Friday 2 March 2012

Wei Nian Font Style – 1 (Jewel Style)


© Soe Minn Tun


အရင်တစ်ခေါက်က ဖိုတိုရှော့အသုံးပြုပြီး အလွယ်ကူဆုံး ရွှေရောင်စာလုံးပြုလုပ်ပုံကို ရေးခဲ့ပါတယ်။
ဒီတစ်ခါတော့ ဖိုတိုရှော့မှာ ကျောက်မျက်ရတနာပုံစံ စာလုံးများ ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ကြရအောင်။



၁။ File >> New…(Ctrl+N) ဖြင့်ပုံပါအတိုင်း Width:500 pixels, Height:300 pixels, Resolution:300 pixels ဖြင့် Canvas တစ်ခုဖွင့်ပါ။ ထို့နောက် Background Layer ကို အမဲဖြည့်ပါ။


© Soe Minn Tun


၂။ ထို့နောက် Type Tool ကိုယူ၍ နှစ်သက်ရာစာတစ်ကြောင်းရိုက်ထဲ့ပါ။


© Soe Minn Tun


ယခုသင်ခန်းစားမှာ U4Special 00132 ဖောင့်စာလုံးကို အသုံးပြုထားပါတယ်။
Font Size:24 ,Font Color R:200 G:37 B:44 သို့ပြောင်းပေးပါ။
(ယခုအရောင်မှာ ပတ္တမြားရောင်အတွက်ပြုလုပ်ထားခြင်းဖြစ်ပါသည်။ နှစ်သက်ရာအရောင်ပြောင်းနိုင်ပါသည်။)


© Soe Minn Tun


၃။ Layer >> Layer Style >> Bevel & Emboss… ကိုဖွင့်ပါ။ ထို့နောက် ပုံပါအတိုင်း Style နေရာတွင် Inner Bevel, Size တန်ဖိုးကို 5 px, Shading ရှိ Gloss Contour နေရာမှာ ညာဘက်ထောင့်ရှိ မြှားလေးကိုနှိပ်၍ ပုံပါအတိုင်း V ပုံစံအကွေးလေးကိုရွေးချယ်ပေးပါ။


© Soe Minn Tun


၎။ ထို့နောက် ၎င်း Layer Style Box ရှိ Stroke နေရာ Checkbox ကို အမှန်ခြစ်ပေးပါ။ ထိုနောက်ပုံပါအတိုင်း Size ကို 2 px ထားပါ။ Fill Type မှာ Gradient ရွေး၍ မြှားပြထားသောနေရာကို Click တစ်ချက်နှိပ်ပါ။


© Soe Minn Tun


၅။ Giadient Editor Box ပေါ်လာသောအခါ ဘယ်ဘက်ရှိ အမဲရောင် Slide အတုံးလေးအား ကလစ်တစ်ချက်နှိပ်၍ Select လုပ်ပါ။ ထို့နောက် Color နေရာကို Click တစ်ချက်နှိပ်ပါ။


© Soe Minn Tun


၆။ Color Picker ပေါ်လာတော့အခါ R:255 G:204 B:0 တန်ဖိုးများထည့်ပေးပါ။ ထိုနောက် OK နှိပ်ပါ။


© Soe Minn Tun


၇။ ထိုနောက် လက်ယာဘက်ရှိ အဖြူရောင် Slide အတုံးကိုကိုလဲ အထက်ပါအဆင့်အတိုင်းပြုလုပ်၍ RGB တန်ဖိုး R:255 G:255 B:153 ပြောင်းထည့်ပေးပါ။ ပြီးလျင် OK အဆင့်ဆင့်နှိပ်၍ ထွက်ပါ။


© Soe Minn Tun


© Soe Minn Tun


© Soe Minn Tun



0 comments:

Post a Comment