Saturday 3 March 2012

photoshop ဖြင့် ဒီဇိုင်းရေးဆွဲခြင်း

၁။ မိမိပြုလုပ်ချင်သော ပုံ ၃ ခုအား ဖွင့်လိုက်ပါ.. အဆင်ပြေပြေပြုလုပ်နိုင်ရန် လိုအပ်တဲ့ ပုံ ၃ခုအား တင်ပေးလိုက်ပါတယ်..Plz : Download.. Image.. Hand Image View Image City Image


၂။ လက်ပုံကို Tool Box မှ Move Tool ကို အသုံးပြုပြီး.. View ပုံပေါ်သို့ ဆွဲတင်လိုက်ပါ.. လက်ပုံအကြီးအသေးကို Ctrl + T ဖြင့်ချိန်လိုက်ပါ..




၃။ ထို့နောက် City ပုံကို ထိုထပ်ထားသော ပုံ ၂ပုံပေါ်သို့ ထပ်ပြီးဆွဲတင်လိုက်ပါ..




၎။ Tool Box >> Elliptical Marque Tool ကို ရွေးပြီး.. City ပုံပေါ်တွင် ဝိုင်းလိုက်ပါ..




၅။ ဝိုင်းပြီးပါက Ctrl + Shift + J ကို နှိပ်လိုက်ပါ.. ထိုအခါ Layer 3 ဆိုတာထပ်ပေါ်လာပါလိမ့်မယ်.. Layer 3 ရဲ့အောက်က Layer ရှိ မျက်လုံးပုံးလေးကို Click လိုက်ပါ..




၆။ Layer 3 ကိုဘဲ Select ပေးပြီး Menu bar >> Select >> Load Selection..
Load Selection Box ကျလာရင် Ok ပေးလိုက်ပါ.




၇။ Menu Bar >> Filter >> Disort >> Spherize .... Spherize Box ကျလာရင်
Amount >> 70 %
Mode >> Normal ပေးလိုက်ပါ.





၈။ မျှားပြထားသည့် fx ပုံစံလေးကိုရွေးပြီး Blending Option ကိုရွေးလိုက်ပါ..




Blending Option Box ကျလာရင်
1. Drop Shadow
2. Inner Shadow
3. Inner Glow ..... ကိုရွေးလိုက်ပါ..၄င်းတို့ရဲ့ Properties များကိုတော့ ပုံတွင်ပြထားသည့်အတိုင်းလိုက်ပြောင်းလိုက်ပါ.






၉။ Tool Box >> Elliptical Marque Tool ကို ရွေးပြီး ပုံတွင်ပြထားသည့်အတိုင်း Select လုပ်လိုက်ပါ..




၁၀။ Tool Box >> Gradient Tool ကို ရွေးချယ်ပါ.. (Gradient Color သည် White To Transpent (or) Foreground To Transpent ဖြစ်နေရပါမယ်..ထို့အတွက်ကြောင့် Foreground color ကို အဖြူရောင်ပြောင်းထားပေးဖို့လိုပါတယ်...)
ရွေးချယ်ထားသော Gradient Tool ဖြင့် ပုံရှိ မျှားအနက် အတိုင်း အမြှီး မှ ခေါင်းသို့ဆွဲလိုက်ပါ..
ပြီးရင် Ctrl + D ကို နှိပ်လိုက်ပါ..




၁၁။ အောက်ပါပုံလေးကိုရရှိပါပြီ..




အဆင်ပြေပြေပြုလုပ်နိုင်ပါစေ..

0 comments:

Post a Comment