Friday 2 March 2012

Photoshop CS3 သင်ခန်းစာ အခန်း – ၃

အခန်း – (၃)

Selection များပြုလုပ်ခြင်း

ဒီအခန်းမှာအောက်ပါအကြောင်းအရာများပါဝင်ပါတယ်

# The Selection Tools # The Select Menu # Selecting Large Areas # Advanced Selection Techniques # Cutting and Copying # Cropping

The Selection Tools ပုံတစ်ပုံရဲ့အစိတ်အပိုင်းတစ်ခုကို သင်နည်းလမ်းအချို့သုံး၍ Select ပြုလုပ်နိုင်ပါတယ်။ Selection tool များဖြစ်တဲ့ Marquee tools, Lasso tools, the Quick Selection tool, သို့မဟုတ် the Magic Wand တို့ကို အသုံးပြုနိုင်ပါတယ်။ တစ်ခါတစ်ရံသင်ဟာ ပုံတစ်ပုံရဲ့ နောက်ခံကောင်းကင်ပြာကို ပဲရွေးပြီးဖျက်ထုတ်ဖို့ ကောင်းကင်တစ်ခုလုံးကို Selecting လုပ်ဖို့ လိုအပ်လာနိုင်တယ်ဆိုရင် အသုံးပြုနိုင်ဖို့ အခြားအမျိုးအစားမတူတဲ့ Selection tool များလဲရှိပါတယ်။ Photoshop ရဲ့ Selection tools ဟာ ပုံတစ်ခုလုံး သို့မဟုတ် Pixel တစ်ခုအထိ select လုပ်နိုင်စွမ်းရှိပါတယ်။


Crop tool ကတော့ Selection tool အုပ်စုထဲမှာပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၄င်း tool ဖြင့် ပုံတစ်ပုံအားဖျက်ထုတ်ရာမှာ ထိန်းသိမ်းလိုသောအပိုင်းကို Selecting ပြုလုပ်ရလို့ပါပဲ။ Crop tool အသုံးပြုပုံကို ယခုအခန်းနောက်ပိုင်းတွင် ဖော်ပြပေးသွားပါမယ်။

Rectangular and Elliptical Marquees Marquee tools များဖြစ်တဲ့ Rectangular နှင့် Elliptical ကို Toolbox ရဲ့ အပေါ်ဘက်တွင်တွေ့မြင်နိုင်ပါတယ်။ Rectangular Marquee ကိုယူမယ်ဆိုရင် Toolbox ရှိ ၄င်းပုံပေါ်တွင် Click နှိပ်၍၄င်း Keyboard မှ M ကိုနှိပ်၍၄င်း ရယူနိုင်ပါတယ်။ Elliptical Marquee ကိုယူမယ်ဆိုရင်တော့ Toolbox မှာရှိတဲ့ Rectangular Marquee ပေါ်တွင် Click ဖိထား၍ pop-up menu ပေါ်လာသောအခါ Elliptical Marquee ကိုရွေးယူနိုင်ပါတယ်။ ထိုနည်းအတိုင်း Single Row နှင့် Single Column Marquee ကိုလည်း ရွေးယူနိုင်ပါတယ်။ အကယ်၍သင့်လက်ရှိရွေးယူထားတဲ့ tool ဟာ Rectangular Marquee ဆိုလျှင် shift + M နှိပ်၍ Elliptical Marquee သို့လည်းကောင်း Elliptical Marquee ဆိုလျှင် Rectangular Marquee သို့လည်းကောင်း ပြောင်းယူနိုင်ပါတယ်။ Tool icon ပြောင်းတိုင်း Tool Options bar ပါလိုက်၍ပြောင်းသွားပါလိမ့်မယ်။ ကျွန်တော်တို့ လက်တွေ့စမ်းသပ်မှုလေးတစ်ခု စလိုက်ရအောင်။

၁။ ပထမဦးဆုံးဖိုင်အသစ်တစ်ခုဖွင့်ပါ။

၂။ Toolbox က Marquee tool ပေါ်မှာ Click တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် Canves ပေါ်သို့ cursor ရွေ့လိုက်မယ်ဆိုရင် အပေါင်းလက္ခဏာပုံစံ cursor အဖြစ်တွေ့ရမှာပါ။ (၄င်းအပေါင်းလက္ခဏာပုံစံကို crosshair လို့ခေါ်ပါတယ်)

၃။ cursor က canvas ပေါ်ရောက်ပြီဆိုလျှင် Click ဖိ၍ drag ဆွဲကြည့်ပါ။

၎။ ထိုနည်း၎င်း elliptical marquee ကိုယူ၍လည်း လားရာဘက်အမျိုးမျိုးသို့ drag ဆွဲကြည့်ပါ။

အကယ်၍စတုရန်းပုံ သို့မဟုတ် စက်ဝိုင်းပုံ Selection လိုချင်ရင် drag ဆွဲတုန်း Shift ခလုတ်ကိုဖိထားပါ။ Alt ဖိထားရင်တော့ အလယ်ဗဟိုမှ အပြင်သို့ Select လုပ်ပါလိမ့်မယ်။ စမ်းလုပ်ကြည့်ပါ။

Select လုပ်ပြီးသားတစ်ခုကို ထပ်ပေါင်းထည့်မယ် ၊ ဒါမှမဟုတ် နုတ်ယူမယ် ၊ Selection နှစ်ခုထပ်သောအပိုင်းကို ရွေးယူမယ်ဆိုရင် အောက်ပါအတိုင်း Tool Options bar တွင်ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

၁။ ။ (New Selection) Selection အသစ်လုပ်တာပါ။

၂။ ။ (Add to selection) Selection ထပ်ပေါင်းထည့်တာပါ။ Keyboard မှ Shift ဖိထား၍ Cursor အောက်တွင်( + )လက္ခဏာပေါ်သောမခါ Drag ဆွဲ၍လည်းပြုလုပ်နိုင်ပါတယ်။

၃။ ။ (Subtract from selection) Selection နုတ်ယူတာပါ။ Keyboard မှ Alt ဖိထား၍ Cursor အောက်တွင် ( – ) လက္ခဏာပေါ်သောမခါ Drag ဆွဲ၍နုတ်ယူနိုင်ပါတယ်။ Selection ဧရိယာတစ်ခု၏ အတွင်းတွင် နောက်ထပ် Selection ဧရိယာနုတ်ယူခြင်းကို Knockout လုပ်တယ်လို့ခေါ်ပါတယ်။ ဥပမာ စက်ဝိုင်းပုံ Selection ဧရိယာအတွင်းတွင် နောက်ထက် စက်ဝိုင်းပုံ Selection အသေးဖြင့် နုတ်ယူပါက Donut ပုံစံရရှိစေပါသည်။


၎။ ။ (Intersect with selection) Selection နှစ်ခုထပ်သောအပိုင်းကို ရွေးယူတာပါ။ Keyboard မှ Alt+Shift ဖိထား၍ Cursor အောက်တွင်( x )လက္ခဏာပေါ်သောမခါ Drag ဆွဲ၍ရွေးယူနိုင်ပါတယ်။



လေ့ကျင့်တဲ့အနေနဲ့အောက်မှာပြထားတဲ့ gazebo ပုံစံလေးစမ်းလုပ်ကြည့်ပါ။



Horizontal (Single Row) နှင့် Vertical (Single Column) marquees ကိုတော့ ပုံတစ်ပုံရဲ့ ထောင့်စွန်းများဖျက်ထုတ်ရာတွင်အသုံးဝင်ပါတယ်။ ၄င်းကပုံတစ်ပုံရဲ့ 1 pixels စာအလျားအတန်း သို့မဟုတ် 1 pixels စာဒေါင်လိုက်အတန်းကို Select လုပ်ပေးပါလိမ့်မယ်။


အကယ်၍သင်ဟာ selection လုပ်မယ်ဆိုရင်အထူးသတိပြုရမှာက သင်ပြုပြင်လုပ်ဆောင်ချက်မှန်သမျှဟာ Selection ဧရိယာဘောင်အတွင်းသာ အကျိုးသက်ရောက်မှုရှိမှာပါ။ ဆိုလိုတာကတော့ သင်ဟာပုံတစ်ပုံရဲ့ အစိတ်အပိုင်းတစ်ခုကို Selection လုပ်ထားမယ်ဆိုရင် သင်ဆေးပဲချယ်ချယ် ၊ gradient ပဲသုံးသုံး ၊ အခြား Filter ထဲကဘာ effect ပဲသုံးသုံး လုပ်ဆောင်ချက်အားလုံးဟာ သင် Selection ကိုပြန်မဖြုတ်သရွေ့ ၄င်း selection ဧရိယာရဲ့ဘောင်အတွင်းသာ ပြောင်းလဲမှုများဖြစ်ပေါ်ပါမည်။ အောက်က Animation ကိုကြည့်ပါက Brush ဖြင့်ဆေးချယ်ရာတွင် Selection ဧရိယာအတွင်းသာ အကျိုးသက်ရောက်မှုရှိတာကိုတွေ့မြင်နိုင်ပါတယ်။



Selection ကိုပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ marquee tool တစ်ခုခုဖြစ် canvas ပေါ်တွင် Click တစ်ချက်နှိပ်၍၄င်း Menu bar မှ Select>Deselect ကိုရွေး ၍၄င်း Right-Click နှိပ်၍ Deselect ကိုရွေး၍၄င်း Keyboard မှ Ctrl+D နှိပ်၍၄င်း သင်အဆင်ပြေရာအသုံးပြုနိုင်ပါတယ်။ အကယ်၍ Select လုပ်ထားသောအပိုင်းကို ဖျက်ထုတ်ချင်တယ်ဆိုရင် Backspace သို့မဟုတ် Delete နှိပ်ပါ။


The Lasso Tool မညီမညာနှင့် ပုံစံတစ်ကျမရှိတဲ့ အစိတ်အပိုင်းများ Selection ပြုလုပ်ရာတွင် အသုံးပြုပါတယ်။ ဥပမာ သစ်ကိုင်းတစ်ကိုင်းမှ ပန်းပွင့်တစ်ပွင့်ကို Select လုပ်တာမျိုးပေါ့။



Lasso tool သုံးမယ်ဆိုရင်တော့ လက်ငြိမ်ဖို့လိုအပ်ပါတယ်။ Mouse ၊ Mousepad နှင့် track-ball တွေပါသန့်ရှင်းထားမယ်ဆိုရင် အသုံးပြုရာမှာ အဆင်ပြေစေမှာပါ။ နောက်ထပ် သင့်ကွန်ပျုတာရဲ့ Control Panel သို့မဟုတ် System Preferences မှာ Mouse speed ကိုလျှော့ပေးခြင်းဖြင့်လည်း selection လုပ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ Lasso tool မှာလည်း Marquee tool မှာကဲသို့ပဲ Ctrl ၊ Alt ၊ Shift များနှိပ်၍ selection ပေါင်းခြင်းနုတ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ Lasso tool နှင့် Selection လုပ်မယ်ဆိုရင်တော့


၁။ Toolbox မှ Lasso tool ကိုရွေးပါ။ သို့မဟုတ် keyboard မှ L ကိုနှိပ်ပါ။


၂။ Click ဖိထား၍ Lasso tool ဖြင့် select လုပ်လိုသောအစိတ်အပိုင်းအား ဂရုတစိုက်ဆွဲပါ။


၃။ သင် Select လုပ်ပြီးခါနီး Click ဖိထားတာကိုလွှတ်လိုက်ပါက Selection အစနှင့် အဆုံးနှစ်ခုကို အလိုလျှောက်ဆက်ပေးပါလိမ့်မယ်။ အကယ်၍ Select လုပ်နေစဉ် Click ဖိထားတာ လွှတ်မိပါက select လုပ်နေသောပုံ၏ အလယ်မှဖြတ်၍ Selection ၀င်သွားပါလိမ့်မယ်။ အကယ်၍ Select လုပ်၍မပြီးစဉ် ထိုကဲ့သို့ဖြစ်သွားပါက Shift ခလုတ်ဖိ၍ Selection ထပ်ပေါင်းထည့်နိုင်ပါတယ်။


Lasso too ဖြင့် Selection လုပ်နေစဉ်အတွင်း Alt ဖိ၍ Click လွှတ်လိုက်ပါက Polygonal Lasso tool သို့ယာယီပြောင်းသွားပါလိမ့်မယ်။ Polygonal Lasso tool သုံးနေစဉ်အတွင်း Alt ဖိထားဖို့လိုအပ်ပါတယ်။ Polygonal Lasso tool အသုံးပြုပြီးလို့ Lasso too ပြန်ပြောင်းယူလိုလျှင် Click ပြန်ဖိ၍ Alt ကိုလွှတ်လိုက်ပါ။


The Polygonal Lasso Tool Polygonal Lasso Tool ကတော့ Lasso tool ထက်အသုံးပြုရတာပိုလွယ်၍ အသေးစိတ်ပိုပြီး Selection ပြုလုပ်နိုင်ပါတယ်။ Polygonal Lasso Tool နှင့် Lasso tool ကွာခြားချက်ကတော့ Polygonal Lasso Tool ဖြင့် select လုပ်ရာမှာ Click ဖိထားရန်မလိုပဲ တစ်ချက်ခြင်းစီနှိပ်၍ ပွိုင့်သက်မှတ်ပေးရပါတယ်။ ၄င်းပွိုင့်၏ တစ်ခုနှင့်တစ်ခုအကြား မျဉ်းဖြောင့်ဖြင့်ဆက်သွယ်ပေးပါလိမ့်မယ်။ ပွိုင့်မှတ်အမြောက်အများ နေရာချနိုင်သလို နေရာမှားသွားလည်း Backspace ခလုက်ဖြင့်နောက်ပြန်ဆုတ်နိုင်ပါတယ်။



Polygonal Lasso Tool ကိုအသုံးပြုမယ်ဆိုရင်


၁။ Toolbox ရှိ Lasso tool ပေါ်တွင် Click ဖိထား၍ pop-up menu ပေါ်လာသောအခါ Polygonal Lasso Tool ကိုရွေးချယ်ပါ။ (Keyboard မှ Shift ဖိထားပြီး L ကိုတစ်ချက်ချင်ခြင်းနှိပ်၍ သင်အလိုရှိသော Lasso Tool ကိုရွေးယူနိုင်ပါသည်။)


၂။ Canvas ပေါ်တွင်ပထမအစမှတ်အဖြစ် Click တစ်ချက်နှိပ်ပါ။ နောက်ဒုတိယအမှတ်အတွက် Mouse ကိုရွေ့လိုက်ပါ။ သင် Mouse ရွေ့သော နေရာနှင့်ပထမအစမှတ်ကြားတွင် မျဉ်းကြောင်းတစ်ကြောင်းကိုတွေ့ရမှာဖြစ်ပြီး Mouse ရွေ့ရာနောက်သို့လိုက်ပါနေမှာပါ။


၃။ ဒုတိယအမှတ်အတွက် Click တစ်ချက်နှိပ်လိုက်ပါ။ ဒါဆို ပထမအမှတ် နှင့် ဒုတိယအမှတ်ကို မျဉ်းကြောင်းတစ်ကြောင်းဖြင့်ဆက်သွယ်ပေးပါလိမ့်မည်။ ထိုနည်းအတိုင်း select လုပ်လိုသော ဧရိယာတစ်လျှောက် Click နှိပ်ပေးသွားပါ။ Double-Click နှိပ်လိုက်ရင်တော့ ပထမစမှတ်သို့ ရောက်ရှိပြီး ပွိုင့်အမှတ်ကို အလိုအလျောက်အဆုံးသက်ကာ Selection ဖြစ်ပေါ်စေမှာပါ။ အကယ်၍ cursor ဟာအစမှတ်နှင့် နီးလာလျှင် cursor အောက်နားတွင် စက်ဝိုင်းအသေးလေး တစ်ခုပေါ်လာမှာဖြစ်ပြီး ထိုအခါ Click နှိပ်ပေးခြင်းဖြင့် ပွိုင့်အမှတ်ကိုအဆုံးသက်ကာ Selection ဖြစ်ပေါ်စေပါတယ်။


Selection tools အပါအ၀င် Photoshop ရဲ့ Tool အများစုမှာ အခြားလုပ်ဆောင်ချက်များ ထပ်ပေါင်းပါဝင်ပါတယ်။ ၄င်းကို Tool အသစ်တစ်ခုရွေးတိုင်း Tool Options bar တွင်ကြည့်နိုင်ပါတယ်။


The Magnetic Lasso Magnetic Lasso tool ကတော့ သင် Click နှိပ်ပြီး Drag ဆွဲသွားတဲ့နေရာတစ်လျှောက်မှာရှိတဲ့ အရောင်ခြားနားချက် နှစ်ခု၏ ထောင့်စွန်းကို Polygonal Lasso နှင့် select လုပ်သလို အလိုအလျောက် လုပ်ပေးသွားမှာပါ။



Tool options bar မှာရှိတဲ့ Width တန်ဖိုးကိုအတိုးအလျော့ လုပ်ခြင်းဖြင့် Lasso နှင့် Select လုပ်သောပွိုင့် အကွာအဝေးကိုချိန်ညှိနိုင်ပါတယ်။ Contrast ကိုတော့ Pixels ဘယ်လောက်အထိခြားနားမှုကိုယူမလဲဆိုတာကို သက်မှတ်ပေးနိုင်ပါတယ်။ Frequency ကတော့ Lasso ကအကြိမ်မည်မျှ anchor points (မျဉ်းပေါ်ရှိ လေးထောင်ပုံစံအမှတ်အသားများ။ ၄င်းအမှတ်အသားများကို drag ဆွဲ၍မျဉ်းကြောင်းကိုချိန်ညှိနိုင်ပါသည်။) ထည့်သွင်းမည်ကို အဆုံးအဖြတ်ပေးပါတယ်။


The Quick Selection Tool Photoshop CS3 မှာ Magic Wand Tool နှင့်အတူ တွဲပါလာတဲ့ Photoshop ရဲ့ Selection tool အသစ်ပါ။ ၄င်းရဲ့ထူးခြားတဲ့ လုပ်ဆောင်ချက်ကတော့ select လုပ်ရာမှာ click ဖိ၍ ဆေးချယ်သလို သင်လိုချင်တဲ့အပိုင်းကို Drag ဆွဲသွားပေးရုံဖြင့် cursor ဖြတ်ရာနေရာမှာရှိတဲ့ အရောင်နှင့် ၄င်းအနီးအနားမှာရှိတဲ့ တန်ဖိုးတူအရောင်တွေကိုပါ အလိုအလျောက်ရွေးချယ်ပေးသွားမှာပါ။


Quick Selection Tool ကိုသုံးမယ်ဆိုရင်


၁။ Toolbox မှာရှိတဲ့ Quick Selection Tool ကိုရွေးပါ။ သို့မဟုတ် W ကိုနှိပ်ပါ။


၂။ Tool Options bar မှာရှိတဲ့ Brush ရဲ့ pop-up menu မှာ Brush size ကိုသင် select လုပ်မည့်ပုံနှင့်သင့်တော်မည့်အရွယ်အစားကို ပြောင်းပေးပါ။ Keyboard မှလေးထောင့်ကွင်း ] သို့မဟုတ် [ ဖြင့် Brush ဆိုဒ်အရွယ်ကို တိုက်ရိုက်ပြောင်းယူနိုင်ပါတယ်။


၃။ သင်ဖျက်ထုတ်မယ့်အပိုင်း သို့မဟုတ် ပြုပြင်မယ့်အပိုင်းပေါ်တွင် Click ဖိ၍ဆေးချယ်သလိုဆွဲသွားပါ။ ၄။ Alt ကိုဖိ၍ သင်ပြန်လည်ဖယ်ရှားလိုသော selection ဧရိယာအား Click ဖိ၍ရေးဆွဲသွားပါ။



Quick Selection Tool ကိုအသုံးပြုရာမှာ Cursor အရွယ်အစားက အရေးကြီးပါတယ်။ Cursor အရွယ်အစားကြီးလျှင် အရောင်မတူတဲ့ pixel တွေပိုလာသလို click ဖိ၍ drag ဆွဲပြီး selection လုပ်ရာမှာလည်း အရောင်ပါဝင်မှုပိုမိုများပြားလာမှာပါ။ ဒါကြောင့် ကြီးမားတဲ့ အစိတ်အပိုင်းတွေကို Carsor အကြီးအသုံးပြု၍ သေးငယ်သောထောင့်များ၊ အနားလိုင်းများကို Cursor အသေးအသုံးပြုပါ။


Magic Wand Magic wand tool ကတော့ Click တစ်ချက်နှိပ်ရုံဖြင့် အရောင်တန်ဖိုးတူညီတဲ့ အစိတ်အပိုင်းတွေကို select လုပ်ပေးသွားမှာပါ။ အရောင်ဘယ်လောက်ပါဝင်မလဲဆိုတာ Tool Options bar မှာရှိတဲ့ Tolerance နေရာမှာ တန်ဖိုးသတ်မှတ်ပေးနိုင်ပါတယ်။ Tolerance တန်ဖိုးနဲမယ်ဆိုရင် Magic Wand ကမတူညီတဲ့ အရောင်ရွေးချယ်မှု နည်းပါမယ်။ Tolerance တန်ဖိုးကိုအများဆုံး ၂၅၅ ထားမယ်ဆိုရင် မတူညီတဲ့အရောင်အမျိုးမျိုးကို select လုပ်သွားပါလိမ့်မယ်။ Magic Wand tool မှာလဲ အခြား tool တွေကဲ့သို့ Shift key ဖိ၍ selection ထပ်ပေါင်းထည့်နိုင်ပါတယ်။



Magic Wand tool ဟာအထူးသဖြင့်အရောင်တစ်ရောင်ထဲရှိတဲ့ အစိတ်အပိုင်းတွေကို select လုပ်ရာမှာ လျှင်မြန်လွယ်ကူစေပါတယ်။ ဥပမာ ရှုခင်းပုံတစ်ခုက ကောင်းကင်ပြာကြီးကို select လုပ်ဖို့လိုတဲ့အခါမျိုးပေါ့။ Tool Options bar မှာရှိတဲ့ Contiguous ကိုအမှန်ခြစ်ရွေးချယ်ထားမယ်ဆိုရင် သင် Click နှိပ်တဲ့နေရာဝန်းကျင်ရှိ အရောင်တန်ဖိုးတူတွေကို ရွေးချယ်ပေးပြီး အမှန်မခြစ်ထားရင်တော့ ပုံတစ်ခုလုံးမှာရှိတဲ့ အရောင်တန်ဖိုးတူတွေကို ရွေးချယ်ပေးသွားပါလိမ့်မယ်။ Sample All Layers ကတော့ Layer အားလုံးမှာရှိတဲ့ (မြင်ရသောအပိုင်းများ) အရောင်တန်ဖိုးတူတွေကို ရွေးချယ်ပေးသွားမှာပါ။ Anti-alias ကတော့ အနားများကိုချောမွတ်ပြေပြစ်စေပါတယ်။



The Select Menu Select Menu မှာပါဝင်တဲ့ အပေါ်ဆုံးကညွှန်ကြားချက်လေးခုကတော့ အသုံးအများဆုံးညွှန်ကြားချက်တွေပါပဲ။ ပထမဆုံးညွှန်ကြားချက်ဖြစ်တဲ့ All(Ctrl+A) ကတော့ Canvas တစ်ခုလုံး selection ပေးရာမှာသုံးပါတယ်။ ဒုတိယညွှန်ကြားချက်ဖြစ်တဲ့ Deselect(Ctrl+D) ကိုတော့ Selection ပြန်ဖြုတ်ရာမှာ အသုံးပြုပါတယ်။ အကယ်၍မတော်တစ်စ တစ်ခုခုကို Deselect လုပ်မိတယ်ဆိုရင် Reselect(Shift+Ctrl+D) ဖြင့်မူလ selection ကိုပြန်ယူနိုင်ပါတယ်။ နောက်ထပ်အသုံးဝင်တဲ့ညွှန်ကြားချက်တစ်ခုကတော့ Inverse(Shift+Ctrl+I) ပါပဲ။ ၄င်းကို selection လုပ်ထားသောဧရိယာအစိတ်အပိုင်း၏ ဆန့်ကျင်ဘက်ကို select လုပ်ရာတွင်သုံးပါတယ်။ ဥပမာ ပန်းကန်တစ်ချက်ပေါ်တွင် ပန်းသီးတစ်လုံး တင်ထားသည့်ပုံတစ်ပုံ၌ ပန်းသီးကို selection ပေးထားတယ်ဆိုပါစို့။ အကယ်၍ Inverse(Shift+Ctrl+I) ညွှန်ကြားချက်ကိုရွေးချယ်လိုက်မယ်ဆိုရင် selection ပေးထားသော ပန်းသီးမှလွဲ၍ ကျန်သောအစိတ်အပိုင်းအားလုံးကို selection လုပ်သွားပါလိမ့်မည်။ ဒါဆို delete နှိပ်လိုက်ရင် ပန်းသီးပဲကျန်ခဲ့ပြီး ကျန်တာအားလုံးပြတ်သွားလိမ့်မယ်။ All Layer, Deselect Layers နှင့် Similar Layer တွေကတော့ Layer တွေ select လုပ်ဖို့အတွက် သုံးပါတယ်။



Modifying Selections Select အောက်က Modify submenu ထဲမှာတော့ သင် selection လုပ်ရာမှာ လိုအပ်မယ့် အခြားရွေးစရာညွှန်ကြားချက်တွေရှိပါတယ်။


Border ။ ။ သင် select လုပ်ထားတဲ့ selection တွေကို ဘောင်အဖြစ်ပြောင်းလဲစေမှာပါ။ ဘောင်ရဲ့အကျယ်ကို dialog box ပေါ်လာသောအခါ သတ်မှတ်ပေးနိုင်ပါတယ်။


Smooth ။ ။ ကျွန်တော်တို့ lasso tool ဖြင့်တုန်တုန်ရီရီမညီမညာ select လုပ်ထားတဲ့လိုင်းတွေကို ချောမွှတ်ပြေပြစ်အောင်လုပ်ဆောင်ပေးပါလိမ့်မယ်။


Expand ။ ။ Select လုပ်ထားသော Selection ဧရိယာပမာဏကြီးထွားစေပါတယ်။ Dialog box မှာချဲ့လိုသော pixel ပမာဏသတ်မှတ်ပေးနိုင်ပါတယ်။


Contract ။ ။ Expand ရဲ့ဆန့်ကျင်ဘက်ပါ။ Selection ဧရိယာပမာဏကို ကျုံ့စေပါတယ်။


Feather(Alt+Ctrl+D) ။ ။ Modify submenu မှာအသုံးအများဆုံးညွှန်ကြားချက်ပါ။ selection လုပ်ရာမှာအနားတွေကို မှုန်ဝါးစေပါတယ်။ အထူးသဖြင့် ပုံအစိတ်အပိုင်းတစ်ခုကိုဖြတ်ထုတ်၍ အခြားပုံပေါ်ထပ်၍အသုံးပြုရာတွင် များစွာ အထောက်အကူပြုပါတယ်။ Feather Selection dialog box တွင် pixel ဘယ်လောက်အကျယ် feather ပေးမလဲဆိုတာသတ်မှတ်ပေးနိုင်ပါတယ်။




Refining Selections Photoshop CS3 မှာအသစ်ပါဝင်လာတဲ့ Refine Selection Edge ကတော့ selection တွေကို ထူးထူးခြားခြား ထိန်းချုပ်စွမ်းဆောင်နိုင်ပါတယ်။ ၄င်းကိုအသုံးပြုချင်တယ်ဆိုရင်တော့ အရင်ဆုံး ကြိုနှစ်သက်ရာ selection tool တစ်ခုခုဖြင့် selection ပြုလုပ်ပါ။ ထို့နောက် Select>Refine Edge ကိုရွေးနိုင်သလို Tool Options bar ပေါ်ရှိ Refine Edge ခလုက်ကိုနှိပ်ပါ။ Refine Selection Edge dialog ရဲ့ပထမဆုံး silders နှစ်ခုကတော့ Radius နှင့် Contrast ပါ။ ၄င်းတို့က feathered selection edge ရဲ့အရည်အသွေးကိုပြောင်းလဲပေးနိုင်ပါတယ်။ Radius တန်ဖိုးကိုတိုးပေးခြင်းဖြင့် selection အနားတွေကိုပြေလျော့စေနိုင်သလို Contrast တန်ဖိုးကိုတိုးပေးခြင်းဖြင့် ဖျော့နေသော selection အနားတွေကို ထင်ရှားစေပြီး အမွှေးများကဲ့သို့ အစွန်းထွက်နေသော အနားများကိုလည်း ဖယ်ရှားပေးမှာပါ။



နောက်ကျန်တဲ့ silder သုံးခုထဲက Smooth ကိုတော့ မညီမညာဖြစ်နေတဲ့ selection အစွန်းများကို 1 သို့မဟုတ် 2 pixel စာဖယ်ရှားပေးပါလိမ့်မယ်။ Feather slider ကတော့ Feather dialog box မှာကဲ့သို့ လုပ်ဆောင်ပေးပါတယ်။


Contract/Expand slider ကိုတော့ selection အရွယ်ပမာဏ ကျုံ့သွားစေရန် သို့မဟုတ် တိုးချဲ့ရာမှာသုံးပါတယ်။ အထူးသဖြင့် select လုပ်ရာတွင် အနည်းငယ်ကျန်ခဲ့သော ပုံ၏နောက်ခံကို ရှင်းထုတ်ရာမှာသုံးပါတယ်။ အောက်ဆုံးကအလျှားလိုက်တန်းနေတဲ့ button များကတော့ Preview ပုံစံအမျိုးမျိုးကိုရွေးချယ်အသုံးပြုခွင့် ပေးထားပါတယ်။ ၄င်း preview တွေကတော့


◘ Standard selection border ။ ။ သင် select လုပ်ထားတဲ့ ဧရိယာကို သာမန် marquee လိုင်းဖြင့်ဖော်ပြပေးပါလိမ့်မယ်။


◘ Quick Mask ။ ။ သင် selection ဧရိယာမဟုတ်တဲ့အပိုင်းကို ထိုးဖောက်မြင်နိုင်သော အနီရောင်ဖြင့်ဖော်ပြပေးပါလိမ့်မယ်။ ၄င်းကို Mask လုပ်တာဟုခေါ်ပါတယ်။ Quick Mask အသုံးပြု၍ Mask လုပ်ပုံနှင့် selection Edit ပြုလုပ်ပုံကို အခန်း ၁၂ မှာဖော်ပြပေးသွားပါမယ်။


◘ Black background ။ ။ ဒီ button ကတော့ selection ဧရိယာမဟုတ်တဲ့အပိုင်းကို အမဲရောင်ဖြင့်ဖော်ပြပေးပါလိမ့်မယ်။


◘ White background ။ ။ ဒီ button ကတော့ selection ဧရိယာမဟုတ်တဲ့အပိုင်းကို အဖြုရောင်ဖြင့်ဖော်ပြပေးပါလိမ့်မယ်။


◘ White on black mask ။ ။ Selection ဧရိယာအပိုင်းကို အဖြုရောင်ဖြင့်ဖော်ပြ၍ selection ဧရိယာမဟုတ်တဲ့အပိုင်းကို အမဲရောင်ဖြင့်ဖော်ပြပေးပါလိမ့်မယ်။


Adobe ရဲ့ Photoshop ကျွမ်းကျင်သူများကတော့ Smooth, Feather, နှင့် Contract/Expand sliders တွေကိုစနစ်တစ်ကျ အသုံးပြုမယ်ဆိုရင် အကောင်းဆုံး selection ကိုရမယ်လို့ အကြံပြုထောက်ခံထားပါတယ်။ ဟုတ်မဟုတ် သိချင်ရင်တော့ ကိုယ်တိုင်စမ်းသုံးကြည့်ပေါ့။


Grow Selection and Similar Selection Grow Selection ကတော့ သင် selection လုပ်ထားတဲ့ ဧရိယာမှာရှိတဲ့ အရောင်တန်ဖိုးအတိုင်း selection ကိုတိုးချဲ့ပေးသွားမှာပါ။ Similar Selection ကတော့ ပုံတစ်ပုံလုံးမှာရှိတဲ့ Selection ဧရိယာအတွင်းရှိအရောင်တွေနှင့်တူတဲ့ အစိတ်အပိုင်းအားလုံးကို Selection လုပ်ပေးသွားမှာပါ။


Advanced Selection Techniques အခုဆိုရင်တော့ ဘယ် Selection tool ကိုဘယ်နေရာမှာ ဘယ်လိုသုံးတယ်ဆိုတာကိုတော့ အခြေခံသိလောက်ပါပြီ။ ယခုဆက်လက်ပြီး နောက်ထပ်အဆင့်မြင့်တဲ့ Advance Selection အကြောင်းကို ဆက်လက်လေ့လာကြည့်ရအောင်။


Selecting by Color ဒီအခန်းရဲ့ အစောပိုင်းမှာ လေ့လာခဲ့တဲ့ Quick Selection tool နှင့် Magic Wand tool တွေက select လုပ်ရာမှာ ပုံမှာရှိတဲ့ pixel တွေရဲ့ ဆင်တူအရောင်(similar color) နှင့် အရောင်တောက်ပမှုတန်ဖိုး(brightness level) ကိုရှာဖွေပေးပါတယ်။


အကယ်၍ သင်ရဲ့ပုံမှာ ရှုပ်ထွေးနေတဲ့ အရောင်များပါဝင်မယ်ဆိုရင် Selection လုပ်ရာမှာ ခက်ခဲပါလိမ့်မယ်။ ထိုအခက်ခဲများကို Photoshop မှာပါဝင်တဲ့ Color Range Command ကဘယ်လိုလုပ်ဆောင် ဖြေရှင်းပေးနိုင်မလဲဆိုတာလေ့လာကြည့်ရအောင်။


ပထမဦးဆုံး Select>Color ကိုရွေးပါ။ ပြီးရင် ပုံပေါ် သို့မဟုတ် Color Range dialog’s preview ဧရိယာပေါ် Click တစ်ချက်နှိပ်၍ ပထမဦးဆုံး Selection ဧရိယာမှာပါဝင်လိုတဲ့အပိုင်းကို ရွေးပါ။ အကယ်၍ အခြားဧရိယာကို ထပ်ပေါင်းထည့်ချင်တယ်ဆိုရင် dialog’s box မှာရှိတဲ့ Add to Sample tool ကိုရွေး၍ ထပ်ပေါင်းလိုသောနေရာကို Click နှိပ်ပါ။ Fuzziness slider ကို အတိုးအလျှော့လုပ်၍ Selection လုပ်ရာမှာအရောင်ပါဝင်မှု အနည်းအများကို ချိန်ညှိယူနိုင်ပါတယ်။ သင့်စိတ်ကြိုက်ရပြီဆိုရင်တော့ OK ကို Click နှိပ်လိုက်ပါ။


** Color Range dialog’s preview တွင်မြင်ရသော အဖြူရောင်အပိုင်းမှာ Selection ၀င်မည့်အပိုင်းဖြစ်ပါတယ် ။ Color Range အသုံးပြုပုံအသေးစိတ်ကို Advance Level တွင် သီးခြားဖော်ပြပေးသွားပါမယ်။**



Transforming Selections ပုံတစ်ပုံအတွင်းမှာ objects တွေကိုပုံသဏ္ဍန်ပြောင်ဖို့ မတူညီတဲ့နည်းလမ်းမျိုးစုံရှိပါတယ်။ ဥပမာ objects တွေရဲ့ အရွယ်အစားကို scaling, skewing, သို့မဟုတ် rotating ပြုလုပ်နိုင်ပါတယ်။ ၄င်း objects တွေ Transform ပြုလုပ်ပုံကို အခန်း ၁၀ တွင် ” Using Transformations ” ခေါင်းစဉ်ဖြင့်ဖော်ပြပေးသွားပါမယ်။ ယခုအခန်းတွင် လူသိနည်းတဲ့ Selection တွေကို Transform လုပ်နည်းအား ဖော်ပြပေးသွားမှာပါ။ Photoshop မှာ Selection marquee တွေကို Selection အတွင်းမှာရှိတဲ့ pixel တွေကိုမထိခိုက်ပဲ Transform commands ကိုအသုံးပြု၍ selection ပုံစံပြောင်းလဲယူနိုင်ပါတယ်။ သင် Marquee Selection Tool တစ်ခုခုနှင့် select လုပ်ထား၍ Selection အားပုံစံပြောင်းမယ်ဆိုရင် Select>Transform Selection သိုမဟုတ် Selection ဧရိယာအတွင်းတွင် Right-Click နှိပ်၍ Transform Selection ကိုရွေးပါ။ သင်လိုချင်သောအနေအထားပြောင်းပြီးလျှင် Enter နှိပ်လိုက်ပါ။



Cutting and Copying Photoshop မှာလဲ တစ်ခြား Application တွေမှာလိုပဲ Cut ၊ Copy နဲ့ Paste များပြုလုပ်နိုင်ပါတယ်။ Cut, Copy, နှင့် Paste commands များကို Edit menu အောက်မှာတွေ့နိုင်ပါတယ်။


Cutting , Copying , နှင့် Pasting ကို Photoshop မှာ ပုံတစ်ခုလုံး သို့မဟုတ် ပုံတစ်ပုံ၏အစိတ်ပိုင်းတစ်ခုကိုကူးယူ၍ အခြားပုံတစ်ခုတွင် ပေါင်းထည့်ခြင်းများပြုလုပ်နိုင်ပါတယ်။ ဥပမာအနေနှင့် အောက်မှာပြထားသည့်အတိုင်း ပုံတစ်ပုံမှ ခရုခွံတစ်ခုအား Selection tool ဖြင့် Select လုပ်ယူပါ။ ထို့နောက် Selection ဧရိယာအတွင်းတွင် Right-Click နှိပ်၍ Feather တန်ဖိုးအား 1 pixels ထား၍ OK နှိပ်ပါ။ Edit>Copy သို့မဟုတ် Ctrl+C နှိပ်ပါ။ ဒါဆို သင် Selection လုပ်ထားသောအပိုင်းကို Clipboard မှာယာယီသိမ်းထားပေးပါလိမ့်မယ်။ ထိုနောက် ထပ်ပေါင်းထဲ့လိုသော ပုံတစ်ပုံကိုဖွင့်ပါ။ Edit>Paste သို့မဟုတ် Ctrl+V နှိပ်ခြင်းဖြင့် ၄င်းပုံပေါ်တွင် Layer အသစ်တစ်ခုအဖြစ် ခရုပုံရောက်ရှိလာပါလိမ့်မည်။ အကယ်၍ ခရုကိုတစ်ခုမက အများကြီးထပ်ထည့်ချင်လျှင် Edit>Paste သို့မဟုတ် Ctrl+V ကိုအလိုရှိသော အရေအတွက်ရသည်အထိ နှိပ်၍ ပေါင်းထည့်နိုင်ပါသည်။ ထို့နောက် Transform commands ကိုသုံး၍ အရွယ်အစားကိုပြောင်းပါ။ (Transform commands အသုံးပြုပုံကို အခန်း-၁၀ တွင်ဖော်ပြပေးသွားပါမည်။)




Cropping ပုံတစ်ပုံရဲ့ မလိုအပ်တဲ့အစိတ်အပိုင်းများကို ဖြတ်ထုတ်ရာမှာအသုံးပြုပါတယ်။ Crop tool ကို Selection အုပ်စုထဲမှာထည့်တွင်းထားပါတယ်။ ပုံတစ်ပုံကို Cropping လုပ်မယ်ဆိုရင် အရင်ဆုံး toolbox မှ Corp tool သို့မဟုတ် Keyboard မှ C ခလုတ်နှိပ်၍ Corp tool ကိုယူပါ။ ထို့နောက် ပုံပေါ်တွင် Click ဖိ၍ drag ဆွဲပါ။ Cropping box ပေါ်လာသောအခါ ထောင့်စွန်းတစ်ဖက်တစ်ချက်ဆီရှိ လေးထောင့်ပုံ handles များအားဆွဲရွှေ့၍ လိုအပ်သောအနေအထားရသည်အထိချိန်ညှိပါ။ (Cropping box အတွင်းမြင်ရသောအပိုင်းမှာ ကျန်ရစ်ခဲမည့်အပိုင်းဖြစ်၍ အမဲရောင်အုတ်နေသော အပိုင်းမှာဖြတ်ထုတ်ပစ်မည့်အပိုင်းဖြစ်ပါတယ်)



Crop tool ကိုအသုံးပြု၍ perspective ပုံများကိုမှန်ကန်အောင်ပြုပြင်နိုင်ပါတယ်။ perspective ပုံအားပြုပြင်ချင်တယ်ဆိုရင် Crop tool ကိုယူပါ။ Crop tool ဖြင့် Perspective ချိန်ညှိလိုသောပုံပေါ်တွင် Drag ဆွဲပေးပါ။ Options bar ရှိ Perspective check box ကို အမှန်ခြစ်၍ ဖွင့်ထားပါ။ ထို့နောက် ထောင့်စွန်းများအား ပုံပါအတိုင်း အဆောက်အဦးနှင့်အပြိုင်အနေအထားရအောင် ရွေ့ပေးပါ။ စိတ်ကြိုက်ရွေ့ပြီးပါက cropping area အတွင်း double-click နှိပ်ပါ။ သို့မဟုတ် Enter နှိပ်ပါ။ အကယ်၍ဖြတ်ထုတ်ပြီးမှ စိတ်တိုင်းမကျလျှင် Undo(Ctrl+Z) ပြန်လုပ်နိုင်ပါသည်။




0 comments:

Post a Comment