Friday 2 March 2012

ရေခဲ Text စာလုံးများနှင့်ရေခဲလူသားပြုလုပ်ခြင်း

(၁) အဲဒီအတွက် လိုအပ်တဲ့ Background နဲ့ Text ကိုရိုက်ပါမယ်။ ဒီနေရာမှာ သတိထားရမှာက Text Color ဟာ အဖြူရောင် (#FFFFFF) ဖြစ်ပါတယ်။


၂) Image > Rotae Canvas > 90° CW ပြောင်းပါ။ ပြီးရင် Text ကို (Filter > Stylize > Wind) ကိုဝင်ပြီး Filter ထည့်ပါမယ်။ Rasterize လုပ်မလားဆိုတဲ့ Box ကျလာရင် OK လို့ပေးပါ။ ဒါဆိုရင် Text Layer မဟုတ်တော့တဲ့အတွက် နောက်ထပ်စာပြင်ရိုက်လို့မရတော့ပါဘူး။ Method=Wind နဲ့ Direction=From the right မှာထားပါတယ်။ ဒါဆိုအောက်က ပုံအတိုင်းတွေ့ရမှာပါ။ အကယ်၍သာ Text ကို အဖြူရောင် မထားခဲ့ရင် Wind Effect ကို အဲလိုတွေ့ရမှာ မဟုတ်ပါဘူး။ တခြား Color ထည့်ထားတဲ့ Text ကို Wind Filter ပေးရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာတော့ ကိုယ်တိုင်စမ်းကြည့်စေလိုပါတယ်။


၃) ပြီးရင် (Image > Rotate Canvas > 90°CCW) ကို ပြန်ပေးပါ။ Layer ရဲ့ Fill ကို 10% မှာထားပါမယ်။


၎) Blending Option ထဲက Bevel & Emboss ကိုဝင်ပါ။ Setting တွေကတော့ အောက်ကအတိုင်းပဲဖြစ်ပါတယ်။ Glass Contour= Ring Double မှာထားပါမယ်။ ဒီ Contour Style က Text ကို ရေခဲနဲ့တူအောင် ဖန်တီးပေးမှာဖြစ်ပါတယ်။ Highlight Mode Color=#d5f5ff နဲ့ Shadow Mode Color=#1b374a မှာထားပါမယ်။ အပြာနုနဲ့ အပြာရင့်ပဲဖြစ်ပါတယ်။


အဲဒီ Bevel & Emboss အောက်က Contour ကို ၀င်ပြီး Half round ကိုပြောင်းပါ။


ပြီးရင် Texture ထဲကို ၀င်ပြီး Satin texture ကို ပေးပါ။ ရှုံ့တွနေတဲ့ ရေခဲပုံစံမျိုးကို လိုချင်လို့ဖြစ်ပါတယ်။ အောက်က Setting အတိုင်းပါ။ ဒီ Texture ရဲ့ Scale နဲ့ Depth တန်ဖိုးတွေကို အမျိုးမျိုး ပြောင်းပြီး စမ်းကြည့်စေလိုပါတယ်။


၅) ပြီးရင် Outer Glow ကိုဝင်ပြီး အပြာရောင်ခပ်ဖျော့ဖျော့ #d5f5ff နဲ့ Opacity=25% မှာထားပါမယ်။ ရေခဲဟာ မှန်နဲ့ခပ်ဆင်ဆင်ဖြစ်လို့ Reflection ပြန်ပါတယ်။ ဒီ Outer Glow ကရေခဲအနားစွန်းက Reflection မျိုးကို ဖန်တီးတာဖြစ်ပါတယ်။


ပြီးရင် Inner Glow ကိုလည်း အဲဒီအပြာရောင်ပဲထည့်ပြီး Opacity ကိုတော့ 75% မှာထားပါမယ်။ ရေခဲတုံးတွေကို မြင်ဖူးမှာပါ။ သေချာကြည့်ရင် အနားသတ်တွေက အလယ်ကရေခဲသားလို မကြည်လင်ပါဘူး။ Inner Glow က အဲဒီ အနားသတ်တွေက အရောင်အဆင်းမျိုးကို ဖန်တီးပေးမှာပါ။


အထက်ကအဆင့်များအတိုင်းပြုလုပ်ပြီးပြီဆိုရင်တော့ ပုံအတိုင်းတွေ့ရမှာပါ။


ဒီနေရာမှာရပ်ထားလို့ရပါတယ်။ ဒါပေမယ့် ပိုမိုဖန်တီးချင်တယ်ဆိုရင် အဲဒီ Layer ကို Duplicate ထပ်ပွားနိုင်ပါတယ်။ ဒါဆို ပိုထင်းတဲ့ Text ကို ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် Sparkle လို့ခေါ်တဲ့ အလင်းပွင့်များကို Brush နဲ့ထည့်လိုက်ရင်တော့ လင်းလက်တောက်ပနေတဲ့ အေးတိအေးစက် ရေခဲ Text ကို ရရှိမှာဖြစ်ပါတယ်။


အကယ်၍များ ရေခဲချောင်းလုပ်ငန်းတစ်ခုက သင့်ကို Cover Design ဆွဲခိုင်းမယ်ဆိုရင် ဒီ Tutorial က သေချာပေါက် အသုံးတည့်မှာပါ။ ကျန်တာကတော့ သင့်စိတ်ကူးပေါ့... တစ်လောကလုံးကို ရေခဲရိုက်ချင်ရင်တောင် ရိုက်လို့ရသွားပါပြီနော်...။


Design ကောင်း တစ်ခုဆိုတာ သင့်ရဲ့ စိတ်ကူးနဲ့ အချိန်ပေးနိုင်မှုအပေါ်မှာ မူတည်ပါတယ်။ အကယ်၍သာ ခံစားချက်ပြင်းပြင်းပျပျရှိလာပြီဆိုရင် သင့်ရဲ့ ဖန်တီးမှုကနေ ထူးခြားသက်ဝင်တဲ့ Design တွေဖြစ်တည်လာမှာပါ။

0 comments:

Post a Comment