Friday 2 March 2012

အခြေခံ Vector ပုံရေးဆွဲခြင်း (Basic Level) အပိုင်း-၁


အခြေခံအဆင့် (၁)



ပထမဦးဆုံးအခြေခံအဆင့်အနေနှင့် အရောင်တစ်ရောင်တည်းသုံး၍ Vector ပုံများရေးဆွဲလေ့ကျင့်ပါမယ်။ ထို့နောက်မှ Gradient နှင့် Mesh Tool အသုံးပြု၍ Vector ပုံများရေးဆွဲပုံကို ဖော်ပြပေးသွားပါမည်။
ယခု Tutorial အတွက် အထက်တွင်ဖော်ပြထားသောပုံပေါ်၌် Right-Click နှိပ်၍ Save Image As… ဖြင့်သိမ်းထားပါ။


၁။ သူများဦးနှောက်ဖောက်စားဖို့အတွက် ပုံတစ်ပုံကို အခုလို Illustrator CS3 မှာ ဖွင့်လိုက်ပါတယ်။ ထိုနောက် ပုံပေါ် Click တစ်ချက်နှိပ်ကာ Select လုပ်၍ Transparency Palette (Window > Transparency) ရှိ Opacity ရာခိုင်နှုန်းကို သင်ရေးဆွဲရာတွင် အဆင်ပြေစွာမြင်ရသည်အထိ ရှော့ပေးပါ။
၎င်းနောက် Layer (Window > Layers) အား Lock ချ၍ Layer အသစ်တစ်ခုယူပါ။



၂။ Pen Tool ကိုယူပါ။ ပုံပါအတိုင်း Default Fill and Stroke (D) ကိုနှိပ်ပါ။ Fill ကို None(/) ထားပါ။



၃။ Pen Tool ဖြင့် အနားလိုင်းများပေါ်တွင်လိုက်၍ထပ်ဆွဲပါ။ မှားသွားပါက Backspace key ဖြင့်အနောက်တစ်ချက်ချင်းစီပြန်ဆုတ်နိုင်ပါတယ်။ Pen Tool ဖြင့်ရေးဆွဲနေစဉ် မြင်ကွင်းနေရာရွှေ့လိုပါက Photshop မှာကဲ့သို့ Space Bar ဖိထား၍ ပြောင်းရွှေ့နိုင်ပါတယ်။



၎။ Pen Tool ဖြင့်ကောင်ကြောင်းလိုက်၍ အဆုံးသတ်ပါက ပုံတွင်ပြထားသည့်အတိုင်း Click နှိပ်၍ Fill နှင့် Stroke ကိုနေရာချင်းလဲလိုက်ပါ။



ဒီလောက်ဆို သူများဆွဲပြီးသားပုံ ဘယ်လိုကူးယူလို့ရတယ်ဆိုတာ အခြေခံသဘောပေါက်လောက်ပြီထင်ပါတယ်။
နောက်တစ်ဆင့်ထက်ပြီး အရောင်နှင့်အစိတ်အပိုင်းပိုများတဲ့ Vector ပုံကူးရေးကြည့်ရအောင်။


အခြေခံအဆင့် (၂)



ဒီတစ်ခါတော့ အရောင်တွေ တစ်ရောင်ထက်မနည်း ပါဝင်လာသလို အစိတ်အပိုင်းတွေလဲ ပိုမိုပါဝင်လာပါပြီ။ ဒီပုံကိုကူးဆွဲရာမှာ အဓိကအရေးကြီးသတိထားရမဲ့နေရာကတော့ အစိတ်အပိုင်းများတစ်ခုနဲ့တစ်ခုထပ်ပြီး ရေးဆွဲရမည့်နေရာပါပဲ။
ပုံအားစတင်မကူးဆွဲမည် မည်သည့်အပိုင်းကိုအောက်မှာထား၍ မည်သည့်အပိုင်းကို အပေါ်ကအုပ်၍ရေးဆွဲမလဲဆိုတာ အရင်စဉ်းစားရပါမယ်။


၁။ ထုံးစံအတိုင်းအထက်ကပုံကို Save လုပ်ပြီး Adobe Illustrator မှာဖွင့်လိုက်ပါ။ ပြီးရင်အပေါ်က လေ့ကျင့်ခန်းအတိုင်း Opacity ရာခိုင်နှုန်းကိုလျော့ Layer ကို Lock ချပြီး Layer အသစ်တစ်ခုဖွင့်ထားပါ။
၂။ Pen Tool ကိုယူပြီးအထက်ကအတိုင်း Default Fill and Stroke (D) ကိုနှိပ်ပါ။ Fill ကို None(/) ထားပါ။
၃။ ပုံကိုကြည့်ပါက ဦးထုပ်၏အတွင်းသားသည် ဆံပင် ၊ ဦးထုပ် ၊ မျက်နှာတို့ရဲ့နောက်ဘက်တွင်တည်ရှိနေ၍ ၄င်းကိုပုံမှာပြထားသည့်အတိုင်း အတွင်းဘက်သို့အနည်းငယ်ပို၍ ဆွဲပေးပါ။



၎။ ဒုတိယအနေနှင့် ဦးထုပ် ၊ မျက်နှာတို့ရဲ့နောက်ဘက်တွင်ရှိသော ဆံပင်ကိုဆွဲရပါမယ်။ အပေါ်ရှိ မျက်နှာအုပ်မည့် အစိတ်အပိုင်းကို အတွင်းဘက်သို့ပိုဆွဲပေးရပါမည်။ ပုံကိုကြည့်ပါ။



၅။ ထို့နောက် ဦးထုပ်၏အောက်ဘက်တွင်ရှိသော မျက်နှာအစိတ်အပိုင်းကိုဆွဲပါ။ အင်္ကျီနှင့် ဦးထုပ်သည် မျက်နှာအစိတ်အပိုင်းကိုဖုံးအုပ်မည်ဖြစ်၍ ၄င်းဖုံးအုပ်ခံရမည့်နေရာကို ပိုဆွဲပေးရပါမယ်။ ပုံကိုသေသေချာချာကြည့်ပါ။



၆။ ပြီးလျင် ဦးထုပ်ကိုဆွဲပါ။ နောက်မှ ဦးထုပ်အပတ်လေးကိုဆွဲပါ။ ကျန်သောအစိတ်အပိုင်းများကိုလည်း ထိုနည်းအတိုင်းအောက်ဆုံးရှိ ဖုံးအုပ်ခံရမည့်အပိုင်းမှစ၍ဆွဲပေးပါ။


၇။ အားလုံးဆွဲပြီးပါက Layer ကို Lock ချထားတာကိုပြန်ဖြုတ်၍ Opacity ကို 100% သို့ပြန်ထားပေးပါ။ Stroke လိုင်းတစ်ကို Select လုပ်၍ Eyedropper Tool ဖြင့် Select လုပ်ထားသော Stroke လိုင်း အတွင်း Click နှိပ်၍ အရောင်ကူးယူပါ။
ထိုနည်းအတိုင်း ကျန်အစိတ်အပိုင်းအားလုံးကို အရောင်ဖြည့်ပေးပါ။ ပုံထပ်ထားတာ Layer အပေါ်အောက်လွဲနေလျှင်
Ctrl + [ ဖြင့် Select လုပ်ထားသောအပိုင်းအားအောက်သို့လည်းကောင်း Ctrl + ] ဖြင့် Select လုပ်ထားသောအပိုင်းအား အပေါ်သို့လည်းကောင်း ပြောင်းနိုင်ပါတယ်။

0 comments:

Post a Comment