Friday 2 March 2012

photoshop tool အကြောင်း (3)

အပိုင်း(၃)
Marquee Tool အကြောင်း
Marquee Tool (Selection Tool) - Layer တခုအတွင်းရှိ လိုအပ်သော နေရာများကို Selection ပြုလုပ်ရာတွင် အသုံးပြုသည်။ Marquee Tool လေးမျိုးရှိသည်။
1. Rectangular Marquee Tool - လေးထောင့် selection ပိုင်းဖြတ်ရာတွင် သုံးသည်။
2. Elliptical Marquee Tool - အ၀ိုင်း/ဘဲဥပုံ selection ပိုင်းဖြတ်ရာတွင် သုံးသည်။
3. Single Row Marquee Tool - 1 pixel စာ အလျားလိုက် selection လုပ်ရာတွင် သုံးသည်။
4. Single Column Marquee Tool - 1 pixel စာ ဒေါင်လိုက် selection လုပ်ရာတွင် သုံးသည်။

(1). Rectangular Marquee Tool (M)

Tool Box ထဲမှ Rectangular Marquee Tool လေးကို ရွေးလိုက်နော်...

ပြီးရင် File > Open ထဲကနေ... ကိုယ် Selection ပိုင်းဖြတ်ချင်တဲ့ ပုံလေးကို ရွေးယူလိုက်ပါနော်...



ပြီးလျှင် စာရွက်အသစ် ထပ်တောင်းပါ။ အပေါ်က selection ဖြတ်ထုတ်ထားတဲ့ အပိုင်းလေးကို ရွှေ့ချင်လျှင် Tool Box ထဲမှ Move Tool (V) လေးကို ရွေးနှိပ်ပါ။
Selection လုပ်နေရင်းက နေရာရွှေ့ချင်လျှင် - SpaceBar လေးကို ဖိပြီး Selection နေရာကို လိုသလို ရွှေ့ယူနိုင်ပါသည်။ Mouse ခလုတ်လေးကိုတော့ မလွှတ်မိပါစေနဲ့ပေါ့ ....
ပြီးပါက ပုံလေးကို Selection လုပ်ထားတဲ့ အတွင်းမှ ဖိနှိပ်ပြီး စာရွက်အသစ်ထဲသို့ ဆွဲထည့်လိုက်ပါ။


Selection လုပ်ထားတဲ့ ပုံ Layer ကို ပြန်နှိပ်ပြီး Ctrl+D ဖြင့် ပြုလုပ်ထားသော Selection ကို ဖျောက်လိုက်ပါ။

နောက်တခုက Rectangular Marquee Tool (M) ကိုနှိပ်လိုက်တဲ့အခါ Rectangular Marquee Tool နဲ့ သက်ဆိုင်တဲ့ Tool Option Bar လေးကို တွေ့ရမှာပါ..... အောက်က ပုံလေးကို ကြည့်လိုက်နော်...


A. New Selection (Selection အသစ်ပြုလုပ်ခြင်း)
B. Add To Selection (ဧရိယာနှစ်ခု ပေါင်းစည်းခြင်း)
C. Subtract From Selection (ဧရိယာနှစ်ခုကို နှုတ်ခြင်း)
D. Intersect With Selection (Selection နှစ်ခု၏ ထပ်နေသော နေရာကို ရွေးချယ်ခြင်း)
E. Feather (Selection အနားသတ်များကိုေ၀၀ါးအောင် ပြုလုပ်ခြင်း)
F. Style (Selection အမျိုးအစား ရွေးချယ် သတ်မှတ်ခြင်း)
G. Refine Edge...( အနားစွန်း ချောမွေ့မှု ပုံစံ ရွေးချယ်ခြင်း)


A. New Selection အသုံးပြုခြင်း




B. Add To Selection အသုံးပြုခြင်း








C. Subtract From Selection အသုံးပြုခြင်း







D. Intersect With Selection အသုံးပြုခြင်း






Selection တွေကို ပေါင်းထည့်တဲ့အခါ ဒါမှမဟုတ် နှုတ်ယူတဲ့အခါတွေမှာ Tool Option Bar မှာ သွားပြီး ရွေးချယ်နိုင်သလို KeyBoard ထဲကနေလည်း အလွယ်တကူ Shortcut Key နဲ့ ရွေးချယ် သုံးနိုင်ပါသေးတယ်......
Selection Tool တစ်ခုခုသုံးနေရင်းမှ ဖေါ်ပြထားတဲ့ Key လေးတွေကို ဖိပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။
အောက်မှာကြည့်လိုက်နော်......
Add To Selection - Shift Key
Subtract From Selection - Alt Key
Intersect With Selection - Shift + Alt Key
Selection အပေါင်း၊ အနှုတ်ဟာ Selection Tool အားလုံးနဲ့ သက်ဆိုင်ပါတယ်......ဆိုလိုတာက ဒီ Rectangular Marquee Tool တခုတည်းတင်မဟုတ်ဘဲ Elliptical Marquee Tool နဲ့လည်း သက်ဆိုင်တယ်လို့ ဆိုလိုတာပါ... Selection လုပ်ပုံ လုပ်နည်းချင်းတူတူပါပဲ..... Elliptical Marquee Tool ကို ကိုယ့်ဘာသာပဲ ပြန်စမ်းကြည့်လိုက်တော့နော်.....


E. Feather အသုံးပြုခြင်း



Feather ကိုအသုံးပြုတယ်ဆိုတာက ကိုယ်လုပ်မယ့် Selection ရဲ့ အနားသတ်တွေကိုေ၀၀ါးသွားအောင် ပြုလုပ်ခြင်းပါပဲ..... Feather တန်ဘိုးများလေလေ အနားသတ်ေ၀၀ါးမှုပိုလေပေါ့.....
Layer တစ်ခုနဲ့ တစ်ခု ရောထွေးချင်တဲ့အခါမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကြမ်းတမ်းနေတဲ့ အနားစွန်းတွေကို ချောမွေ့စေချင်တဲ့အခါမှာပဲ ဖြစ်ဖြစ် Feather ကိုအသုံးပြုပါတယ်။
Tool Option Bar မှာရှိတဲ့ Feather နေရာမှာ ကိုယ်သုံးမယ့် တန်ဘိုးတစ်ခု ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ဥပမာ (Feather တန်ဘိုး 10 pixel ပေါ့)
အောက်မှာကြည့်လိုက်နော် ... Feather ရဲ့ လုပ်ဆောင်ပုံလေးကိုပေါ့....

ပုံလေးနှစ်ပုံကို ယှဉ်ကြည့်လိုက်ရင် Feather တန်ဘိုးရဲ့ လုပ်ဆောင်ပုံလေးကို တွေ့နိုင်ပါတယ်.....
Feather တန်ဘိုးကို ပုံသေပေးမထားဘဲ လိုအပ်တဲ့အခါမှသာ Tool Option မှာ လိုအပ်တဲ့တန်ဘိုးကို ပေးပြီး အသုံးပြုနိုင်သလို နောက်တနည်းက Keyboard မှ Ctrl + Alt + D ကိုတွဲနှိပ်ပြီး ပေါ်လာတဲ့ Feather Option မှာ လိုအပ်တဲ့ တန်ဘိုးကို ရိုက်ထည့်ပြီးလည်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
အရင်ဦးဆုံး ကိုယ်ဖြတ်ထုတ်ချင်တဲ့အပိုင်းကို သွားပြီး Selection လုပ်လိုက်ပါ........ပြီးမှ Keyboard မှ Ctrl + Alt + D နှိပ်ပါ။ တန်ဘိုးကတော့ ကိုယ်သုံးမယ့် တန်ဘိုးလေးကို ရိုက်ထည့်ပါ... OK နှိပ် ဒါမှမဟုတ် Enter လေးကို နှိပ်လိုက်ပေါ့... ပိုမြန်အောင်လို့လေ..... :)
လုပ်ထားပြီး Selection ကို ဖျောက်ချင်ရင် Ctrl + D ကိုနှိပ်ဖျောက်လိုက်နော်... အပေါ်မှာလည်း ပြောထားပြီးပါပြီ.....ပုံလေးနဲ့ ကြည့်လိုက်နော် ပိုမြင်အောင်လို့ပါ.....


F. Style အသုံးပြုခြင်း





Style သုံးမျိုးရှိသည်။ Tool Option Bar နေရာမှာရှိတဲ့ Style ဆိုတဲ့ နေရာလေးမှာ ရွေးချယ် သုံးနိုင်ပါတယ်.....



(1). Normal ကို ရွေးချယ်ထားမယ်ဆိုရင် ပုံသဏ္ဍာန် အရွယ်အစား အတိအကျ မရှိတဲ့ ပုံမှန်လေးထောင့် Selection တွေကိုပဲ ဖန်တီးနိုင်မှာပါ။
(2). Fixed Ratio ကိုရွေးချယ်ထားမယ်ဆိုရင် Width & Height တို့မှာ ကိုယ်ပြုလုပ်လိုတဲ့ Ratio ကို ရိုက်ထည့်ပေးရမှာပါ..... ဒါမှ ကိုယ်ပြုလုပ်လိုတဲ့ အတိုင်းအတာ တိကျတဲ့ Selection လေးကို ရမှာပါ။


နောက်တခုက ......

Elliptical Marquee Tool ကို အသုံးပြုတဲ့အခါ Anti-alias ကို အမှန်ပေးထားမယ်ဆိုရင် ချောမွေ့တဲ့ အနားစွန်းလေးကို ရရှိမှာဖြစ်ပါတယ်....
ကျန်တဲ့ အသုံးပြုပုံတွေကတော့ အတူတူပါပဲ။ Rectangular & Elliptical နှစ်မျိုးကို အသုံးပြုတဲ့အခါ စတုရန်းပုံ / စက်ဝိုင်းပုံ တိတိကျကျ လိုချင်တဲ့အခါ Shift Key ကိုဖိပြီး Mouse ကို Drag ဆွဲလိုက်ပါ။
Shift + Alt ကိုဖိပြီး Drag ဆွဲမယ်ဆိုရင် လေးထောင့်/စက်ဝိုင်း ရဲ့အလယ်ကို ဗဟိုပြုပြီး Selection ကို ချဲ့ပေးသွားမှာပါ။
Selection ပြုလုပ်တဲ့အခါ ကိုယ်လိုချင်တဲ့ ဧရိယာနဲ့ Selection ထပ်တူမကျသေးရင် Mouse ကိုမလွှတ်သေးဘဲ Space Bar ကိုဖိပြီး Selection Border ကိုရွှေ့နိုင်ပါတယ်....
G. Refine Edge

Selection Tool တွေကို အသုံးပြုပြီး Selection တွေပြုလုပ်တဲ့အခါမှာ အနားစွန်းတွေရဲ့ ချောမွေ့မှု ပုံစံကို Tool Option Bar မှာရှိတဲ့ Refine Edge မှာ ရွေးချယ်နိုင်ပါတယ်။
Refine Edge ကိုအသုံးပြုဖို့အတွက် အရင်ဆုံး Selection တစ်ခုကို အရင်ဆုံး ဆွဲထားလိုက်နော်....
ပြီးရင် Tool Option Bar မှာရှိတဲ့ Refine Edge ကို တစ်ချက်နှိပ်လိုက်ပါက အောက်ပါပုံလေးအတိုင်း တွေ့ရလိမ့်မယ်.....

အချိုးတွေကိုတော့ ကိုယ့်ဘာသာ လိုသလို ပြန်ပြင်ဆင်လိုက်ပေါ့နော်......

0 comments:

Post a Comment