှုကို ရွေးချယ်နိုင်ဖို့အတွက် ရာခိုင်နှုန်း 100% အထိသတ်မှတ်နိုင်ပါတယ်။

- စုတ်ချက်အကွာအဝေးကိုတော့ Spacing နဲ့ ထိန်းချုပ်နိုင်ပါတယ်။



(3). Shape Dynamics : ကိုရွေးချယ်ပြီး ကြမ်းတမ်းတဲ့ စုတ်ချက်တွေကို ဖန်တီးနိုင်ပါတယ်...
Size Jitter, Minimum Diameter, Angle Jitter, Roundness Jitter, Minimum Roundness တို့ကို 100% အထိသတ်မှတ် အသုံးပြုနိုင်ပါတယ်။



(4). Scattering : စုတ်ချက်ပွားတွေ ဖန်တီးလိုတဲ့အခါမှာ Scattering ကိုအသုံးပြုနိုင်ပါတယ်။ Scatter တန်ဘိုးကို 1000% အထိ၊ Count တန်ဘိုးကို 16% အထိနဲ့ Count Jitter တန်ဘိုးကို 100% အထိ သတ်မှတ်အသုံးပြုနိုင်ပါတယ်။

- Box Axes မှာ အမှန်ပေးထားမယ်ဆိုရင် Scatter (စုတ်ချက်ပွား) တွေကို ရောင်ခြည်ဖြာ ထွက်သလိုမျိုး ဖန်တီးပေးမှာပါ။

- Scatter အောက်က Control ကို Off လုပ်ထားမယ်ဆိုရင် အကွဲကွဲ၊ အပြားပြားဖြစ်နေတဲ့ စုတ်ချက်ပွားတွေကို မထိန်းချုပ်တော့ပါဘူး။

- Scatter အောက်က Control မှာ Fade စုတ်ချက်ပွားတွေရဲ့ အမြင့်ဆုံးပြန့်နှံ့မှုကို ထိန်းချုပ်နိုင်သလို၊ Pen pressure, Pen Titlt, Stylus Wheel, Rotation တို့နဲ့ စုတ်ချက်ပွားတွေရဲ့ ပြန့်နှံ့မှုပုံစံကို ထိန်းချုပ်နိုင်ပါတယ်။

- Count Jitter အောက်က Control ကတော့ စုတ်ချက်ပွားတွေရဲ့ ကွာဝေးမှုပုံစံကို ထိန်းချုပ်တာပဲ ဖြစ်ပါတယ်။




(5). Texture : Photoshop မှာအသင့်ပေးထားတဲ့ ဒီဇိုင်းပုံတွေနဲ့ ဆန်းသစ်တဲ့ စုတ်ချက်တွေကို ဖန်တီးနိုင်ပါတယ်။ Brush Palette မှာ Texture ကိုရွေးပြီး Sample Texture Box ကိုနှိပ်ရင် Texture List တစ်ခု ပေါ်လာပါမယ်။
- Texture Lists အပေါ် ညာဘက်ဘေးမှာရှိတဲ့ တြိပံပုံလေးကို နှိပ်ပြီးပေါ်လာတဲ့ Menu မှာရွေးချယ်နိုင်ပါသည်။





အဲ့ဒီအုပ်စုထဲမှာ နမူနာ Texture တွေအများကြီးရှိပါတယ်... စုတ်ချက် ဒီဇိုင်းပုံစံပြောင်းလဲဖို့အတွက် Invert, Scale, Texture Each Tip, Mode, Depth တို့ကို အသုံးပြုနိုင်ပါတယ်...




(6). Dual Brush : ကိုတော့ Brush Tip Shape လိုပဲ အသုံးပြုနိုင်ပါတယ်

(7). Color Dynamics : ကိုတော့ ရောင်စုံစုတ်ချက်လေးတွေ ဖန်တီးတဲ့အခါမှာ သုံးပါတယ်။ ကိုယ်က Foreground, Background အရောင်တွေနဲ့ပဲ ရေးဆွဲပေမယ့် Color Dynamics နဲ့ အရောင်စုံလေးတွေ ဖန်တီးနိုင်ပါတယ်။

(8). Other Dynamics : ကိုရွေးချယ်ပြီး ဆေးရောင်ပါဝင်မှုကို ထိန်းချုပ်နိုင်ပါတယ်။ Opacity Jitter နဲ့ Flow Jitter တို့မှာ 100% အထိ သတ်မှတ်နိုင်ပါတယ်။

(9). Noice : အစက်အပျောက်ပုံစံ ရွေးချယ်နိုင်သည်။

(10). Wet Edges : အနားစွန်း စိုစွတ်သည့်ပုံစံ

(11). Air Bursh : ဆေးရောင်ပြန်နှံ့သည့်ပုံစံ

(12). Smoothing : အနားစွန်းချောမွေ့သည့်ပုံစံ

(13). Protect Texture : Texture ကာကွယ်ခြင်း

စသည်တို့ဖြင့် ရွေးချယ်အသုံးပြုနိုင်ပါတယ်.....

သူငယ်ချင်းတို့ရေ......Brush အကြောင်းလေးကတော့ ဒီလောက်နဲ့ နိဂုံးချုပ်လိုက်ပြီနော်...
ဆောင်းသိသလောက်လေးတော့ ပြောပြသွားပေးခဲ့ပြီး... သူငယ်ချင်းတို့ သိတာလေးတွေကိုလည်း ပြန်ဝေမျှခဲ့ကြအုံးနော်..... :)

0 comments:

Post a Comment